Category: News

  • မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ ခန့် ဖမ်းမိ

    မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ ခန့် ဖမ်းမိ

    ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ​၏ ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပန်းများစွာရရှိခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။ ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။ “အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း”ဟု KNU သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲပါဝင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခကလည်း မဲပရိ(မဲပလီ)ကျေးရွာရှိ စစ်ကောင်စီဗျူဟာစခန်း သိမ်းပိုက်နိုင်မှုကို…

  • ညောင်ဂွေး၀ကျေးရွာသို့  စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး

    ညောင်ဂွေး၀ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး

    ဆိပ်ဖြူမြို့နယ်၊ ညောင်ဂွေး၀ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများနှင့် ရွှေငွေများကို စစ်သားများက လုယက်ယူဆောင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ညောင်ဂွေး၀ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများနှင့် ရွှေငွေများကို စစ်သားများက လုယက်ယူ ဆောင်သွားကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊‌ ရွှေဘိုးကျွန်းရွာ စာသင်ကျောင်းတွင် စခန်းချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၄၀‌ ခန့်သည် ကျောက်ကြီးရွာနှင့် ညောင်ဂွေးဝကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက်…

  • မကွေးတိုင်းထဲက စစ်ကောင်စီတပ်တွေကို AA ဝင်တိုက်

    မကွေးတိုင်းထဲက စစ်ကောင်စီတပ်တွေကို AA ဝင်တိုက်

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာ အနီးမှာ ခံစစ်တည်ဆောက်ထားတဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ရုပ်အလောင်း ၆၀ ကျော် ရရှိပြီး စစ်သုံ့ပန်း တချို့ကို ထိမ်းသိမ်းထားသလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဧရာဝတီက ရရှိထားတဲ့ မြေပြင်အချက်အလက်တွေအရ သိရပါတယ်။ တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ အမ်း-ပဒါန်း ကားလမ်းမပေါ်ကို စစ်ကားကြီး ၂၈ စီးနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့မှာ AA တပ်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိပြီး အဲဒီတပ်တွေဟာ ဂုတ်စီးရိုးရွာ…

  • ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်

    ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်

    ဆီမီးခုံမြို့တွင် ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ MGN မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ဆုံရွာမှ ပျူစောထီးများသည် ဆီမီးခုံမြို့မှ ဈေးဝယ်ပြီး ဘေးတွဲ ဆိုင်ကယ်များဖြင့် ပြန်လာစဉ် ဆီမီးခုံမြို့ ရေနက်ဆိပ်ကမ်း (စစ်‌သင်္ဘောတည်ရှိရာရေတပ်စခန်း) နှင့် ဆုံရွာ အကြားရှိ ကားလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း…

  • ရေးရဲစခန်းတွင် အချုပ်သားများက ဒုရဲအုပ်ထံမှ လက်နက်လုယူပစ်ခတ်

    ရေးရဲစခန်းတွင် အချုပ်သားများက ဒုရဲအုပ်ထံမှ လက်နက်လုယူပစ်ခတ်

    ရေးရဲစခန်းတွင် အချုပ်သားများက ဒုရဲအုပ်ထံမှ လက်နက်လုယူပစ်ခတ်ရာ ဒုရဲအုပ်နှင့်တပ်ကြပ်အပါ အဝင် ၃ ဦး သေဆုံးပြီး အချုပ်သားအချို့လွတ်မြောက် မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းတွင် သေနတ်ပစ်ပွားမှုဖြစ်ကာ အချုပ်သားအချို့လွတ်မြောက်ပြီး ဒုရဲအုပ်အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ရေးရဲစခန်းရှိ အချုပ်သားများသည် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီခန့်က ဒုရဲအုပ်ထံမှ သေနတ်လုကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အချုပ်သား လေးဦးထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံက သိရသည်။ “တာဝန်ကျ ဒုရဲအုပ်နဲ့အဖွဲ့ ရောက်လာချိန်မှာ အချုပ်သားက ရဲအုပ်သေနတ်ကိုလုပြီးပစ်တာ။ ဒုရဲအုပ်နဲ့အဖွဲ့သေတယ်။ အချုပ်သား လေးယောက် လွတ်သွားတယ်။ လွတ်သွားချိန်မှာ ရဲစခန်းထဲပစ်ခတ်ပြီး ကျန်ခဲ့တဲ့ စခန်းမှူးလည်းထိတယ်။ ဘယ်သူပစ်လို့ထိမှန်းမသိရဘူး။ အထဲကအချုပ်သားတွေလည်း ထိတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဒုရဲအုပ်နိုင်လွင်ဦး၊ ရဲတပ်ကြပ်…