Category: News
-

Non CDM များ “မဲမပေး မနေရစနစ်” စစ်ကော်မရှင် ကျင့်သုံး
စစ်ကော်မရှင်သည် လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ၎င်းတို့လက်အောက်ခံ အရပ်ဘက် ဝန်ထမ်းများအား “ မဲမပေး မနေရစနစ် ” ကျင့်သုံးမည်ဟု နေပြည်တော်ရှိ စစ်ကော်မရှင် ဝန်ထမ်းများထံက သိရသည်။ စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အောက်တိုဘာလ ၁၃ ရက်နေ့အထိ မဲပေးနိုင်သူများစာရင်း (မဲစာရင်း) ကို စစ်ကော်မရှင်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာထားရာ ထိုစာရင်းတွင် ဝန်ထမ်း အမည်များ ပါ မပါနှင့် မဲစာရင်းတွင် ကျန်နေခဲ့ခြင်း မရှိစေရန် ဝန်ကြီးဌာနများက အမိန့်စာဖြင့် ညွှန်ကြားထားကြောင်း နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိအမျိုးသားတစ်ဦးက ပြောသည်။ မဲစာရင်းတွင် အမည်မပါဝင်ပါက တောင်းဆိုလွှာ ပုံစံ ၃ (က) (ခ) တို့ဖြင့် မဲစာရင်းထုတ်ပြန်သည့် နေ့မှစ၍ ၁၄ ရက်အတွင်း…
-

လှိုင်သာယာတွင် အမျိုးသမီး ၁ ဦးအား သတ်ပြီး ရွှေထည်နှင့် ဖုန်းလုသူကို ဖမ်းမိ
ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်၊ ဝန်ထမ်းကြီးအိမ်ရာ ကမ်းပတ်လမ်းမှာ အမျိုးသမီးတယောက်ကို ဓားနဲ့ထိုးသတ်ပြီး ရွှေထည်ပစ္စည်းနဲ့ ဖုန်းလုခဲ့သူကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက အောက်တိုဘာ ၂၂ ရက် ညနေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ နေ့လယ် ၂ နာရီခွဲက အမှတ် ၁၅ ရပ်ကွက်၊ ဝန်ထမ်းကြီးအိမ်ရာ ကမ်းပတ်လမ်းမှာ ပုပ်ပွနေတဲ့ အမျိုးသမီးတယောက် ရုပ်အလောင်းကို တွေ့ရှိရာက CCTV မှတ်တမ်းတွေကို စစ်ဆေးရင်း ရဲတွေက ပြစ်မှုကျူးလွန်သူကို ဖမ်းမိခဲ့တာလို့ ၁၅ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။ “လုယက် သတ်ပြီး လွှင့်ပစ်ထားတာ၊ ၂ ရက် ၃ ရက်လောက် ရှိပြီထင်တယ်။ အလောင်းက ပုပ်ပွနေပြီ။ အုပ်ချုပ်ရေးနဲ့ ရဲတွေက CCTV…
-
ပြည်သူ့စစ်တပ်စခန်း ၂ ခုကို KIA တိုက်ခိုက်သိမ်းပိုက်
ခေါင်လန်ဖူးမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း ၂ ခုကို KIA ကတိုက်ခိုက်သိမ်းပိုက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ် စခန်း ၂ ခုကို KIA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ ခေါင်လန်ဖူးမြို့နယ်၊ ရှီးလာန်ဒမ်းကျေးရွာအနီး အင်အား ၃၀ ခန့် ဖြင့် တပ်စွဲထားသော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းကိုလည်းကောင်း၊ အောက်တိုဘာ ၂၀ ရက်နေ့က မခေါင်ဒမ်းကျေးရွာ ဆုတောင်းကုန်းရှိ ပြည်သူ့စစ်တပ်စခန်းကို လည်းကောင်း KIA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က ယင်းကျေးရွာများ အပါအ ဝင် ခေါင်လန်ဖူးမြို့နယ်နှင့် ဆော့လောမြို့နယ်တို့အတွင်းရှိ ပြည်သူလူထုကို…
-

မင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ရရှိမည်မဟုတ်
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ရရှိမည်မဟုတ်ဟု အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ထုတ်ပြော စစ်လော်ဘီများက မင်းအောင်လှိုင် အစည်းအဝေးတက်ခွင့်ရသည်ဟု ဝါဒဖြန့်မှုများ အဆုံးသတ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အာဆီယံ ထိပ်သီးအစည်း အဝေးသို့ တက်ခွင့်ရရှိမည်မဟုတ်ကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က တရား၀င် ထုတ်ဖော်ပြောဆိုလိုက်သည်ဟု မလေးရှား Bernama သတင်းဌာနက သတင်းဖော်ပြသည်။ အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေး တက်ရောက်မည့် ခေါင်းဆောင်စာရင်းတွင် မင်းအောင်လှိုင်ပါဝင်သည်ဟု အကြမ်းဖက်စစ်တပ် လော်ဘီများက ဝါဒဖြန့်နေမှုများမှာ ယခုအခါ မလေးရှားဝန်ကြီးချုပ်၏ တရားဝင် ထုတ်ဖော်ပြောဆိုမှုကြောင့် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ မလေးရှားဝန်ကြီးချုပ်၏ အဆိုအရ…
-

တရုတ်တချို့ သောင်ရင်းမြစ်အတွင်းသို့ ခုန်ချ ရေကူးထွက်ပြေးကြ
မြ၀တီမြို့နယ်၊ KK Park မှ ကျားဖြန့်လုပ်ကိုင်သော နိုင်ငံခြားသား ၆၀၀ ကျော် မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာပြီး အရေအတွက် ထပ်မံမြင့်တက်လာနိုင် ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ KK Park မှ ကျားဖြန့်လုပ်ကိုင်သော နိုင်ငံခြားသား ၆၀၀ ကျော် မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာပြီး အရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း နယ်စပ်သတင်းရင်းမြစ်များနှင့် ထိုင်းသတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး KK Park အတွင်းမှ ကျားဖြန့်လုပ်ကိုင်နေသော မြန်မာများနှင့် နိုင်ငံခြားသားများကို လုံခြုံရေးယူပေးထားသော BGF တပ်ဖွဲ့က နှင်ထုတ်နေရာ ယမန်နေ့ညပိုင်းမှစတင်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ ရာချီ ထွက်ပြေး ရောက်ရှိနေကြကြောင်း၊ တရုတ်နိုင်ငံသားများမှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ရေကူး…