Category: News

  • က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲဖို့အတွက် QR ကုတ်စနစ်နဲ့သာ စက်သုံးဆီကို ဝယ်ယူဖို့ ထုတ်ပြန်ပြီးတဲ့နောက် ကားလိုင်စင်သက်သေခံကဒ်ပြား(ဝှီးတက်) မှာ ပါတဲ့ ဘားကုတ်တွေမှာ တချို့ လွဲချော်မှုတွေရှိနေလို့ စက်သုံးဆီ ဝယ်ယူလို့မရတဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။ ” QR Code ဖတ်လိုက်တဲ့အခါ တချို့ က က.ည.န မှာ စာရင်းမရှိဆိုတဲ့ဟာတွေရှိတယ်၊ နောက်ဆုံးစီးရီးတွေဆိုရင် software ထဲမှာ မဝင်တာတွေရှိတယ်၊ ဆိုင်ကယ်တွေကလည်း လိုင်စင်မပါတဲ့ဟာတွေများတယ်၊ ဒီတခေါက်က အခုမှ စလုပ်တာဆိုတော့ နား လည်မှုနဲ့ ပြဿနာ မတက်အောင်တော့ လုပ်ပေးရတာပေါ့၊ အဓိက အဲ့လိုရောင်းရမယ်ဆိုရင် ဒါတွေကို Update လုပ်သင့်တာပေါ့၊ ဆိုင်ကယ်တွေဆိုရင် နောက်ဆုံးထွက်တဲ့ နံပါတ်တွေဆိုရင် ဒီထဲ မဝင်သေးဘူး၊ သူတို့က လိုင်စင်လည်းပါနေတော့ သူတို့က ပြဿနာရှာမှာဆိုးတော့ မရောင်းလို့လည်း…

  • ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ရခိုင်ပြည် ကျောက်တော်မြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယနေ့ ည ၁၀ နာရီကျော်အချိန်ခန့်မှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာ တစ်စီးနဲ့ပေါင် ၅၀၀ ဗုံး နှစ်ကြိမ်တိုင်တိုင် ကျောက်တော်တံတားဘေးကို ကြဲချခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “တံတားတောင်ထိသွားတယ်လို့ကြားပါတယ်။ မြို့တစ်ဖက်ခြမ်း တံတားထိပ်ပစ်ခဲ့တာပါ။ ဂျက်ကဝဲနေတုန်းပါ” လို့ သူကပြောဆိုပါတယ်။ အခုလို အကြမ်းဖက် စစ်ကော်မရှင်က အများပြည်သူသွားလာနေတဲ့ ကျောက်တော် ဂစ္ဆပနဒီတံတားကို ဉီးတည်ပြီးတိုက်ခိုက်ခဲ့မူကြောင့် တံတားပျက်စီးမူ ရှိနိုင်တယ်လို့သူက ဆက်ပြောခဲ့ပါတယ်။ အထိအခိုက် အပျက်အစီးကို လောလောဆယ် မသိရသေးပါ။ ဆက်လက် စုံစမ်း မေးမြန်းနေတုန်းဖြစ်ပါတယ်။

  • ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့်ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း၊ မသုန်ကျေးရွာအနီးတွင်တည်ရှိသည့် ကပစ(၁၆)ကို အာရက္ခတပ်တော် ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ရှေ့ကို ထွက်ကာသော အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) ဦးဆောင်သော ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ အာရက္ခတပ်တော်ထိန်းချုပ်ထားသော ပွိုင့် ၆၆၆ နဲ့ ကပစ (၁၆) ကြားပတ်ဝန်းကျင်နေရာများကို စစ်ကော်မရှင်ကစစ်ကြောင်း ၃ ကြောင်းထိုးကာစစ်ရေးလှုပ်ရှားနေမှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “သူတို့က အဓိက ကပစ ၁၆ ကို ကာနေတဲ့သဘောပါ။ ကပစ (၁၆) အနီးက ကာကင်းနဲ့မနီးမဝေးနေရာတွေကို စစ်ကြောင်း ၃ ကြောင်းထိုးပြီးလှုပ်ရှားနေတယ်။ အဲဒီစစ်ကြောင်းတွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေကြတယ်”ဟု ပြောသည်။. စစ်ကော်မရှင် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၃…

  • ကြံ့ဖွတ်ပါတီပွဲတက်ဖို့ အနုပညာရှင်တွေကို နေပြည်တော်လာဖို့ ဖိအားပေးခံရ

    ကြံ့ဖွတ်ပါတီပွဲတက်ဖို့ အနုပညာရှင်တွေကို နေပြည်တော်လာဖို့ ဖိအားပေးခံရ

    စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကြံ့ဖွတ်ပါတီရဲ့ပွဲ တတ်ရောက်ဖို့ အနုပညာရှင်တွေအကုန်လုံး ရိုက်ကူးရေးတွေဖျက်ပြီး နေပြည်တော်ကိုသွားနေရတယ်လို့ အနုပညာလောကက သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ “ဒီနေ့(မတ်၁၂) မင်းသား၊ မင်းသမီး အားလုံးနီးပါးကို မည်သည့် ရိုက်ကူးရေးပဲရှိပါစေ အားလုံးကို ဖျက်ပြီး နေပြည်‌တော်ကို အရောက်လာရမယ်ဆိုပြီး ဖိအားပေးပြောဆို အကြောင်းကြားတယ်။အခု အားလုံးနီးပါး နေပြည်တော်ကိုသွားနေကြရပါတယ်။အကြောင်းရင်းက ကြံ့ဖွတ်ပါတီ ပွဲတက်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်”လို့ အနုပညာလောကသားတစ်ဦးက အတည်ပြုပါတယ်။ နေပြည်တော်ကို ခေါ်ယူတဲ့အကြောင်းရင်းကို တိတိကျကျမသိရသေးပေမယ့် ကြံ့ဖွတ်ပါတီက အမတ်တွေရဲ့ တွေ့ဆုံပွဲရှိတာ‌ကြောင့် ရိုက်ကွင်း‌ တွေအားလုံးဖျက်ထားရတယ်လို့ ဆိုပါတယ်။ “အဲဒီပွဲမှာ သိရသလောက် ဖျော်ဖြေရေးလည်း လုပ်ရမှာ ဖြစ်တယ် အဲဒီမှာ မင်းသားနေတိုး က လတ်တလောမှာ သူ့အပေါ် ဝေဖန်မှုတွေ များနေတဲ့အတွက် ဒီတစ်ကြိမ် ဖျော်ဖြေရေး မလုပ်ပါရစေနဲ့…

  • AA ပေးသော အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ

    AA ပေးသော အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ

    နွေဦးတော်လှန်ရေး မဟာမိတ်တပ်‌ပေါင်းစု Spring Revolution Alliance-SRA အဖွဲ့၏ အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲတစ်ရပ်ကို တော်လှန်ရေး နယ်မြေတစ်ခုတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု SRA ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သည်။ အဆိုပါ အခြေခံ စစ်ပညာကို အာရက္ခတပ်တော် AA မှ သင်တန်းနည်းပြများက လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာတို့ သင်ကြား ပို့ချခဲ့သည်။ ထို့အပြင် အဆိုပါအခြေခံ စစ်ပညာသင်တန်းကာလအတွင်း စစ်သည်တော်ကျင့်ဝတ်နှင့် စစ်စည်းကမ်းများကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း SRA က ထုတ်ပြန်သည်။ အဆိုပါ သင်တန်းကို ဗမာပြည်သူ့…