Category: News

  • ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

    ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

    ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ မှ မုံရွာ နမခ ကို စစ်အင်အား ဖြည့်တင်းရန် ထွက်လာသော သံပြားကာ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း AERA 71 Monywa ( PDF ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ​မုံရွာမြို့ နမခ ကို စစ်အင်အားနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး ထွက်လာသည့် သံပြားကာ…

  • ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မ နှင့် စစ်တပ်ဒေါက်တိုင် ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံး

    ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မ နှင့် စစ်တပ်ဒေါက်တိုင် ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံး

    စလင်းနှင့် ချောက်မြို့နယ်တို့တွင် ပြည်သူကို ခြိမ်းခြောက်ဆက်ကြေးကောက် ဖမ်းဆီးနေ သည့် ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မ နှင့် စစ်တပ်ဒေါက်တိုင် ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံး မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ဈေးအတွင်း ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မက ဆက်ကြေး ဝင်ကောက်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့ရာ‌ ပွဲချင်းပြီး သေဆုံးသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီ ၁၃ မိနစ်က စလင်းမြို့နယ်၊ တညောင်တိုက်နယ် ရဲစခန်း မှ ဒုရဲအုပ် လဲ့လဲ့စိုး (ခ) ဝက်မ သည် တညောင်ဈေးထဲ ပိုက်ဆံလိုက်ကောက်နေစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းမှ လှည့်ကင်းရဲဘော်များက‌ တွေ့ရှိပြီး…

  • မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံး

    မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံး

    ဘီးလင်း၊ မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံးပြီး ဒုတိယဗိုလ်မှူးကြီး တင့်လွင်ဦးနှင့် ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ အပါအဝင် ၂၀ ဦးထွက်ပြေး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းသိမ်း တိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံးပြီး ဒုတိယဗိုလ်မှူးကြီး တင့်လွင်ဦးနှင့် ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ အပါအဝင် ၂၀ ဦး ထွက် ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၇ စစ်ဗျူဟာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်…

  • နတ်မောက်မှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရ

    နတ်မောက်မှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရ

    သေနတ်သံကြောင့် နှလုံးရောဂါအခံရှိသူ အမျိုးသား ၁ ဦးပါသေဆုံး မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊အုပ်ရှစ်မျှောင်ကျေးရွာနဲ့ စန်းကုန်းကျေးရွာမှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး သေနတ်သံကြောင့် နှလုံးရောဂါအခံရှိသူ အမျိုးသား ၁ ဦးပါသေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ်ပကဖ တာဝန်ခံထံက သိရပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့ညနေ ၆ နာရီလောက်မှာအုပ်ရှစ်မျှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးချစ်ကို နေအိမ်မှာဝင်ရောက်ပစ်ခတ်ခဲ့ပြီး ညနေ ၆ နာရီခွဲကျော်ခန့်မှာ အသက် ၇၆ နှစ်အရွယ် စန်းကုန်းရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကိုလည်း နေအိမ်မှာပင် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ “အုပ်ရှစ်မျှောင်ပြီးတော့ စန်းကုန်းအုပ်ကြီးကို တခါတည်းဝင်ရှင်းတာ။ ရွာတွေက ကပ်လျက်ပါ။ နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာချည်းပါပဲ။ ခေါင်းတွေချည်း ပစ်ခဲ့တာပါ။”လို့ နတ်မောက်မြို့နယ် ပကဖတာဝန်ခံ ကိုအဆိပ်သီးက ပြောပါတယ်။ သေနတ်နဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်…

  • ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

    ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ညောင်ပင်ဆိပ်ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့၀င်ကို ဒေသခံတော်လှန် ရေးတပ်က စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၃ ရက် မနက်ပိုင်းက ကန့်ဘလူမြို့ နယ်ချင်မြစ်ကျင်းကျေးရွာပျူအထိုင်စခန်းကနေ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းကင်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး၈ ဦးကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်း နဲ့ နယ်မြေခံ ပကဖ ပူး ပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး ၄ ဦးသေဆုံးပြီး G3သေနတ် ၃ လက်နဲ့ ကာဘိုင် သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့ပြီး တေယ်လှန်ရေးတပ်ဖွဲ့၀င်တွေ ထိခိုက်မှုမရှ်ိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်အမှတ် ၄ တပ်ရင်းကသတင်းထုတ်ပြန်ထားပါတယ်။…