Category: News

  • နေပြည်တော်မှာ လူငယ်တွေကို ဦးဆောင်ပေါ်တာဆွဲနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

    နေပြည်တော်မှာ လူငယ်တွေကို ဦးဆောင်ပေါ်တာဆွဲနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

    နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ထံ လူငယ်တွေကို ဦးဆောင်ပေါ်တာဆွဲပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ပြည်သူတွေရဲ့ တောင်းဆိုချက်အရ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်ရဲ့ မတ် ၂၅ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။ လယ်ပြင်မကျေးရွာအုပ်စု၊ ထန်းတပင်ရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အောင်ကျော်ဟာ အနီးအနားရှိ ကျေးရွာတွေမှ လူငယ်တွေကို စစ်ကောင်စီတပ်သားတွေမပါဘဲ ကိုယ်တိုင်ဦးဆောင်ပြီး အတင်းအဓမ္မဖမ်းဆီး၍ စစ်ကောင်စီထံသို့ ပို့ဆောင်ပေးနေသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးကို ရန်ကုန်-မန္တလေး အမြန်လမ်း (၂၂၉) မိုင်အနီးရှိ ကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးစဉ် မှောက်ခိုင်းရာမှာ စစ်ကောင်စီတပ်သားတွေလို့ ထင်မှတ်ပြီး “ငါက အုပ်ကြီးကွ”လို့ မောက်မာစွာပြောဆိုခဲ့တဲ့အတွက် နေရာမှာပဲပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးမှူး အောင်ကျော်နဲ့အတူ ပါရှိတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တံဆိပ်တုံးတွေနဲ့ အခြားအထောက်အထားတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းရာမှာ ပါဝင်ကူညီနေတဲ့…

  • ကန်ရဲ့ ၁၅ ချက်ပါတဲ့ အစီအစဥ်ကို အီရန်ကလက်ခံလိုက်ပြီလို့ ပါကစ္စတန်ပြောခွင့်ရပြော

    ကန်ရဲ့ ၁၅ ချက်ပါတဲ့ အစီအစဥ်ကို အီရန်ကလက်ခံလိုက်ပြီလို့ ပါကစ္စတန်ပြောခွင့်ရပြော

    အမေရိကန်နဲ့ အီရန်ကြားမှာ ကြားခံဝင်ရောက်‌ဆောင်ရွက်‌နေတဲ့ ပါကစ္စတန်ရဲ့ အရာရှိ ၂ ဦး ပြောဆိုချက်ကို ကိုးကားပြီး အမေရိကန်-အီရန် အပစ်ခတ်ရပ်စဲရေးပြုလုပ်ဖို့ အမေရိကန်ဘက်က အဆိုပြုထားတဲ့ အချက် ၁၅ ချက်ပါ အစီအစဉ်ကို အီရန်က လက်ခံလိုက်ပြီလို့ အေပီသတင်းဌာနက ဖော်ပြလာပါတယ်။ ပါကစ္စတန်ဘက်ကပြောတဲ့ အဲဒီအဆိုပြုချက်တွေထဲမှာ … – ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးဖို့ – အရပ်သားတွေပါဝင်တဲ့ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု – အီရန်ရဲ့ နျူကလီယားအစီအစဉ်တွေကို နောက်ဆုတ်လိုက်ဖို့ – နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီကနေ စောင့်ကြည့်ခွင့်ပေးဖို့ – မစ်ဆိုင်း ကန့်သတ်ချက်တွေနဲ့ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ ပို့ဆောင်ဖြတ်သန်းခွင့်ပေးဖို့ ဆိုတဲ့အချက်တွေလို့ ပါကစ္စတန်ဘက်က ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှာရစ်ဖ် ကလည်း အမေရိကန်-အီရန် ပဋိပက္ခတွေကို…

  • စက်သုံးဆီထုတ်ယူပြီး မှောင်ခိုဈေးနဲ့ ပြန်ရောင်းစားသူတွေများလာလို့ အ​ရေးယူဖို့လိုအပ်

    စက်သုံးဆီထုတ်ယူပြီး မှောင်ခိုဈေးနဲ့ ပြန်ရောင်းစားသူတွေများလာလို့ အ​ရေးယူဖို့လိုအပ်

    စက်သုံးဆီ အရောင်းဆိုင်တွေမှာ လှည့်လည် ဆီ တန်းစီထုတ်ယူ စုဆောင်းပြီး မှောင်ခိုဈေးကွက်မှာ မတန်တဆ ‌အမြင့်ဈေးနဲ့ ပြန်လည် ရောင်းစားတဲ့သူတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ လက်ရှိ နိုင်ငံရဲ့ စက်သုံးဆီ ချွေတာရေးစနစ်အရ ပြီးခဲ့တဲ့ မတ် ၁၂ ရက်မှစတင်ကာ Wheel Tax (ယာဉ်သက်သေခံလက်မှတ်) ပါ ဘားကုဒ်/QR ကုဒ်နဲ့ စစ်ဆေးပြီး စက်သုံးဆီတွေကို အရောင်းဆိုင်တွေမှာ အရေအတွက် အကန့်အသတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တချို့သော ယာဉ်မောင်းတွေဟာ ဆီဆိုင်တွေက ဝန်ထမ်းတွေကို ငွေကြေးပေးပြီး ဘားကုဒ်ကို scan မဖတ်ဘဲ အကြိမ်ကြိမ် ဆီထုတ်ကာ မှောင်ခိုဈေးကွက်မှာ စီးပွားဖြစ် ရောင်းစားနေကြတယ်လို့ သိရပါတယ်။ “အခုက တချို့ တက္ကစီသမားတွေက ကားမဆွဲကြတော့ဘူး။ ဆီတန်းစီပြီး…

  • Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်

    Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်

    အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးငွေဖြင့် ဝယ်ယူထားသည့် Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ် အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးငွေဖြင့် ဝယ်ယူထားသည့် Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း Defense Expressက သတင်းဖော်ပြသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် မြန်မာစစ်တပ်က လေယာဉ်အမှတ် ၁၉၀၁ နှင့် ၁၉၀၂ ပါရှိသော ရုရှား လုပ် Su-30SME တိုက်လေယာဉ် ၂ စီးကို လေတပ်အတွင်း ထည့်သွင်းသည့် တရားဝင်အခမ်း အနားတစ်ရပ်ကို ကျင်းပခဲ့သည်။ ယင်းမှာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရှိသော Su-30SME တိုက်လေယာဉ်…

  • မင်းအောင်လှိုင်မိသားစု၏ ဒေါ်လာသန်းချီတန် “အလွန်ခမ်းနားသော” ဘန်ကောက်အိမ်ခြံမြေဝယ်ယူမှုကို JFM ဖော်ထုတ်

    မင်းအောင်လှိုင်မိသားစု၏ ဒေါ်လာသန်းချီတန် “အလွန်ခမ်းနားသော” ဘန်ကောက်အိမ်ခြံမြေဝယ်ယူမှုကို JFM ဖော်ထုတ်

    မင်းအောင်လှိုင်မိသားစု၏ ဒေါ်လာသန်းချီတန် “အလွန်ခမ်းနားသော” ဘန်ကောက်အိမ်ခြံမြေဝယ်ယူမှုကို JFM ဖော်ထုတ် ပိတ်ဆို့မှုရှောင်ရန် ချွေးမအမည်ဖြင့် အမည်ခံကုမ္ပဏီသုံး၍ ဝယ်ယူခဲ့ ကြူကြူလှ နှင့် ချွေးမ မျိုးရတနာထိုက် တို့ကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆို တရားမဝင် မြန်မာစစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နေသည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားနှင့် ချွေးမဖြစ်သူတို့သည် ဘန် ကောက်မြို့ရှိ တန်ဖိုးကြီး ဇိမ်ခံအိမ်ရာတစ်ခုကို ထိုင်းဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) ဖြင့် ဝယ်ယူခဲ့ကြောင်း Justice For Myanmar က ဖော်ထုတ်လိုက်သည်။ အဆိုပါဝယ်ယူမှုကို မင်းအောင်လှိုင်မိသားစု၏ အတွင်းလူဖြစ်သူ မြန်မာစစ်အုပ်စုခရိုနီ ထွန်းမင်းလတ် က ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ထွန်းမင်းလတ်သည် ၂၀၂၂…