Category: News

  • ခါမေနီကို ဘာကြောင့် ဈာပန မလုပ်ပေးနိုင်လဲ

    ခါမေနီကို ဘာကြောင့် ဈာပန မလုပ်ပေးနိုင်လဲ

    အီရန် ဦးသျှောင်ဟောင်း အလီခါမေနီ၏ ဈာပန အစီအစဉ်များကို ယခု သီတင်းပတ်အတွင်း အကြိမ်ကြိမ် ပြင်ဆင်ခဲ့ရခြင်းက တိုးမြင့်လာသော လုံခြုံရေး စိုးရိမ်မှုများ၊ နိုင်ငံခြား ဧည့်သည်တော်များ တက်ရောက်နိုင်မှု မသေချာခြင်းနှင့် အရိုက်အရာ ဆက်ခံမည့် သူနှင့် ပတ်သက်ပြီး အဖြေမထွက်သေးသော မေးခွန်းများကို ထင်ဟပ်ပြနေသည်။ မတ်လ ၁ ရက်က ခါမေနီ သေဆုံးကြောင်း အတည်ပြုပြီးနောက် မကြာမီ ကြေညာခဲ့သည့် မူလ အစီအစဉ်မှာ ခါမေနီ၏ ဇာတိမြေတွင် မမြှုပ်နှံမီ တီဟီရန်၊ ကွမ်နှင့် မာရှတ်မြို့များတလျှောက် သုံးဆင့်ခွဲ၍ စီတန်းလှည့်လည်ရန် ရည်ရွယ်ခဲ့သည်။ နောက်တရက်အကြာတွင် ခါမေနီ့ ဇနီး မန်ဆူရေး ခိုဂျာတေး ဘာဂါဇာဒေး သေဆုံးကြောင်း ကြေညာပြီးနောက် တာဝန်ရှိသူများက မာရှတ်ရှိ အီမာမ်ရီဇာ ဂူဗိမာန်တွင် တွဲဖက်မြှုပ်နှံမည့်…

  • တပ်ရင်း ၂၀ ကေ့စ် တိုင်းက တိုက်ရိုက်ကိုင်တွယ်နေ

    တပ်ရင်း ၂၀ ကေ့စ် တိုင်းက တိုက်ရိုက်ကိုင်တွယ်နေ

    တပ်ရင်း ၂၀ ကေ့စ် တိုင်းက တိုက်ရိုက်ကိုင်တွယ်နေပါတယ် ကျူးလွန်သူများကို တိုင်းက ဖမ်းခေါ်သွားပါပြီ။ စစ်ဆေးမှု့ အဆင့်ဆင့် စောင့်ဆိုင်းကြပါ အဖြေထွက်လာပါလိမ့်မယ်။ ဘာမှမထုတ်ပြန်သေးလို့ လောမနေကြပါနဲ့။ အပြစ်ရှိသူအားလုံး အပြစ်အတိုင်း စီရင်ချက် ကြခံရမှာ။ ချက်ဘောင့်ကနေ လာလာမေးသူများ။ အမှု့တွဲစီရင်ချက်ကို စောင့်လိုက်ပါဗျ။ Credit: Nay Minn ယင်းမာပင်တပ်ရင်း ၂၀ တွင် မွတ်စလင်ရဲမေတစ်ဦးကို အချုပ်ချ၍ အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး ခြေထောက်တွင် ဓားဖြင့်စာရေးနှိပ်စက်မှုဖြစ်ပွား၊ ကျူးလွန်သူများကို အရေးယူပေးရန် တောင်းဆို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်း (ရိုးမရာဇာ) အတွင်း၌ တပ်ဖွဲ့ဝင် မွတ်စလင်အမျိုးသမီးတစ်ဦးကို အကျဉ်းချကာ ရက်ရက်စက်စက် အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး ခန္ဓာကိုယ်ပေါ်တွင် ဓားဖြင့်စာရေးထိုးနှိပ်စက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို လက်နက်ဖြုတ်သိမ်းကာ ထိရောက်စွာ အရေးယူပေးရန်…

  • ရန်ကုန်တွင် စက်သုံးဆီချွေတာရေး စီမံချက်အဖြစ် “မ” ရက်တွင် ထွက်လာသော “စုံ” နံပါတ်ကားများကို ယာဉ်ထိန်းရဲများက ငွေညှစ်တောင်းယူနေ

    ရန်ကုန်တွင် စက်သုံးဆီချွေတာရေး စီမံချက်အဖြစ် “မ” ရက်တွင် ထွက်လာသော “စုံ” နံပါတ်ကားများကို ယာဉ်ထိန်းရဲများက ငွေညှစ်တောင်းယူနေ

    ရန်ကုန်တွင် စစ်တပ်က ယနေ့ မတ်လ ၇ ရက်နေ့ စတင်သော စက်သုံးဆီချွေတာရေး စီမံချက်အဖြစ် “မ” ကားနံပါတ်ပြားပါသော ကားများကိုသာ မောင်းနှင်ခွင့်ပြုပြီး “စုံ” နံပါတ်ပြား ကားများကို ယာဉ်ထိန်းရဲများက ပညာပေးသည်ဟုဆိုကာ ငွေတောင်းယူ ပြန်လွှတ်နေကြောင်း ငွေပေးလိုက်ရသည့် ကားပိုင်ရှင်တချို့က ပြောဆိုသည်။ ယနေ့သည် မ ဂဏန်းရက်ဖြစ်သည့်အတွက် မ နံပါတ်ပြားပါ ကားများသာ မောင်းနှင်ခွင့်ရှိပြီး စုံ ကားနံပါတ်ပါ ကားများ မောင်းနှင်ခွင့်မရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်မြို့တွင် ယာဉ်ထိန်းရဲများက စုံကားနံပါတ်ပါ ကားများကို တားဆီးကာ ပညာပေးကာလ ကျော်လွန်ပါက အရေးယူမည်ဟုဆိုကာ လက်ဖက်ရည်ဖိုးအဖြစ် ငွေကျပ် ၁ သောင်းတောင်းယူကြောင်း သိရှိရသည်။ “ကျနော့်ကား စုံနံပါတ်ပေမယ့် လုပ်ငန်းသုံး ဟိုက်ဂျက်ပါ။ လုပ်ငန်းလိုင်စင်တော့မပါဘူး။ အဲဒါ ပါရမီလမ်းဆုံမှာ…

  • လောင်စာဆီ သုံးစွဲမှု လျှော့ချဖို့ ဖိလစ်ပိုင်မှာ တစ်ပတ် ၄ ရက်ပဲ ရုံးတက်ခိုင်း

    လောင်စာဆီ သုံးစွဲမှု လျှော့ချဖို့ ဖိလစ်ပိုင်မှာ တစ်ပတ် ၄ ရက်ပဲ ရုံးတက်ခိုင်း

    လောင်စာဆီ သုံးစွဲမှု လျှော့ချရေး အရေးပေါ် အစီအမံ တစ်ခုအဖြစ် ဖိလစ်ပိုင် အစိုးရက တစ်ပတ်ကို ၄ ရက်ပဲ ရုံးတွေဖွင့်ဖို့ ညွှန်ကြားထားလိုက်ပါတယ်။ မတ်လ ၆ ရက်နေ့မှာ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်တွင်း လောင်စာ သိုလှောင်မှုကို ထိန်းညှိဖို့အတွက် အရေးပေါ် အစီအမံတွေကို ထုတ်ပြန်ခဲ့ရာမှာ ပုံမှန် ရုံးဖွင့်ရက်တွေကို တစ်ပတ် ၅ ရက်ကနေ ၄ ရက်သာ ထားရှိဖို့ ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ အီရန်စစ်ပွဲကြောင့် နိုင်ငံတကာ ရေနံနဲ့ လောင်စာတင်ပို့မှု လမ်းကြောင်းတွေ ကမောက်ကမ ဖြစ်ကုန်တဲ့ဒဏ်ကို တခြားကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ အရှေ့တောင်အာရှ ဒေသတွင်းက ဖိလစ်ပိုင်လည်း သက်ရောက် ခံစားနေရပါတယ်။ မားကို့စ်က အရှေ့အလယ်ပိုင်း…

  • ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှား ရှိပါသေးသလား

    ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှား ရှိပါသေးသလား

    သံသယဖြစ်ဖွယ် အချက်အလက်များနှင့် Speak Out လုပ်ကြရန် တိုက်တွန်းချက် ​ လက်ရှိအချိန်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်အပေါ် စိုးရိမ်ပူပန်မှုများ အထူးမြင့်တက်နေပါသည်။ အထူးသဖြင့် စစ်ကောင်စီအတွင်းပိုင်းမှ ထွက်ပေါ်လာသော ကောလဟာလသတင်းများအရ သူမ ကွယ်လွန်သွားပြီလားဆိုသည့် မေးခွန်းမှာ ပိုမိုကျယ်လောင်လာသည်။ ကျွန်ုပ်တို့အနေဖြင့် အောက်ပါခိုင်လုံသော အချက်အလက်များကို အခြေခံ၍ စစ်ကောင်စီထံမှ အဖြေတောင်းရန် လိုအပ်နေပြီ ဖြစ်ပါသည်။ ​ ၁။ နိုင်ငံတကာ ဖိအားများကို အရေးမစိုက်နိုင်တော့ခြင်း ​ နိုင်ငံတကာမှ အထူးကိုယ်စားလှယ်များ၊ သံတမန်များနှင့် အနီးကပ်ဆုံးမိသားစုဝင်ဖြစ်သူ သားငယ် ကိုထိန်လင်း (Kim Aris) ကိုယ်တိုင် တွေ့ဆုံခွင့်တောင်းဆိုနေသည့်တိုင် စစ်ကောင်စီဘက်မှ ယနေ့တိုင် အတွေ့မခံနိုင်ခြင်းမှာ အလွန်ထူးခြားနေပါသည်။ ပုံမှန်အားဖြင့် စစ်ကောင်စီသည် ၎င်းတို့အကျပ်ရိုက်ချိန်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချ၍…