Category: News
-

စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်
စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံး မကွေးတိုင်း ၊ စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းက စလင်းမြို့နယ်၊ ဆင်းကျုံးကျေးရွာထိပ်ရှိအကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀ ဦးခန့်ဖြင့် တပ်စွဲပြီး ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နံနက် ၆ နာရီခန့်တွင် တစ်ကြိမ်၊ ၈ နာရီခန့်တွင် တစ်ကြိမ်နှင့် ၉ နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်…
-

မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်
ပဲခူးတိုင်းနှင့်ရခိုင်အစပ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်၊ သာယာဝတီတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ ပဲခူးတိုင်းနှင့်ရခိုင်အစပ် ပန်းတောင်းမြို့နယ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်တိုးချဲ့နေပြီး ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသ သတင်းရင်းမြစ်များက ပြောဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ပြည်မြို့နှင့် ဥသျှစ်ပင်မြို့ဘက်မှ စစ်ကား ၂၅ စီးထက်မနည်း အင်အားအပြည့်ဖြင့် ပန်းတောင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာသို့ ဝင်ရောက်လာကြောင်း ၊ အဆိုပါ စစ်ကောင်စီ တပ်သားများသည် ညောင်ခြေတောက်ရွာရှိ ကပစ ၆ နှင့်…
-

ကန့်ဘလူရှိ ကျေးရွာများသို့ စစ်ယာဉ်တန်း၊ စစ်ကြောင်းများဖြင့် ဝင်ရောက် စီးနင်း
ကန့်ဘလူရှိ ကျေးရွာများသို့ စစ်ယာဉ်တန်း၊ စစ်ကြောင်းများဖြင့် ဝင်ရောက် စီးနင်းပြီး စစ်မှုထမ်းခိုင်းရန် လူငယ် ၁၀၀ နီးပါးကို စစ်တပ်က အတင်းအဓမ္မ ဖမ်းဆီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နယ်ရှိ ဇီးကုန်းမြို့၊ နဂါးပေါ်ရွာ နှင့် ပုပ္ပါးရွာတို့ကို အကြမ်းဖက် စစ်တပ်က စစ်ကားများဖြင့် ဝင်ရောက် စီးနင်းပြီး လူငယ် ၁၀၀ နီးပါးကို အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ကန့်ဘလူမြို့မှ မြို့နယ်ရဲမှူးအပါအဝင် ရဲကား ၃ စီးနှင့် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်ရင်းမှ စစ်ကား ၆ စီးက…
-

တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးပြီး ခုခံနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ ဇန်နဝါရီ ၂၇ ရက်ကစ၍ ဇန်နဝါရီ ၂၉ ရက်အထိ တမူးမြို့နယ် ကျွန်းပင်သာနှင့် မင်းသာကျေးရွာတို့ရှိ စစ်ကောင်စီအထိုင်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဟု ဆိုသည်။ “တိုက်ပွဲက တမူးမြို့အထက်ပိုင်း ကျွန်းပင်သာနဲ့ မင်းသာရွာမှာ ဖြစ်နေတာ။မနေ့က ရှမ်းနီတပ်မတော်SNAက အရာရှိတစ်ယောက် အပါအဝင် စကစ ပူးပေါင်းတပ်ဖွဲ့တွေ သေဆုံးတာတွေရှိတယ်။နှစ်ဖက်ထိခိုက်မှု များတယ်လို့ကြားတယ်”ဟု တမူးခရိုင် စစ်ရေးနှင့်ဆက်စပ်သူတစ်ဦးက ပြောသည်။ ကျွန်းပင်သာနှင့် မင်းသာကျေးရွာတွင် စစ်ကောင်စီတပ်၊ ကသဲ၊ SNA နှင့် နာဂပြည်သူစစ် စုစုပေါင်း အင်အား ၆၀၀ခန့်ဖြင့် တပ်စွဲထားကြောင်းလည်း သိရသည်။ ကျွန်းပင်သာကျေးရွာရှိ စစ်ကောင်စီစခန်းများကို သိမ်းပိုက်နိုင်ပြီဟု သတင်းထွက်ပေါ်နေသည်။ “မနေ့ညက မင်းသာတိုက်ပွဲကို ဂျက်ဖိုက်တာနဲ့လာပစ်တာ…
-

ရန်ကုန်မြို့တွင် လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ အရေ အတွက် စစ်ကောင်စီက စတင်ကောက်ယူနေ
ရန်ကုန်မြို့တွင် လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ အရေ အတွက် စစ်ကောင်စီက စတင်ကောက်ယူနေပြီး တော်လှန် ရေးတပ်ဖွဲ့နှင့် ဆက် နွယ်သူများကိုပါ စိစစ် ဖမ်းဆီးရန်ရှိနေ မြန်မာနိုင်ငံတစ်ဝန်းမှ ရန်ကုန်မြို့သို့ လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်အရေအတွက်ကို အကြမ်းဖက် စစ်ကောင်စီက စတင်ကောက်ယူနေကြောင်း လှိုင်သာယာမြို့နယ်အနောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။ ရန်ကုန်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးတိမ်းရှောင်လာသူများကို ထောက်ပံ့မည်ဟုဆိုကာ အိမ်ထောင်စု လူဦး ရေ စာရင်းများ လိုက်လံကောက်ခံနေပြီး တော်လှန်ရေးနှင့် ပတ်သက် ဆက်နွယ်သူများကိုပါ တစ်ပါတည်း စိစစ် ဖမ်းဆီးရန် ရှိနေကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ပေါ်ကို ဒေသ အသီးသီးမှ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများ၏ အိမ်ထောင်စု…