📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ထွက်ပြေးသွားသည့် ဗျူဟာမှူးနှင့် တပ်ရင်းမှူးပါ စစ်သားအားလိုက်လံ ရှင်းလင်းနေဟု နဂါးဖြူ စစ်ကြောင်းပြော

—

by

in

မဲပလီ စခန်းမှ ထွက်ပြေးသွားသည့် ဗျူဟာမှူးနှင့် တပ်ရင်းမှူးပါ စစ်သားအားလိုက်လံ ရှင်းလင်းနေဟု နဂါးဖြူ စစ်ကြောင်းပြော

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပမ်း ၂၇ဦးဖမ်းဆီးရရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အခြေစိုက် မဲပလီ စစ်ကောင်စီ ဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် ဗျူဟာမှူး နှင့် တပ်ရင်းမှူး ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား​တော်လှန်​ရေးတပ်များက လိုက်လံတိုက်ခိုက်ရှင်းလင်းလျက်ရှိကြောင်း စခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် နဂါးဖြူစစ်ကြောင်း တပ်ရင်းမှူး စထွန်းဇော်က ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အခြေစိုက်စစ်ကောင်စီ၏ စစ်ရေးအရအချက်အချာကြသော မဲပလီ(မယ်ပရေးခီး) ဗျူဟာ စခန်းကို ဖေဖော်ဝါရီလ ၁ ရက် မနက်တွင် KLNA ဦးဆောင်သော တော်လှန်ရေး

ပူးပေါင်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့တို့က နံနက် ၉ နာရီတွင် စတင်တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲအကြာ နံနက် ၁၀ နာရီခွဲအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ဟုသိရသည်။

မဲပလီစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ (၄၀) ဦး ထက်မနည်း ​သေဆုံးခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း (၂၇) ဦး ဖမ်းဆီးနိုင်ခဲ့သည်။ ၁၂၀ မမ ဟောင်ဝှစ်ဇာလက်နက်ကြီး၊ ပွိုင့်ဖိုက် နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။

“တပ်ရင်းမှူး ၊ ဗျူဟာမှူး အပါအဝင် ၂၀ကျော် ထွက်ပြေးနေလို့ လိုက်လံဖမ်းဆီး ရှင်းလင်းနေပါတယ်။”ဟုတပ်ရင်းမှူး စထွန်းဇော်ကပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ (၅) ကြိမ်ပစ်ကူပေးပြီး၊ နတ်ကြီးစစ်စခန်းမှ လက်နက်ကြီးပစ်ကူ (၁၁) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်(၄) ဦး ကျဆုံးခဲ့ကြောင်းလည်း အသိပေးသည်။

စစ်ရေးအရှိန်ပြင်းထန်ရန်ရှိ၍ ပြည်သူများအနေဖြင့် စစ်ဘေးနှင့် လွတ်ကင်းမည့်နေရာသို့ ရှောင်တိမ်းနေထိုင်ကြရန် နဂါးဖြူစစ်ကြောင်း တပ်ရင်းမှူးက မေတ္တာရပ်ခံသည်။

ထို့ပြင် စစ်ကောင်စီတပ်အတွင်း ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချအလင်းဝင်ရန်လည်း ၎င်းကတိုက်တွန်းသည်။

“CDM ဝင်ဖို့လည်း အမြဲကြိုဆိုနေပါတယ်”ဟုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နဂါးဖြူစစ်ကြောင်းတပ်ရင်းမှူးကဖိတ်ခေါ်သည်။

မဲပလီစခန်းသိမ်းတိုက်ပွဲတွင်KNLA၊ PDF၊ BPLA၊ FFD တပ်များ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မဲပလီစခန်းသိမ်းတိုက်ပွဲ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊စစ်သုံ့ပန်းများ နှင့်​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ကျားဖြူစစ်​ကြောင်း)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်