Category: News
-
ကျောက်ဖြူတိုက်ပွဲဖြစ်ချိန်တွင် အင်အားပြန်ခေါ်၍မရဘဲ စစ်အင်အားလိုအပ်ချက်ကြောင့် ဗျာများနေ
စစ်ကောင်စီက စစ်တွေတိုက်ပွဲသို့ ထုတ်နုတ်တပ်များပို့ထားရ၍ ကျောက်ဖြူတိုက်ပွဲဖြစ်ချိန်တွင် အင်အားပြန်ခေါ်၍မရဘဲ စစ်အင်အားလိုအပ်ချက်ကြောင့် ဗျာများနေ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၏ မြို့အစွန်ကျသည့် ဓညဝတီရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်းတို့သည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို ခံနေရပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။ စစ်တွေမြို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေရာ အဆိုပါ တိုက်ပွဲသို့ ကျောက်ဖြူမြို့နယ်မှ ကြည်းတပ်အင်အား ဖြည့်တင်းထားသည့်အတွက် ကျောက်ဖြူတိုက်ပွဲဖြစ်ပွားချိန်တွင် အင်အားလိုအပ်ချက်ကြောင့် စစ်ကောင်စီတပ်များ ဗျာများနေကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။ “စစ်တွေကို ကြည်းတပ်အင်အားဖြည့်တယ် ဆိုပေမယ့် ခြေလျင်ခြေမြန်တပ်ရင်းတွေ ထိထိရောက်ရောက် ဖြည့် တင်းထားတာမရှိဘူး။ ကျောက်ဖြူမှာလည်း ရှိတဲ့ သုံးတပ်က အခွံသာသာပဲကျန်တာ။ မြို့တော်နှစ်ခုလုံး တိုက်ပွဲဖြစ်လာတော့ စစ်အင်အားလိုအပ်ချက်တော်တော်များနေတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။ ကျောက်ဖြူတွင် ခြေလျင်၊ ခြေမြန်တပ်ရင်းများဖြစ် သည့် ခလရ-၃၄၊ ခမရ-၅၄၂၊…
-

ဧရာဝတီတိုင်းတွင် စစ်မှုထမ်းရန်အမည်စာရင်းပါသည်ဟုဆိုကာ လူငယ်အချို့ကို ခရီးသွားလာခွင့်ပိတ်ပင်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် စစ်မှုထမ်းရန်အကျုံး၀င်သည့် လူငယ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားစာအိတ်များပေးပိုပြီး ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။ မြို့နယ် စစ်မှုထမ်းခေါ်ယူရေးအဖွဲ့မှ စစ်မှုထမ်းစာရင်းသွင်းရန် အကြောင်းကြားစာအိတ်များကို ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့်ပေးခိုင်းပြီး စာရင်းပါသူများကို လေးလအတွင်း ခရီးသွားခွင့်မပြုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ “ရွာမှာဆိုစာအိတ် ငါးအိတ် ရောက်တယ်။ အဲ့မှာပါတဲ့လူငယ်တွေကို မြို့နယ်ရုံးကို ခေါ်တယ်၊ ခေါ်တဲ့အချိန် စစ်မှုထမ်းမယ်ဆိုပြီးခံ၀န်ထိုးရတယ်။ ခရီးထွက်ခွင့်လည်းမပေးတော့ဘူး။ ထွက်ပြေးရင်လည်း မိဘတွေကို ဖမ်းမယ်လို့ ခြိမ်းခြောက်တယ်”ဟု စစ်မှုထမ်းရန် အကြောင်းကြားခြင်းခံရသော မိသားစု၀င်တစ်ဦးမှ ပြောသည်။ ယခင်က စစ်မှုထမ်းခေါ်ရန် သတ်မှတ်ခံထားရသည့် ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှ လူစားထိုးရန်ငွေကြေးကေက်ခံပြီး ဖြေရှင်းခဲ့သော်လည်း ယခု ဖေဖော်ဝါရီလမှစတင်ပြီး မြို့နယ်မှ စာအိတ်ဖြင့်တိုက်ရိုက်စာရင်းသွင်းသည့်စနစ်ကို ပြောင်းလဲလာကြောင်းသိရသည်။ စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင် အားလုံလောက်မှုမရှိတော့သည့်အတွက်…
-

တံတားဦးနှင့် နွားထိုးကြီး မြို့နယ် တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံး
တံတားဦးနှင့် နွားထိုးကြီး မြို့နယ် တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး အထိနာသော စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး အထိနာသော စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်မှ ညနေ ၆ နာရီ ၁၅ မိနစ်ထိ…
-

AA ထိုးစစ်ဆင်နေသည့် စစ်တွေတွင် ဒေသခံများ၏ တန်ဖိုးရှိ ပရိဘောဂများအား ရန်ကုန်သို့ရွှေ့ပြောင်းမှု များလာနေ
အာရက္ခတပ်တော် (AA)အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဒေသခံများ၏ ကား၊ တုတ်တုတ်၊ ဆိုင်ကယ်များနှင့် တန်ဖိုးရှိအိမ်ထောင်ပရိဘောဂပစ္စည်းများအား ရန်ကုန်သို့ ရွှေ့ပြောင်းမှု များပြားလာနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလပထမပတ်မှစတင်ကာ စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုများ ပြင်းထန်လာပြီးနောက် ယခုကဲ့သို့ ရွှေ့ပြောင်းမှု များပြားလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ စစ်တွေဒေသခံ မျက်မြင်တစ်ဦးက “အခု ဖေဖော်ဝါရီလဆန်းကတည်းက စစ်တွေမြို့ပေါ်က သုံးဘီး၊ နှစ်ဘီး၊ ဆိုင်ကယ်တွေနဲ့ တန်ဖိုးရှိတဲ့ အိမ်ထောင်ပရိဘောဂတွေကို စစ်တွေ-ရန်ကုန် သင်္ဘောကြီးနဲ့ ရွှေ့ပြောင်းမှုများပြားလာနေတာ တွေ့ရှိရပါတယ်”ဟု ပြောကြားသည်။ ထိုသို့ ရွှေ့ပြောင်းရာတွင်လည်း ပွဲစားများက ဈေးအဆမတန် ကောက်ခံနေသည့်အတွက် ရွှေ့ပြောင်းသယ်ယူသူတို့တွင် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။ ဒေသခံတစ်ဦးက “စစ်တွေက ရန်ကုန်ကို သွားမယ့် သင်္ဘောကြီးကို စစ်တွေက…
-

BGF ခေါင်းဆောင် စောချစ်သူနှင့်အပေါင်းအပါများကို ဖမ်း၀ရမ်းထုတ်ရန် သက်သေအထောက် အထားလုံလောက်ပြီ
စစ်ကောင်စီ လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူနှင့်အပေါင်းအပါများကို ဖမ်း၀ရမ်းထုတ်ရန် သက်သေအထောက် အထားလုံလောက်ပြီး ထိုင်းအထူးစုံစမ်းစစ်ဆေးရေး DSI ၏အတည်ပြုဆုံးဖြတ်ချက်ကို ရှေ့နေချုပ်ရုံးသို့ တင်ပြ အကြမ်းဖက်စစ်ကောင်စီလ က်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါများကို ဖမ်း၀ရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ၏ အတည်ပြုဆုံးဖြတ်ချက်ကို ရှေ့နေချုပ်ရုံးသို့ ယနေ့ တင်ပြလိုက်ကြောင်း ထိုင်းသတင်းဌာန Khaosod English က သတင်းဖော်ပြသည်။ ယနေ့ မတ်လ ၃ ရက်နေ့တွင် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက စောချစ်သူနှင့်အပေါင်းအပါများကို ဖမ်း၀ရမ်းရန် အတည်ပြုထားသည့် ဆုံးဖြတ်ချက်ကို ရှေ့နေချုပ်ရုံးသို့ တင်ပြလိုက်ခြင်းဖြစ်ပြီး အဆိုပါ ဖမ်း၀ရမ်းသည် လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းနှင့်နိုင်ငံတကာ လူကုန်ကူးမှုများနှင့်ပတ်သက်၍ ဆက်စပ်နေကြောင်း သိရှိရသည်။ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန၏ လူမှုကုန်ကူးမှု တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး…