Category: News
-

ရေစကြိုမြို့ ထွေ/အုပ်ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၃ ဦး ဒဏ်ရာရ
မကွေးတိုင်း၊ ရေစကြိုမြို့ ထွေ/အုပ်ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၅ ခန့်တွင် ရေစကြိုမြို့ရှိ ရုံးပေါင်စုံ (ထွေ/အုပ်ရုံး) ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြောက်ကျား နည်းဗျူဟာ အသုံပြု၍ ၄၀ မမ ဗုံးသီးဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၂ ဦးနှင့်…
-

အထက်မင်းလှမြို့နယ်၊ ရှမ်းတပ် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
အထက်မင်းလှမြို့နယ်၊ ရှမ်းတပ် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦး အပြင်းအထန် ဒဏ်ရာရ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တာဝန်ခံ ကိုဗဟိန်းကပြောကြားသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၇ မိနစ်ခန့်တွင် အထက်မင်းလှမြို့နယ် ၊ ရှမ်းတပ် ရဲစခန်း အတွင်းကို ၄၀ မမ လက်နက်ကြီး ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ လုံး ရဲစခန်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား…
-

တိုင်းရင်းသားနယ်မြေများတွင် စစ်ရေးလေ့ကျင့်သင်ယူပြီးနောက် ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နေပြီဟု AYA PDF ပြော
စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရန် ရည်ရွယ်၍ တိုင်းရင်းသားမဟာမိတ်နယ်မြေ အသီးသီးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး မဟာမိတ်များနှင့်အတူ စစ်ရေးများလေ့ကျင့်သင်ယူရင်း ဧရာဝတီတိုင်း အတွင်း ထိုးဖောက်ဝင်ရောက်နေပြီဟု ဧရာဝတီ PDF ထံက သိရသည်။ အမျိူသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီ တိုင်းစစ်ဌာန AYA PDF အမှတ် (၂၉)ဗျူဟာသည် အမှတ်စဉ် (၆) အတွက် အသက် ၁၈ နှစ်မှ အသက် ၄၀ အတွင်းရှိ ရဲဘော်သစ်သင်တန်းသားများကို ခေါ်ယူလျက်ရှိသည်။ ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာနှင့်အတူ တိုက်ပွဲဝင်လိုပြီး သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီသည့် အမျိုးသမီး၊ အမျိုးသားများကို ကြိုဆိုလက်ခံလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် အမျိုးသမီး(စစ်မေ)များကို အထူးအလေး ထားဖိတ်ခေါ်ထားပြီး အခြေခံစစ်ပညာသင်တန်းပြီး ဆုံးသည့်အခါ အရည်အချင်းနှင့် စိတ်ပါဝင်စားမှု…
-

ကန့်ဘလူနယ်တွင် အင်အားအလုံးအရင်းသုံး၍ ပေါ်တာဆွဲဖမ်းဆီးနေခြင်းကြောင့် ဒေသခံ ၁၀၀ ခန့် ဖမ်းဆီးခံရ
စစ်ကောင်စီတပ်က ကန့်ဘလူနယ်တွင် အင်အားအလုံးအရင်းသုံး၍ ပေါ်တာဆွဲဖမ်းဆီးနေခြင်းကြောင့် ဒေသခံ ၁၀၀ ခန့် ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်၊ ပျူစောထီးနှင့်ရဲများက အင်အားအလုံးအရင်းသုံးကာ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း သိရသည်။ စစ်ကောင်စီနှင့် ပျူပူးပေါင်း အဖွဲ့များသည် ယမန်နေ့ ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ဇီးကုန်းမြို့ပေါ်ရပ်ကွက်များ၊ နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာတို့မှ ပြည်သူ ၁၀၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။ “ဖမ်းခံရတဲ့ထဲမှာ အမျိုးသမီးတွေလည်းပါတယ်။ အနောက်က ပိုက်ဆံနဲ့လိုက်ထုတ်တဲ့သူများကို ရိုက်နှက်လွှတ်တယ်လို့ ပြောတယ်။ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးသလိုဝင်လာပြီး အိမ်တွေထဲကနေပါ ဆွဲချပြီး ဖမ်းသွားတာ”ဟု ကန့်ဘလူဒေသခံတစ်ဦးက ပြောသည်။ ကန့်ဘလူမြို့နယ်မှ မြို့နယ်ရဲမှူးအပါအဝင် အင်အား အပြည့်ပါ ရဲကားသုံးစီး ဇီးကုန်းမြို့ပေါ်သို့…
-

ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်
ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များ ဝင်ရောက် တိုက်ခိုက် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာ၊ ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ ကြောင်း People’s Defense Organization – Magway Region က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၄ ရက်နေ့ ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာ ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်း စစ်ကောင်စီ လက်ပါးစေ ရဲနှင့် ပျူစောထီးများကို တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ အထိနာ၍…