Category: News
-

မင်းအောင်လှိုင် ဒီဘဝမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဦးမှာလား
ဘယ်ကမ္ဘာမှ မထောက်ခံလည်း ကိုယ့်ရွေးကောက်ပွဲ ကိုယ့်ဘာသာ လုပ်မှာပဲလို့ ပြည်သတ် စစ်ကောင်စီက မလုပ်ရဲတာ ဘာမှမရှိတဲ့ သူတို့ရဲ့စရိုက်လက္ခဏာအတိုင်း မာန်မဲပြနေပေမဲ့ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့ ထောက်ခံမှုရရင်တော့ အကောင်းဆုံးပေါ့ဆိုတဲ့ ဉာဏ်ရည်လောက်လည်း ရှိနေပြန်တယ်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်မှာ စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်းနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ထောက်ခံရုံတင်မက လိုအပ်တာ ကူညီသွားမယ်လို့ အတိအလင်း ကြေညာလိုက်တဲ့အခါ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ လက်ခမောင်းခတ်တော့တယ်။ နိုင်ငံရေး ဆိုတာ လက်ညှိုးလေး ကွေးတတ်ရုံနဲ့ မဖြစ်တဲ့အကြောင်း၊ မိုက်သွေးအပြည့်နဲ့ ပြည်သူတွေကို ဗုံးမိုးရွာချသလို မလွယ်ကြောင်း တရုတ်ကြီးကလည်း ပို့ချခဲ့ပုံပေါ်တယ်။ ကြေညာချက်ထုတ် ကန့်ကွက်ရုံသာ တတ်နိုင်တဲ့ အနောက်ကမ္ဘာနဲ့ ကုလသမဂ္ဂတွေ ဘာတွေကို…
-

မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းနေ
ပြည်ပသို့ သွားရောက်ခွင့်ရရှိရေး စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာ မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းနေ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ခွင့်နှင့် ပညာသင်ကြားခွင့်ရရှိရေး စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာတွင် မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းယူနေကြောင်း သိရှိရသည်။ ဇန်နဝါရီလနှောင်းပိုင်း မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့တွင် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ကောက် ယူခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ်တွင် ဂျပန်နိုင်ငံသို့ PJ ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် အသက် ၂၉ နှစ်အရွယ် အမျိုး သားလူငယ် ၁ ဦးနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ထိုင်းနိုင်ငံသို့ သွားရောက် တက္ကသိုလ်တက်မည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားလူငယ် ၁…
-

ဧရာဝတီတိုင်း၊ သာပေါင်းရှိ ကျားခေါင်းရွာ စစ်ကောင်စီတပ်စခန်း ခံစစ်ပြိုသွားပြီးနောက် တပ်ဆုတ်ပြေးနေ
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျားခေါင်းရွာတွင်ခံစစ်ပြင်ထားသော စစ်ကောင်စီတပ်များသည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံနိုင်ခြင်းမရှိတော့ဘဲ တပ်ဆုတ် ပြေးနေကြကြောင်း သိရသည်။ ကြက်သွန်ကွင်း- သဲဖြူ- မကျီးဇင် လမ်းပေါ်ရှိ စစ်ကောင်စီ၏ ကျားခေါင်းရွာ စစ်စခန်း ခံစစ်ပြိုပြီး သာပေါင်း လေးရွာအနီးတွင် တန်ပြန်ခံစစ်ပြင်ရန်ပြင်ဆင်နေကြောင်း သိရသည်။ “သာပေါင်းမြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်နေတာ။ AAက စနိုက်ဘာတပ်နဲ့ပါချနေတော့ စစ်တပ်အထိ အခိုက်များတယ်။ ညတိုင်း ဒဏ်ရာရတဲ့သူနဲ့ သေတဲ့သူတွေကို ကြက်သွန်ကွင်းလမ်းဆုံကို ပို့နေရတယ်။ မြို့ထဲတော့ နည်းနည်းစိတ်ပူနေကြတယ်။ စစ်ရောက်လာမှာစိုးရိမ်နေကြတယ်” ဟု သာပေါင်းဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ AA က ပြောက်ကျားစနစ်နှင့် တိုက်ခိုက်နေသည့်အပြင် စနိုက်ဘာများပါအသုံးပြုတိုက်ခိုက်နေသည့် အတွက် စစ်ကောင်စီတပ်မှာ ထိခိုက်သေဆုံးမှုများပြားပြီး သဲဖြူတွင် ခံစစ်စခန်းတည်ဆောက် နေပြီဖြစ်ကြောင်း သိရသည်။…
-

မကွေးက မဲဇလီ ရဲစခန်းကို AA ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ စစ်ကောင်စီ အထိအခိုက်များဖြင့် ဆုတ်ခွာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီ ရဲစခန်းကို AA နှင့် PDF၊ CDF – ASHO တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များ ဒဏ်ရာများဖြင့် ဆုတ်ခွာသွားကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။ ဖေဖော်ဝါရီ ၁ရက်နေ့ နေလယ် ၁နာရီကျော်က မုံရွာလမ်းမကြီး မဲဇလီ ရဲစခန်းကို အာရက္ခတပ်တော် AA နှင့် ပြည်သူ့ ကာကွယ်ရေးတပ် PDF၊ ကာကွယ်ရေးတပ် – အရှို တို့ပူပေါင်းအဖွဲ့ တို့က ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “AA ပူးပေါင်းတပ်ဖွဲ့တွေက မဲဇလီ ရဲစခန်းကိုဝင်တိုက်တာဗျ၊ တိုက်ပွဲက အရမ်းပြင်းတယ်။ စစ်တပ်က သေဆုံးမူကို မသိဘူး။ ဒဏ်ရာများနဲ့…
-

တပ်ဖွဲ့ဝင်များကို တိုက်ပွဲရှိရာ ဂွ- ငသိုင်းချောင်း ဘက်သို့ ပို့ဆောင်၍ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးထွက်ပြေး
ရွှေသောင်ယံမှတပ်ဆုတ်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပွဲရှိရာ ဂွ- ငသိုင်းချောင်း ဘက်သို့ ပို့ဆောင်၍ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးထွက်ပြေး ဂွ- ငသိုင်းချောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ဒဏ်ရာရရှိကာ အင်အား ၂၀ ခန့် ဖြင့် ခုခံနေရ ရွှေသောင်ယံမှ တပ်ဆုတ်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပွဲရှိနေသည့် ဂွ- ငါးသိုင်းချောင်းဘက်ပို့ဆောင်၍ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ထွက်ပြေးသွားကြောင်း သိရသည်။ စစ်ကောင်စီသည် ရွှေသောင်ယံရှိ ခလရ ၁၁ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးမှုများနေခြင်း ကြောင့် ပြန်လည်ခေါ်ယူ၍ ဂွ- ငသိုင်းချောင်းလမ်းဘက်သို့ပို့ဆောင်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့် ထိခိုက် သေဆုံးမှုများရှိနေပြီး အင်အား ၂၀ ခန့်ဖြင့် ခုခံနေရသည့်အတွက် စိတ်ဓာတ်ကျဆင်းကာ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ပါ ထွက်ပြေးကြောင်း သိရသည်။ စစ်ကောင်စီသည်…