Category: News
-

ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့် DKBA က ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု ကြေညာ
ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့် DKBA က လူကုန်ကူးမှု တိုက်ဖျက်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ရာဇဝတ်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း နှိမ်နင်းမည်ဟု ကြေညာလာကြသည်။ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် – DKBA အနေဖြင့် နိုင်ငံတကာက တိုက်ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း DKBA တပ်မဟာ ၁ တပ်မမှူးက ပြော ကြားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဗဟိုစစ်ဌာနချုပ်ရုံး (ဆုံဆည်းမြိုင်) ၌ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ဝင်များ အစည်းအဝေးဖြင့် ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်း နှိမ်နှင်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။…
-

မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီလေကြောင်း အလွန်အကျွံသုံး တိုက်ခိုက်
ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံအသုံးပြုနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက ပြောသည်။ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီ၏ ထိုးစစ်ရက်ပေါင်း ၆၀ကျော် အတွင်း ယမန်နေ့(ဖေဖော်ဝါရီ ၅ရက်)တွင် လေကြောင်းမှ တိုက်ခိုက်မှုအကြိမ်ရေအများဆုံးဟု ကရင်နီစစ် ဘက်သတင်းရင်းမြစ်အချို့ကလည်း ဆိုသည်။ “မိုးဗြဲမှာ မနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။ဒီနေ့ (ဖေဖော်ဝါရီ ၆ ရက်)အထိလည်း စစ်ရေးတင်းမာမှုတွေရှိနေတုန်းပဲ။စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကိုအဆမတန် အသုံးပြုတယ်။အကြိမ်ပေါင်းများစွာလုပ်ခဲ့တယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။ ယမန်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် Y 12၊ဂျက်ဖိုက်တာနှင့် ကင်းထောက်လေယာဥ်များစွာ အသုံးပြုခဲ့ကြောင်းလည်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်က အသိပေးသည်။ “နေ့လည်ပိုင်းကတည်း လေယာဥ်နဲ့စကြဲတာ ည ၁၀ နာရီလောက်အထိ ရှိတယ်။အခု ဒီမနက်လည်း ကင်း ထောက်လေယာဥ်ဝဲနေသလို…
-

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထား
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်အမျိုးသား များကို စစ်မှု ထမ်း ရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘဆွေမျိုးများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ စည်ပင်အေးကျေးရွာနေ ဦးမင်းသောင် ၏ သားဖြစ်သူ မောင်ကျော်ဇင်သက်နှင့် ဦးဌေးလွင်၏ သားဖြစ်သူ မောင်ရဲမင်းအောင် အပါအဝင် လူ ၅ ဦးသည် ပရိုဘောက်ကား 9E/2970 ဖြင့် ပဲခူးမင်္ဂလာ ဆောင်မှ ပြန်လာခဲ့ကြောင်း၊ ထိုသို့ ပြန်လာစဉ် ရန်ကုန်-မန္တလေး အမြန်လမ်း၊ အုတ်တွင်းမြို့စစ် ဆေးရေးဂိတ်တွင် စစ်တပ်က အသက် ၁၈ နှစ်မှ အသက် ၃၅…
-

တော်လှန်ရေးပူးပေါင်းတပ်များ၏ထိုးစစ် ပဲခူး အနောက်ခြမ်းရှိ ကပစစက်ရုံများ အနီးသို့ရောက်ရှိလာ
ခံစစ်စည်းများ အထပ်ထပ်ပြင်ဆင်ခုခံသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ၏ထိုးစစ် ပဲခူး အနောက်ခြမ်းရှိ ကပစစက်ရုံများ အနီးသို့ရောက်ရှိလာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာ၌ အထူးခံစစ်ပြင်ထားသည့် စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။ တောင်ကုတ်နှင့် ပဲခူးအစပ်ရှိ တောင်ပုံကြီးစခန်း AA လက်ထဲကျရောက်ပြီးနောက် စစ်ကောင်စီတပ်များ ပဲခူးတိုင်းအတွင်းရှိ မိုးထိဗျူဟာတွင် ခံစစ်ပြင် ခုခံခဲ့သော်လည်း မိုးထိဗျူဟာကိုပါ AA က သိမ်းပိုက်ခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်မှာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးသို့ ရောက်ရှိလာပြီး စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ (ကပစ) များထံမှ အင်အားများကို တိုက်ပွဲဖြစ်နေသည့် ညောင်ကျိုးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ “ခုတိုက်ပွဲတွေက ပန်းတောင်းမြို့နယ်ထဲကိုရောက်နေပြီလို့ပြောရမယ်။ ညောင်ကျိုး ပုဂံကွဲဆိုတာ ပန်းတောင်းထဲမှာပါ။ တိုက်ပွဲပြင်းထန်နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က…
-

တောင်သာနယ် ရုံးစည်ကြီးရွာကို စစ်အုပ်စုဗုံးကြဲတာမှာ နေပြည်တော်ညွှန်ချုပ်ပိုင်ကုန်စုံဆိုင် ထိမှန်မီးလောင်ပျက်စီး
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ရုံးစည်ကြီးရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲပစ်ခတ်လို့ နေ ပြည်တော်ညွှန်ချုပ်မိသားစုပိုင်တဲ့ ကုန်စုံဆိုင် ထိမှန်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ ရုံးစည်ကြီးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်အုပ်စုက ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းမှာ လေကြောင်းကနေ ခြောက် ကြိမ်ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားခဲ့လို့ စစ်အုပ်စု ဗိုလ်မှူးကြီးအငြိမ်းစားရဲ့ ညီဖြစ်သလို နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူးချုပ်မိသားစု ပိုင်ဆိုင်တဲ့ ကုန်စုံဆိုင်ပါ ဗုံးသီးထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့တာလို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာကလည်း ဆိုပါတယ်။ “တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အဲဒီ ရုံးစည်ကြီးရွာထဲကနေ ရဲဘော်တွေက ဖြတ်သွားတာပေါ့။ အဲဒါသတင်းရပြီး တော့ ညနေခင်းလောက်မှာ လေယာဉ်နဲ့ ခြောက်ကြိမ် ဗုံးလာကြဲသွားတာ” လို့ တောင်သာနယ်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့တဲ့…