📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့

—

by

in

နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့နေပြီး ထွက်မပြေးရန် တာဝန်ယူလက်မှတ်ထိုးခိုင်း

နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းရန် စာရင်းသွင်း ဆင့်ခေါ်စာပေးပို့နေပြီး ကာယကံရှင် (သို့မဟုတ်) မိသားစုဝင်တစ်ဦးကို စစ်မှုထမ်းရန်နှင့်ထွက်မပြေးရန် တာဝန်ယူ လက်မှတ်ရေးထိုးခိုင်းနေကြောင်း ဝန်ထမ်းမိသားစုများထံမှ သိရှိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အောင်ဇမ္ဗူ၊ ရွှေကြာပင် နှင့် ဓနသိဒ္ဓိ၊ ပညာသိဒ္ဓိ၊ ဝဏ္ဏ သိဒ္ဓိ ၊ သုခသိဒ္ဓိ၊ ဗလ သိဒ္ဓိ ၊ ဉာဏ သိဒ္ဓိရပ်ကွက်များတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် အမျိုးသားများကို စစ်မှုထမ်း စာရင်းသွင်းရန် ဆင့်ခေါ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

” စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ သိဒ္ဓိရပ်ကွက် ၆ ခုမှာ ဝန်ထမ်းတွေ အများစုဖြစ်ပြီး စစ်မှုထမ်း စာရင်းပါရှိနေလို့ ရှောင်လွှဲဖို့ ခက်ခဲနေတယ်။ ဘူးကွဲ/ ဧကတစ်ထောင်မှာရှိတဲ့ အပျိုဆောင်၊ လူပျိုဆောင်တွေကိုလည်း စစ်မှုထမ်း ဆင့်ခေါ်စာတွေ ပေးပို့နေလို့ အကျုံးဝင်သူ Non-CDM ဝန်ထမ်း အပျိုကြီး၊ လူပျိုကြီးတွေ အခက်တွေ့နေတယ်” ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။

Non-CDM ဝန်ထမ်းများသာမက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အရပ်သားများကိုလည်း စစ်မှုထမ်းရန် ဆင့်ခေါ်စာ များပေးပို့နေပြီး အများစုမှာ ကာယကံရှင်ကိုယ်တိုင်မဟုတ်ဘဲ မိသားစုဝင်များက သွားရောက် လက်မှတ်ရေးထိုး စာရင်းသွင်းကြကြောင်း သိရှိရသည်။

“အောင်ဇမ္ဗူ၊ ရွှေကြာပင်တို့မှာ သာမန်အရပ်သား အများစုဖြစ်ပါတယ်။ အတော်များများက တိမ်းရှောင် နေကြတယ်။ ဒါပေမယ့် အိမ်ထောင်စု စာရင်းမှာပါတဲ့ မိသားစုဝင်တစ်ဦးဦးကတော့ သွားပြီး အာမခံ ကတိပေး လက်မှတ်ထိုးထားရတယ်။ ဆေးစစ်ဖို့ ဆင့်ခေါ်ခံရသူတွေ၊ ချက်ချင်း စစ်မှုထမ်းဖို့ အမည်ပါသူတွေက ကိုယ်တိုင်လာဖို့ ချက်ချင်းဆင့်ခေါ်နေတယ်” ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ဆိုသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် ယခု စစ်မှုထမ်းအပတ်စဉ် ၁၀ မှစတင်၍ စစ်မှုထမ်းများ ရွေးချယ်ခေါ်ရာတွင် ယခင်ကဲ့သို့ မဲနှိုက်ခြင်းမရှိတော့ဘဲ သန်းခေါင်စာရင်းပါ နာမည်စာရင်းနှင့်တကွ စစ်မှုထမ်းရမည်ဟု အတိအကျ ခေါ်ယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်