Category: News
-

တောင်သူလယ်သမားများကို ဉာဏ်ရည်တု (AI) နှင့် ဒစ်ဂျစ်တယ်စနစ်များ သုံး၍ လယ်စိုက်ပျိုးရန် မင်းအောင်လှိုင်ပြော
မြန်မာနိုင်ငံတဝန်း လျှပ်စစ်မီး ပြတ်တောက်မှု အဆိုးရွားဆုံး ကြုံတွေ့နေရပြီး အင်တာနက်လိုင်းများ အဖြတ်တောက်ခံထားရသည့်ကြားမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်သူလယ်သမားများကို ဉာဏ်ရည်တု (AI) နှင့် ဒစ်ဂျစ်တယ်စနစ်များ သုံး၍ လယ်စိုက်ပျိုးရန် တိုက်တွန်းလိုက်သည်။ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာတွင် စစ်ကော်မရှင် ဥက္ကဋ္ဌက မြန်မာ့လယ်ယာကဏ္ဍကို Smart Farming သို့ ကူးပြောင်းရန်နှင့် တောင်သူများအနေဖြင့် ဖုန်းဖြင့် ဓာတ်ပုံရိုက်ရုံမျှဖြင့် ပိုးမွှားကို စက္ကန့်ပိုင်းအတွင်း နှိမ်နင်းနိုင်မည်ဟု ဆိုထားသည်။ စစ်ကောင်စီဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် AI အခြေပြု Application များကို အသုံးပြုလာနိုင်ပါက စမတ်ဖုန်းဖြင့် သီးနှံအရွက်ကို ဓာတ်ပုံရိုက်ရုံဖြင့် ပိုးမွှားရောဂါကို သိနိုင်မည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ တောင်သူများမှာ ဖုန်းအားသွင်းရန် လျှပ်စစ်မီးပင် ပုံမှန်မရရှိကြပေ။ မြန်မာအင်တာနက် ပရောဂျက်၏…
-

မြန်မာကိုဝင်တိုက်ရအောင် စွရူးလား ဘာညာ ပြောနေတော့
အခုတလော မအလ ဘောမတချို့က US က မြန်မာကိုဝင်တိုက်ရအောင် စွရူးလား ဘာညာ ပြောနေတော့ အခု အမေရိကန် စစ်တိုက်နေတဲ့ပုံကို သေခြာ ပြန်လေ့လာကြည့်မိတယ်။ လတ်တလော US စစ်ဗျူဟာကိုကြည့်ရင် ၁။ အဓိကအားသာချက်ကိုပဲသုံးတယ်။ (လေကြောင်းကိုအဓိကသုံးတယ် ) ၂။ ခေါင်ကိုပဲ တွယ်တယ် (လတ်တလော ဆော်ထားတာကြည့် ) ၃။ သူ့စစ်စွမ်းရည်ကို အမြဲချန်ထားတယ် (သူ့ဆီမှာ ဒိ့ထက်အားကောင်းတဲ့လက်နက်ရှိနိုင်ပေမယ့် အကုန်ထုတ်မသုံးဘူး) ၄။အခုအမေရီကန်က ကမ္ဘာ့အရေးအခင်းမှာ ခပ်စွာစွာလေး လုပ်ပြနေပေမဲ့ သူ့စစ်သားတွေကိုမသုံးသေးဘူး။ US က ဘယ်လိုအကြောင်းပြပြီး ဘယ်အချိန်တွေမှာတိုက်သလဲ ၁။ မူးယစ်ဆေး ၂။ အမေရိကန်လုံခြုံရေး ဒါတွေကိုအခြေခံတယ်ပြောပေမယ့် အခု အမေရိကန် ဆော်ပြထားတဲ့နိုင်ငံအားလုံးဟာ တရုတ်၊ ရုရှား ပလဲနံပသင့်တဲ့နိုင်ငံတွေချည်းပဲ။ အထူးအားဖြင့် တရုတ်က…
-

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများကို ပြတ်သားစွာ အရေးယူရန် အမေရိကန်သမ္မတထရမ့် အမိန့်ထုတ်
မြန်မာ အပါအဝင် ကျားဖြန့်လက်ခံထားသော နိုင်ငံများအတွက် အမေရိကန်၏ ကြီးမား ပြင်းထန်သော သတိပေးချက်ဟုဆို နိုင်ငံဖြတ်ကျော် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများအပေါ် ပိတ်ဆို့အရေးယူရန်၊ အကူအညီများဖြတ်တောက်ရန် အမေရိကန်သမ္မတထရမ့်က မတ်လ ၆ ရက်နေ့တွင် အမိန့်ထုတ်ပြန်သည်။ အမေရိကန်မိသားစုများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရေးကြီးသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားနေသည့် နိုင်ငံဖြတ်ကျော် ဆိုင်ဘာရာဇဝတ်မှုများနှင့် ကျားဖြန့် (Scam Centers) အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရန် သမ္မတ ဒေါ်နယ်ထရမ့်က အမှုဆောင်အမိန့် (Executive Order) တစ်ရပ်ကို မတ်လ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အဆိုပါအမိန့်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို မိမိတို့မြေပေါ်တွင် လက်ခံခွင့်ပြုထားသော နိုင်ငံများကို ပြတ်ပြတ်သားသား အရေးယူရန်နှင့် စီးပွားရေးပိတ်ဆို့မှု (Sanctions) ချမှတ်ရန် အပါအ၀င် နောက်ဆက်တွဲ အရေးယူမှုများစွာ…
-

ကနီနယ်တွင် သားရှင်ပြုအလှူပွဲ ဒရုန်းတိုက်ခိုက်ခံရပြီး မောင်ရင်လောင်း ၂ဦးအပါ ၇ ဦးသေဆုံး
စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ နတ်လာပို့ကျေးရွာရှိ သားရှင်ပြု အလှူပွဲကို စစ်ကော်မရှင်တပ်က အသေခံဒရုန်းဖြင့် မတ်လ ၇ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် မောင်ရင်လောင်း နှစ်ဦးအပါ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အသေခံဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အသေခံ ဒရုန်းနဲ့ နှစ်ကြိမ်ဗုံးလာကြဲတာပါ။ ပထမအကြိမ်က အလှူမဏ္ဍပ် နေအိမ်ကို ဗုံးကြဲခံရတာ ဖြစ်ပါတယ်။ မောင်ရင်လောင်းအပါ သေဆုံးသူ ခုနစ်ဦး ရှိတယ်။ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးလောက်ရှိတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။ အဆိုပါ ဖြစ်စဉ်အတွင်း မောင်ရင်လောင်း နှစ်ဦး နှင့် အမျိုးသမီး…
-

လွတ်ငြိမ်းထောင်ကလွတ်လာသော သမီးကို သွားကြိုတဲ့ အမေအို ကားမှောက်၍ ဆုံးပါး
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာမယ့် သမီးအငယ်ဆုံးလေးကို သွားရောက်ကြိုဆိုဖို့ ပြင်ဆင်ခဲ့တဲ့ အသက် (၆၁) နှစ်အရွယ် မိခင်အိုကြီးတစ်ဦးဟာ ကံဆိုးမိုးမှောင်ကျမှုကြောင့် လမ်းခုလတ်မှာတင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရတဲ့ ဝမ်းနည်းစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဖယ်ခုံမြို့နယ်အနောက်ခြမ်းကနေ တောင်ငူမြို့ဘက်ကို မောင်းနှင်လာတဲ့ ခရီးသွားမော်တော်ယာဉ်တစ်စီးဟာ လိပ်သိုမြို့၊ ကော်ပတ်ခြံရွာအနီး “သုံးထပ်ကွေ့” အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာပါ။ ဤဖြစ်စဉ်ကြောင့် မျှော်လင့်ချက်ကြီးစွာနဲ့ သမီးဖြစ်သူကို ကြိုဆိုဖို့သွားတဲ့ မိခင်ကြီးမှာ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ ဆုံးရှုံးခဲ့ရပါတယ်။ ထောင်ကလွတ်လာသော သမီးကို သွားကြိုသည့် အမေအို ကားမှောက်၍ ဆုံးပါး စစ်တပ်လွတ်ငြိမ်းဖြင့် ထောင်က လွတ်လာသော သမီးကို သွားကြိုသည့် အသက် (၆၁) နှစ် အရွယ် အမေအို ကားမှောက်၍…