Category: News

  • တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်

    တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်

    တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -သံတောင်လမ်းမပေါ် ၆ မိုင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း KNLA တပ်မ ဟာ ၂ တပ်ရင်း ၅ ၏ သတင်းရင်းမြစ် Thawthikho မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီက သံတောင်ကြီးမြို့နယ်၊ တောင်ငူ – သံတောင်လမ်းမပေါ် တွင် တပ်မဟာ ၂…

  • စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ

    စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ

    မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ မြန်မာနိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီကို အပြီး တိုင်ချေမှုန်းတော်လှန်သွားမည်ဟု TNLA က ထုတ်ပြန် ကြေညာလိုက်သည်။ ယနေ့ ကျရောက်သည့် ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် TNLA က အထက်ပါအတိုင်း ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။ တအာင်းဒေသခံ ပြည်သူလူထုတို့၏ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် မြန်မာပြည် တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ မြန်မာစစ်ကောင်စီကို အပြီးတိုင် ချေမှုန်း တော်လှန်သွားမည်ဖြစ်ကြောင်း TNLA က ကြေညာသည်။ ထို့ပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ-TPCC ဦးဆောင်ရေးဆွဲထားသည့်…

  • အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

    အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

    အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ “အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလသည် ရခိုင်ဒေသ၏ အဆုံးအဖြတ်ဆိုင်ရာ စစ်ရှိန်အမြင့်ဆုံးကာလဟု ဆိုရမည် ဖြစ်သည်။ ရက်ပေါင်း ၅၀ ကျော် တိုက်ခိုက်ခဲ့ရသည့် မောင်တောရှိ အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၅) ကို ဒီဇင်ဘာလ ၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်။ ဒီဇင်ဘာလ ၁၄ ရက်တွင် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ရှိရာ တောင်ကုတ်ကို အပြီးသတ် သိမ်းပိုက်ခဲ့ပြန်သည်။ ထို့နောက် ရခိုင်ဒေသအတွက် စစ်ကောင်စီ၏ စစ်ဘက် ကွပ်ကဲမှုဌာနချုပ် အမ်းကို…

  • မြန်မာနိုင်ငံရှိ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်းနိုင်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် ပြောပြန်

    မြန်မာနိုင်ငံရှိ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်းနိုင်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် ပြောပြန်

    ယခင်က ပြောဆိုခဲ့ဖူးသော လျှပ်စစ်ရထား၊ မြေအောက်ရထား၊ လျှပ်စစ်ဘတ်စ်ကားများ တစ်ခုမှ ဖြစ်မလာခဲ့ဘဲ လျှပ်စစ်မီးပင် တစ်နေ့ ၄ နာရီ မှန်မှန် မပေးနိုင်တော့ ယနေ့ကာလတွင် လျှပ်စစ်ကားများ အသုံးပြုလာနေပြီဖြစ်၍ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်း နိုင်ရေး သုတေသနလုပ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်သည်။ ယမန်နေ့ ဒလသင်္ဘောကျင်း နှစ် ၁၅၀ ပြည့် အခမ်းအနားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်၍ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ” ယနေ့ကာလအတွင် ကုန်လမ်းပို့ဆောင်ရေး ယာဉ်များတွင် လျှပ်စစ်၊ ဘက်ထရီစသည်ဖြင့် စွမ်းအားများကို အသုံးပြုနေပြီဖြစ်သည့်အတွက် သင်္ဘောများတွင်လည်း ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုနိုင်ရေး သုတေသနပြုဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း” မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်သည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စတင်အာဏာသိမ်းချိန်…

  • ၂၀၂၄ ခုနှစ်က တော်လှန်ရေး အင်အားစုများအတွက် စစ်ရေးအရ အောင်မြင်သည့်နှစ်ဖြစ်

    ၂၀၂၄ ခုနှစ်က တော်လှန်ရေး အင်အားစုများအတွက် စစ်ရေးအရ အောင်မြင်သည့်နှစ်ဖြစ်

    မြို့ပေါင်း ၆၀ ကျော်နဲ့ တိုင်းစစ်ဌာနချုပ် ၂ ခု သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအတွက် စစ်ရေးအရ အောင်မြင်တဲ့နှစ် ဖြစ်ခဲ့ပါတယ်။ လာမယ့် ၂၀၂၅ မှာတော့ စစ်ကောင်စီရဲ့ ခဲယမ်းအိုးလို့ ပြောဆိုကြတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းတို့ အပါအဝင် ကပစ စက်ရုံတွေရှိရာ နေရာတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာဖို့ ရှိနေပါတယ်။ အာဏာသိမ်းပြီး ၄ နှစ်နီးပါး ရှိလာချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်း ၉၄ မြို့အထိ သိမ်းယူထားနိုင်ခဲ့ပါပြီ။ အဲဒီမြို့တွေထဲက မြို့ပေါင်း ၆၀ ကျော်ကိုတော့ ၂၀၂၄ ခုနှစ် တနှစ်တာအတွင်းမှာပဲ သိမ်းထားတာပါ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အထိ မြို့ပေါင်း ၃၀ ကျော်ပဲ သိမ်းနိုင်ခဲ့တာဖြစ်ပြီး တနှစ်အတွင်း သိမ်းဆည်းနိုင်မှုက…