Category: News

  • ဖလမ်းမြို့က လက်ကျန် စစ်စခန်းကို  ရိက္ခာဖြတ်တောက် ပိတ်ဆို့ထား

    ဖလမ်းမြို့က လက်ကျန် စစ်စခန်းကို ရိက္ခာဖြတ်တောက် ပိတ်ဆို့ထား

    ဖလမ်းမြို့က လက်ကျန် စစ်စခန်းကို ရိက္ခာဖြတ်တောက် ပိတ်ဆို့ထား၊ ငတ်ပြတ်ပြီး မသေချင်ရင် အမြန် လက်နက်ချဖို့ ဖိတ်ခေါ် ချင်းပြည်၊ ဖလမ်းမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် မြို့ထဲမှာ ကျန်ရှိနေတဲ့ စစ်အုပ်စု စခန်းတွေကို ချင်းညီနောင်တပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ထားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။ ချင်းတော်လှန်ရေးတပ်တွေဖြစ်တဲ့ ချင်းညီနောင် တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ် တပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့ အလုံးစုံ သိမ်းပိုက်နိုင်ရေး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဖြစ်ပြီး တပ်ကုန်းပေါ်မှာ အခြေ ပြုနေထိုင်တဲ့ စစ်အုပ်စုကို ဆန်၊ ဆီ၊ ဆား ရိက္ခာနဲ့ သောက် သုံးရေတွေ ပိတ်ဆို့ဖြတ်တောက် ထားတယ်လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။ “ရိက္ခာ ဖြတ်တောက်ထားတာက ကြာပါပြီ ။ အဓိကတော့ တောင်ပေါ်မှာက…

  • ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရ

    ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရ

    ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရပြီး ဒေသခံများထိတ်လန့် ဧရာ၀တီတိုင်း ပုသိမ်တွင် ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲများမှနေ၍ ထိခိုက်မှုများပြားကာ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေ့စဉ်သင်္ဂြိုဟ်နေရကြောင်း သိရ သည်။ ပုသိမ်မြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) စစ်ဆေးရုံ မဆရ ၄ မှ ထွက်ခွာလာသည့် စစ်ကား ကိုး စီးသည် ယနေ့ ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်အရာရှိနှစ်ဦး ကို ရွှေမြင်တင်သင်္ဂြိုဟ်စက်တွင် နိုင်ငံတော် အလံများအုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ “တိုက်ပွဲတွင်းမှာ သေဆုံးတွေကို ရွှေမြင်တင်မှာ သင်္ဂြိုဟ်နေတာ။ ညဘက်တွေလည်း အသုဘချနေရတယ်။ အရာရှိတွေလည်းပါတယ်။ အခမ်းအနားနဲ့ လုပ်ပြီး အလံအုပ်သင်္ဂြိုဟ်တာ။ သေနတ်တွေလည်း…

  • သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံး

    သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံး

    သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံးပြီး အလောင်းပြန်ယူနိုင်ခြင်းမရှိသေး ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ညနေပိုင်းက မြို့မရဲစခန်းမှူး ဒုရဲမှူး၀င်းနိုင်ဦး စနိုက်ပါထိမှန်ကာ သေဆုံးခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ဒုရဲမှူးသည် သာပေါင်းမြို့နယ် ကျားခေါင်းကျေးရွာအကျော် တောတွင်း၌ ခံစစ်ပြင်ထားသော စစ်ကောင်စီနှင့်ရဲများ ထံသို့ အရပ်ဘက်ကားကိုအသုံးပြုကာ ရိက္ခာသွားပို့စဥ် စနိုက်ပါနှင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကာ ယခုအချိန်ထိ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေသောကြောင့် အလောင်းကိုပြန်မယူနိုင်သေးကြောင်းသိရသည်။ “ညက ရဲနဲ့စစ်တပ်နဲ့ပေါင်းပြီး အလောင်းသွားကောက်တာ ဟိုဘက်က ပြန်ပစ်နေလို့ တိုက်ပွဲဖြစ်နေလို့ကောက်လို့မရသေးဘူး။ သူနဲ့ပါသွားတဲ့ကားသမားတွေနဲ့ရဲတွေက ထွက်ပြေးသွားတာ စနိုက်ပါမှန်ပြီးသေတာကတော့သူတစ်ယောက်ထဲပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။ အာရက္ခတပ်တော် AAနှင့် ပူးပေါင်းတပ်များ သည်မကျီးဇင်မှတစ်ဆင့်သာပေါင်းမြို့နယ် အစပ်သို့ရောက်ရှိနေပြီး ယခုကဲ့သို့ စစ်တပ်နှင့်ရဲတံဆိပ်ပါကားများကို အသုံးပြုခြင်းမရှိပဲ အရပ်ဘက်ကားကိုအသုံးပြုလာသော ဒုရဲမှူးကို အတိအကျပစ်ခတ်ခံရခြင်းကြောင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့်ရဲများထိတ်လန့်နေကြကြောင်း သိရသည်။ သာပေါင်းမြို့နယ်၊မကျီးဇင်-သာပေါင်းကားလမ်းတွင်ဇန်နဝါရီ ၈ ရက်နေ့မှစတင်ကာ…

  • မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ

    မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်း အရပ်ဘက်ရာထူးကြီးများဖြင့် အစားထိုးလျက်ရှိကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ အကြမ်းဖက်မင်းအောင်လှိုင်၏ အမိန့်အရ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံးက စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့်အထိ အရာရှိငယ်များကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်းသို့ အလုံးအရင်းဖြင့် ခန့်ထားသွပ်သွင်းလျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းတွင်ပင် စစ်ကောင်စီက ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့် အရာရှိငယ် ၅၀ ဝန်းကျင်ကို စစ်ကောင်စီ၏ ယန္တရားများအတွင်းသို့…

  • ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် မဖြစ်မနေ ရယူရမည်

    ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် မဖြစ်မနေ ရယူရမည်

    ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် မဖြစ်မနေ ရယူရမည် စစ်မှုထမ်းရမည့် အရေအတွက်စာရင်း အမြန်ဆုံးပြုစုပြီး သက်ဆိုင်သူများကို အသိပေးရန် အမိန့်ပေးညွှန်ကြား ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရေး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် ရယူတော့မည်ဖြစ်ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ မြန်မာနိုင်ငံတွင် စစ်မှုမထမ်းရန်အတွက် လူငယ်များက နိုင်ငံခြားသို့ ပုံစံမျိုးဖြင့် ထွက်ခွာလျက်ရှိကြောင်း၊ ယင်းသို့ ထွက်ခွာသွားသည့် လူငယ်အရေအတွက်မှာ သန်းချီရှိပြီး ယင်းလူငယ်များ မြန်မာနိုင်ငံအတွင်းသို့ ပြန်လာ စစ်မှုထမ်းရေးအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန်တွင် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ထောက်ခံချက် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံတွင် စစ်မှုထမ်းရန် ရွှေ့ဆိုင်းခွင့်(သို့မဟုတ်)…