Category: News
-

စစ်မှုထမ်းရမည့်သူ ထွက်ပြေးတိမ်းရှောင်သွား၍ အစားထိုးဖမ်းဆီး
စစ်မှုထမ်းရမည့်သူ ထွက်ပြေးတိမ်းရှောင်သွား၍ အစားထိုးဖမ်းဆီးမှုများ စစ် တပ်က စတင်လုပ်ဆောင်၊ စစ်တပ်ထဲတွင် လူပျောက် စုံစမ်းမှုများ လက်မခံ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို နေအိမ်အထိ စစ်မှု ထမ်းရန် လိုက်လံ ခေါ်ဆောင် ဖမ်းဆီးနေပြီး စစ်မှုထမ်း စာရင်းတွင် ပါဝင်နေသော လူငယ်များ မရှိလျှင် အိမ်တွင်ရှိသူများကို အစားထိုး ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရှမ်းစုကျေးရွာမှ လူငယ်တချို့ကို စစ်တပ်က စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် လာရောက် ခေါ်ဆောင် ဖမ်းဆီးရာတွင် စစ်မှုထမ်းရမည့်လူငယ် တိမ်းရှောင်သွား၍ နေအိမ်တွင် ရှိနေသူကို အစားထိုး ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည…
-

ထွက်ပြေးသွားသည့် ဗျူဟာမှူးနှင့် တပ်ရင်းမှူးပါ စစ်သားအားလိုက်လံ ရှင်းလင်းနေဟု နဂါးဖြူ စစ်ကြောင်းပြော
မဲပလီ စခန်းမှ ထွက်ပြေးသွားသည့် ဗျူဟာမှူးနှင့် တပ်ရင်းမှူးပါ စစ်သားအားလိုက်လံ ရှင်းလင်းနေဟု နဂါးဖြူ စစ်ကြောင်းပြော စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပမ်း ၂၇ဦးဖမ်းဆီးရရှိ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အခြေစိုက် မဲပလီ စစ်ကောင်စီ ဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် ဗျူဟာမှူး နှင့် တပ်ရင်းမှူး ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအားတော်လှန်ရေးတပ်များက လိုက်လံတိုက်ခိုက်ရှင်းလင်းလျက်ရှိကြောင်း စခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် နဂါးဖြူစစ်ကြောင်း တပ်ရင်းမှူး စထွန်းဇော်က ပြောကြားသည်။ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အခြေစိုက်စစ်ကောင်စီ၏ စစ်ရေးအရအချက်အချာကြသော မဲပလီ(မယ်ပရေးခီး) ဗျူဟာ စခန်းကို ဖေဖော်ဝါရီလ ၁ ရက် မနက်တွင် KLNA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့တို့က နံနက် ၉ နာရီတွင် စတင်တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲအကြာ…
-

ဗန်းမော် စကခ ၂၁ ကွပ်ကဲရေးမှူးနှင့်အဖွဲ့ ထွက်ပြေး
ဗန်းမော် စကခ ၂၁ ကွပ်ကဲရေးမှူးနှင့်အဖွဲ့ ထွက်ပြေးသွားပြီး တပ်လိုင်းခန်းအတွင်းအထိ KIA ထိုးဖောက်ဝင်ရောက်ကာ တိုက်ပွဲပြင်းထန်နေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။ စကခ-၂၁ အတွင်းမှ ကွပ်ကဲရေးမှူးနှင့် အဖွဲ့သည် ယနေ့ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းတွင် ဌာနချုပ်ကို စွန့်ခွာထွက် ပြေးသွားကြောင်း သိရသည်။ “BEME ဘက်ကနေ KIA တပ်ဖွဲ့တွေကထိုးဖောက်ဝင်တာ အိမ်ထောင်သည်လိုင်းခန်းဘက်အထိ သိမ်းထားပြီးပြီ။ စကခ ကွပ်ကဲရေးမှူးက တပ်ဆုတ်သွားပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIA တပ်ဖွဲ့များသည် ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထိုးစစ်အရှိန်မြှင့်တင်၍ စစ်ကောင်စီ၏…
-

စစ်တွေမြို့မှာ ထိပ်ပိုင်းအရာရှိအချို့ကို စစ်ကောင်စီ အပြောင်းအလဲလုပ်
ရခိုင်ပြည်ထဲက စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့တော် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့နှင့် ရေတပ်ဌာနတို့တွင် ထိပ်ပိုင်းအရာရှိအချို့ကို အပြောင်းအလဲလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့တွင် ရုံးစိုက်ထားသော ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့တွင် ရဲမင်းကြီး အပြောင်းအလဲနှင့် စစ်တွေရေတပ်ဌာနချုပ်တွင် ရေတပ်အကြီးအကဲကို ပြောင်းအလဲလုပ်ထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “နာမည်တွေဘာတွေနဲ့တော့ တွဲပြီး မသိဘူး။ ဌာနဆိုင်ရာဝန်ထမ်းအချို့ပြောတာက ရဲမင်းကြီးနဲ့ ရေတပ်အကြီးအကဲကို အပြောင်းအလဲလုပ်ထားတယ်။ ဇန်နဝါရီလထဲမှာ အပြောင်းအလဲလုပ်ထားတယ်လို့ သိထားတယ်။ ရဲမင်းကြီးအသစ်ရောက်လို့ ဧည့်စာရင်းစစ်တပ်၊ နေ့ခင်းဆိုရင်လည်း ကင်းလှည့်ဆောင်ရွက်တာ ပိုလုပ်တာ တွေ့ရပါတယ်” ဟု ပြောသည်။ လမ်းမတော်၊ တရားသီးစုရပ်ကွက်တို့တွင် အစစ်အဆေးများနေပြီး ကယ်ဆယ်ရေး အကွက် (၁)၊ အကွက် (၂) တို့တွင် ညအပါအဝင် နေ့ခင်းလည်း လာရောက် စစ်ဆေးမှုများ ရှိကြောင်း စစ်တွေမြို့ခံများက ဆိုသည်။…
-
ရာအိမ်မှုး အောင်ကျော်မြင့် ဓားထိုးခံရပြီး သေဆုံး
အောင်လံမြို့၊ လောင်းကစား၀ိုင်းတွင် ရွာထောင်ရပ်ကွက် ရာအိမ်မှုး အောင်ကျော်မြင့် ဓားထိုးခံရပြီး သေဆုံး မကွေးတိုင်း၊ အောင်လံမြို့တွင် လောင်းကစားဝိုင်းအတွင်း ဝင်ရောက် ဆဲဆိုရိုက်နှက်သည့် ရွာထောင်ရပ်ကွက် ရာအိမ်မှူး အောင်ကျော်မြင့် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် ရွာထောင်ရပ်ကွက် ဆာပါရပ် ရာအိမ်မှူး အောင်ကျော်မြင့်သည် ပုံတူလောင်း ကစားဝိုင်းကို သွားရောက်ပြီး တစ်ရပ်ကွက်ထဲနေထိုင်သူ ကိုစနေဆိုသူကို ပါးရိုက်ပြီး ဆဲဆို ခြိမ်းခြောက်ရာမှ စကားများ ရန်ဖြစ်ကြကြောင်း၊ ယင်းနောက် ဓားဖြင့် အထိုးခံရကြောင်း၊ ရာအိမ်မှူး အောင်ကျော်မြင့်၏ လည်းပင်းနှင့် ခန္ဓာကိုယ် အနှံ့ ထိုးဓားထိုးခံခဲ့ရကာ ရရှိဒဏ်ရာမျးဖြင့် ဆေးရုံတွင် ညသန်းခေါင်ယံအချိန် သေဆုံးခဲ့ကြောင်း သိရသည်။ ” ရွာထောင်ရပ်ကွက်…