Category: News
-

အမေရိကန်ကို တုန်လှုပ်သွားစေခဲ့တဲ့တရုတ် အေအိုင်မိုဒယ်သစ် DeepSeekR1
ဒီရက်ထဲ အမေရိကန်နဲ့တကွ အေအိုင်နည်းပညာနယ်ပယ်တခုလုံးကို တုန်လှုပ်သွားစေတာကတော့ တရုတ် အေအိုင်ကုမ္ပဏီ DeepSeek နဲ့ သူ့ရဲ့ နောက်ဆုံးထုတ် Chatbot အေအိုင်မိုဒယ်သစ် DeepSeekR1 ပဲ ဖြစ်ပါတယ်။ အေအိုင်နည်းပညာနယ်ပယ်မှာ နာမည်အသစ်အဆန်းတခု ဖြစ်ပေမဲ့ မကြာမီက အမေရိကန်မှာ စတင်မိတ်ဆက်လိုက်တဲ့ DeepSeekR1 မိုဒယ်ဟာ စတင်ပြီး တပတ်အတွင်းမှာပဲ Apple store မှာ ဒေါင်းလုတ်ဆွဲပြီး သုံးစွဲသူပမာဏ နံပါတ် ၁ အများဆုံး ဖြစ်ခဲ့တယ်။ အမေရိကန်နည်းပညာကုမ္ပဏီ OpenAI က ၂၀၂၂ ခုနှစ်မှာ ChatGPT ကို စတင်မိတ်ဆက်ခဲ့ပြီးတဲ့နောက် အမေရိကန်နည်းပညာကုမ္ပဏီတွေကသာ ဉာဏ်ရည်တုနည်းပညာ AI Chatbot နယ်ပယ်ကို ဦးဆောင်နေခဲ့ရာက မထင်မှတ်ဘဲ တရုတ်ကုမ္ပဏီတခုက ဝင်ရောက်လာခဲ့တာ ဖြစ်တယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်ပိုင်းက…
-
ရွှေသောင်ယံ၌ စစ်သားချင်းပစ်ခတ်မှု ဗိုလ်တစ်ဦးသေဆုံး
ရွှေသောင်ယံမြို့ ၊တပင်မှော်ရွာတွင်ဇန်နဝါရီလ ၂၈ ရက်က တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ချင်း ခိုက်ရန်ဖြစ်ပွားပြီး အချင်းချင်းသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ခဲ့ရာဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးသွားသည်။ တပင်မှော်ရွာသည် ရွှေသောင်ယံဒေသအတွင်း စစ်ကောင်စီ အဓိကတပ်စွဲထားသည့်နေရာများအနက် တစ်ခုဖြစ်သည်။ “အရက်မူးပြီး ရန်ဖြစ်တာ။ ဗိုလ်တစ်ကောင်သေတယ်။ အခု တပင်မှော်ရွာမှာက တခြားကရောက်လာတဲ့ စစ်သားတွေ အများကြီးပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။ အာရက္ခတပ်တော်(AA)က ရွှေသောင်ယံမြို့နှင့်ထိစပ်နေသော ဂွမြို့ကို ၂၀၂၄ ဒီဇင်ဘာလကုန်တွင် သိမ်းယူပြီးနောက် ရွှေ သောင်ယံမြို့၊ မကျီးစင်ရွာတွင် ဇန်နဝါရီလ ၈ ရက်မှစတင်၍ တိုက်ပွဲဖြစ်ခဲ့သည်။ မကျီးစင်ရွာမှ စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ဘောမိကျေးရွာတွင် ထပ်မံတပ်စွဲခဲ့သည်။ ဘောမိရွာမှ စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၁၆ ရက်တွင် AAနှင့် ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရသူများစွာဖြင့်ထပ်မံဆုတ်ထွက်ပြေးခဲ့ရပြန်သည်။ ဘောမိရွာတိုက်ပွဲတွင် AA က စစ်တပ်ထံမှ သံချပ်ကာယာဥ်အချို့ကို…
-

နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့
နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့နေပြီး ထွက်မပြေးရန် တာဝန်ယူလက်မှတ်ထိုးခိုင်း နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းရန် စာရင်းသွင်း ဆင့်ခေါ်စာပေးပို့နေပြီး ကာယကံရှင် (သို့မဟုတ်) မိသားစုဝင်တစ်ဦးကို စစ်မှုထမ်းရန်နှင့်ထွက်မပြေးရန် တာဝန်ယူ လက်မှတ်ရေးထိုးခိုင်းနေကြောင်း ဝန်ထမ်းမိသားစုများထံမှ သိရှိရသည်။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အောင်ဇမ္ဗူ၊ ရွှေကြာပင် နှင့် ဓနသိဒ္ဓိ၊ ပညာသိဒ္ဓိ၊ ဝဏ္ဏ သိဒ္ဓိ ၊ သုခသိဒ္ဓိ၊ ဗလ သိဒ္ဓိ ၊ ဉာဏ သိဒ္ဓိရပ်ကွက်များတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် အမျိုးသားများကို စစ်မှုထမ်း စာရင်းသွင်းရန် ဆင့်ခေါ်နေခြင်းဖြစ်ကြောင်း…
-

မြောက်ဥက္ကလာတွင် ပြည်သူပိုင် မြေကွက်များ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲ
မြောက်ဥက္ကလာတွင် ပြည်သူပိုင် မြေကွက်များ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲမှု ၂ ဦးဒဏ်ရာရ ၊ ရောင်းချထားသော မြေကွက်အားလုံးကို ပြည်သူပိုင် ပြန် သိမ်းမည်ဟု သတိပေး ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်တွင် ပြည်သူပိုင် မီးတားကွင်းမြေကွက်များ၊ ချောင်းကမ်းနှင့် ဆက်စပ်နေသော မြေကွက်များကို အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်း မြောက်ဥက္ကလာမြို့နယ်ရှိ ဌ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း…
-
စင်ကာပူကုမ္ပဏီတခုက စစ်ကောင်စီအတွက် ရေနံစည်ပေါင်း ၂ သန်းကျော် ထောက်ပံ့ခဲ့
မြန်မာနိုင်ငံရဲ့ ကုန်းတွင်းရေနံမြေတွေကနေ ရေနံထုတ်ယူနေတဲ့ စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီတခုဖြစ်တဲ့ Interra Resources ဟာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် တန်ဖိုးရှိ ရေနံစည်ပေါင်း ၂ သန်းကျော်ကို အာဏာသိမ်း စစ်ကောင်စီအတွက် ထောက်ပံ့ခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။ စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် နှစ်ကုန်အတွင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်း ထောက်ပံ့ခဲ့တဲ့ Goldpetrol Joint Operating Company Inc. ရဲ့ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်တယ်လို့ ဇန်နဝါရီ ၂၉…