Category: News
-

မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်း
မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်ကို ဆန့် ကျင် တိုက်ထုတ်သော စစ်ဆင်ရေးများ မကြာမီ စတင်မည် မွန်ပြည်နယ်တွင် တပ်ဖွဲ့ ၄ ဖွဲ့ စုပေါင်း၍ ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းပြီးဖြစ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ရာမညစစ်ကြောင်းပြောဆိုခွင့်ရှိသူများ ဒေါက်တာသီရိမွန်ချမ်း က ပြောကြားသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် တပ်ဖွဲ့ ၄ ဖွဲ့၏ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းများအတွက် “ရာမညပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ” ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် စစ်ဆင်ရေးတွေ…
-

အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြု
အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြု၊ ပဋိပက္ခများအတွင်း ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဟု စစ်ကောင်စီကို သတိပေး “ရွေးကောက်ပွဲက အားလုံးပါဝင်ရမယ်။ ရွေးကောက်ပွဲဟာ ကွက်ပြီး သီးခြား လုပ်လို့မရပါဘူး။ သက်ဆိုင်သူအားလုံး ပါဝင်ရမယ်။ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူး။ ကျနော်တို့ ဦးစားပေးက အပစ်အခတ်ရပ်စဲဖို့ပါပဲ ” အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုရန် ဆက်လက် ဆုံးဖြတ်လိုက်ကြောင်း အဆိုပါအစည်းအဝေးက တရားဝင် သတင်းထုတ်ပြန်သည်။ အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယမန်နေ့ မလေးရှားနိုင်ငံ၊ လန်ကာဝီတွင် ကျင်းပ ပြုလုပ်ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်မှာ…
-

စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်
မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်ဟု AA က သတိပေး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရမည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက သတိပေး ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ မြောက်ဦးမြို့ရှိ စစ်သုံ့ပန်းများ ထားရှိနေရာနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချမှုကြောင့် အမျိုးသမီးများ၊ ကလေးများ အပါအဝင် ၂၈ ဦး သေဆုံးပြီး သေဆုံးသူများတွင် စစ်သုံ့ပန်းများလည်းပါဝင်ခဲ့ရာ ယင်းလုပ်ရပ်မှာ စစ်ရာဇဝတ်မှု မြောက်ကြောင်း၊ ဂျနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်ရာရောက်ကြောင်း၊ ထို့ကြောင့် စစ်ခေါင်းဆောင်များအနေဖြင့် ယင်းလုပ်ရပ်အတွက် တာဝန်ယူ တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ်…
-

မန္တလေးကိုသိမ်းမည့် MDY-PDF နှင့် စစ်သင်တန်းနည်းပြ အမျိုးသမီးများ
တပ်သားသစ်များ ရရှိလာသည့် တော်လှန်ရေးအဖွဲ့တွင် ငယ်ငယ်ရွယ်ရွယ် သင်တန်းဆရာမများမှာ ရန်သူထက် အားသာချက်များ ရှိနေသလို သင်တန်းကာလတွင်လည်း စိန်ခေါ်မှု၊ လေးစားခံရမှုများ ကြုံတွေ့နေရသည်။ “လေ့ကျင့်ရေးမှာ ချွေးထွက်များမှ စစ်မြေပြင်မှာ သွေးထွက်နည်းမယ်” ဟူသော သံပြိုင်ကြွေးကြော်သံနှင့်အတူ မောင်းပြန်ရိုင်ဖယ်ကိုယ်စီ ကိုင်ဆောင်ထားသော လူငယ်များက ဖုန်တထောင်းထောင်းထနေသော စစ်သင်တန်းကွင်းအတွင်း ဟန်ချက်ညီညီအပြေးနှင်နေကြသည်။ ထိုသင်တန်းသူ၊ သင်တန်းသားများမှာ စစ်ကောင်စီကို ခြေသံလုံလုံဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF တပ်ဖွဲ့ဝင်သစ်များဖြစ်ပြီး ပြောက်ကျားစစ်ယူနီဖောင်းဝတ်နည်းပြများမှာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးများဖြစ်သည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတွင် အမျိုးသမီးတော်လှန်ရေးသမား အများအပြားသည် ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူအပေါ် ဗိုလ်ကျစိုးမိုးခဲ့သည့် စစ်အာဏာရှင်စနစ်ကို အပြီးအပြတ်တိုက်ထုတ်ရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်နေကြသည်။ အမျိုးသမီးရဲဘော်များသည် နောက်တန်းတွင် အုပ်ချုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်…
-

CDF – KKG အပတ်စဉ်(၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ကဘော်ဒေသ၊ဂန့်ဂေါမြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ CDF- KKG (Kalay-Kabaw-Gangaw) အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းကို CDF – KKG တပ်ရင်း ( ၂ ) မှ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို CDF – KKG ဒု စစ်ဦးစီးချုပ်နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေတက်ရောက်ခဲ့တယ်လို့ CDF-KKG ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာလည်း CDF – KKG ရဲ့ အခြေခံစစ်ပညာမွန်းမံသင်တန်းဆင်းပွဲကို ကျင်းပခဲ့ပါသေးတယ်။ အဆိုပါ အခြေခံစစ်ပညာမွန်းမံသင်တန်းကိုတော့ CDF – KKG တပ်ရင်း…