📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

AA ထိုးစစ်ဆင်နေသည့် စစ်တွေတွင် ဒေသခံများ၏ တန်ဖိုးရှိ ပရိဘောဂများအား ရန်ကုန်သို့ရွှေ့ပြောင်းမှု များလာနေ

—

by

in

အာရက္ခတပ်တော် (AA)အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဒေသခံများ၏ ကား၊ တုတ်တုတ်၊ ဆိုင်ကယ်များနှင့် တန်ဖိုးရှိအိမ်ထောင်ပရိဘောဂပစ္စည်းများအား ရန်ကုန်သို့ ရွှေ့ပြောင်းမှု များပြားလာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပထမပတ်မှစတင်ကာ စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုများ ပြင်းထန်လာပြီးနောက် ယခုကဲ့သို့ ရွှေ့ပြောင်းမှု များပြားလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်တွေဒေသခံ မျက်မြင်တစ်ဦးက “အခု ဖေဖော်ဝါရီလဆန်းကတည်းက စစ်တွေမြို့ပေါ်က သုံးဘီး၊ နှစ်ဘီး၊ ဆိုင်ကယ်တွေနဲ့ တန်ဖိုးရှိတဲ့ အိမ်ထောင်ပရိဘောဂတွေကို စစ်တွေ-ရန်ကုန် သင်္ဘောကြီးနဲ့ ရွှေ့ပြောင်းမှုများပြားလာနေတာ တွေ့ရှိရပါတယ်”ဟု ပြောကြားသည်။

ထိုသို့ ရွှေ့ပြောင်းရာတွင်လည်း ပွဲစားများက ဈေးအဆမတန် ကောက်ခံနေသည့်အတွက် ရွှေ့ပြောင်းသယ်ယူသူတို့တွင် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက “စစ်တွေက ရန်ကုန်ကို သွားမယ့် သင်္ဘောကြီးကို စစ်တွေက ခရိုနီတွေက ကုန်တင်ခွင့်ကိုလေလံဆွဲလိုက်တယ်။ သင်္ဘောပေါ်ကို ကုန်တင်တဲ့ စစ်တွေဒေသခံတွေဆီက ခေါင်းပုံဖြတ်ပြီး အဆမတန်ငွေကောက်ခံနေကြတယ်”ဟု ပြောဆိုသည်။

လက်ရှိတွင် စစ်တွေ-ရန်ကုန်သင်္ဘောကြီးပေါ်၌ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ခုနစ်သိန်း၊ တုတ်တုတ်(အိန္ဒိယဆိုင်ကယ်)တစ်စီးလျှင် ကျပ် ၁၅ သိန်းနှင့် အိမ်ထောင်ပရိဘောဂ တန်ချိန် တစ်တန်လျှင် ကျပ်သိန်း ၃၀ အထိ ‌ပေးဆောင်နေရကြောင်း သိရသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းမှစတင်ကာ စစ်တွေမြို့ခံအများစုသည် ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းဘက်သို့ စစ်ဘေးရှောင်တိမ်းရှောင်ရန်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

ရန်ကုန်သို့ထွက်ခွာသွားသူများအနက် ငွေကြေးတတ်နိုင်သူများသည် စစ်တွေတွင်ကျန်နေခဲ့သည့် သူတို့၏ အသုံးအဆောင် အိမ်ထောင်ပရိဘောဂပစ္စည်းများကို စစ်တွေ-ရန်ကုန်သင်္ဘောကြီးများဖြင့် ယူဆောင်နေကြခြင်းဖြစ်သည်။

ငွေကုန်ကြေးကျခံပြီး ရန်ကုန်သို့ မသယ်နိုင်သူများတွင် သူတို့၏ လူမနေသည့်နေအိမ်များအား သူခိုးများဝင်ရောက်ခိုးယူမှုကြောင့် အိမ်ထောင်ပရိဘောဂပစ္စည်းများ ပျက်စီးဆုံးရှုံးလျက်ရှိသည်ဟုလည်း မြို့ခံများက ပြောသည်။

စစ်တွေမြို့မှ စစ်ရှောင်နေရသူတစ်ဦးက “အိမ်မှာက ဘာမှ မကျန်တော့ဘူး။ အကုန်လုံး ခိုးသွားကြပြီ။ ဇွန်းလေးတစ်ချောင်းတောင် မကျန်တော့ဘူး”ဟု ပြောသည်။

စစ်တွေတွင် တိုက်ပွဲများပြင်းထန်လာနေသည့်အတွက် စစ်တွေမြို့အပါအဝင် အနီးအနားရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောစသည့် မြို့နယ်လေးခုမှ ဒေသခံ သုံးသိန်းကျော် စစ်ဘေးရှောင်နေကြရကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဓာတ်ပုံ – စစ်တွေ-ရန်ကုန် ကုန်ပို့နေသည့် သင်္ဘောအား စစ်တွေဆိပ်ကမ်းတွင် တွေ့ရစဉ်။ (Photo – သိကြားစေချင် ငွေသဇင်)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်