📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထား

—

by

in

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်အမျိုးသား များကို စစ်မှု ထမ်း ရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘဆွေမျိုးများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ စည်ပင်အေးကျေးရွာနေ ဦးမင်းသောင် ၏ သားဖြစ်သူ မောင်ကျော်ဇင်သက်နှင့် ဦးဌေးလွင်၏ သားဖြစ်သူ မောင်ရဲမင်းအောင် အပါအဝင် လူ ၅ ဦးသည် ပရိုဘောက်ကား 9E/2970 ဖြင့် ပဲခူးမင်္ဂလာ ဆောင်မှ ပြန်လာခဲ့ကြောင်း၊ ထိုသို့ ပြန်လာစဉ် ရန်ကုန်-မန္တလေး အမြန်လမ်း၊ အုတ်တွင်းမြို့စစ် ဆေးရေးဂိတ်တွင် စစ်တပ်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံး ဝင်သည်ဟုဆိုကာ မောင်ကျော်ဇင်သက်နှင့် မောင်ရဲမင်းအောင်တို့ ၂ ဦးကို စစ်မှုထမ်းတပ်သား အဖြစ် စုဆောင်းဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

“ပဲခူးမှာ မင်္ဂလာဆောင်သွားပြီး ပြန်လာတာ။ ကားနဲ့သွားတာ လူ ၅ ဦး။ မောင်လေး ကျော်ဇင်သက်နဲ့ ရဲမင်းအောင်က စစ်မှုထမ်းရမယ့် အသက်အရွယ်ထဲဝင်နေတဲ့ လူငယ်တွေ။ အဲဒါ ရန်ကုန်-မန္တလေးအမြန်လမ်း အုတ်တွင်းဂိတ်မှာ အဖမ်းခံရတာ။ မှတ်ပုံ တင်စစ်ပြီး အသက်မီတယ်ဆိုပြီး ဖမ်းထားလိုက်တာ။ အခု လိုက်မေးတာလည်း ဘာမှ မတုံ့ပြန်ဘူး။ ရဲစခန်းကိုမေးတော့လည်း သူတို့နဲ့မဆိုင်ဘူး တပ်က လုပ်တာလို့ ပြောတယ်။ ဘယ်မှာ ဖမ်းထားလို့ ဖမ်းထားမှန်းလဲမသိရသေးဘူး” ဟု ဖမ်းဆီးခံရသူ၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။

ယင်သို့ စစ်မှုထမ်းရန်ဟုဆိုကာ လမ်းတွင် ဖမ်းဆီးမှုအတွက် မောင်ကျော်ဇင်သက်နှင့် မောင်ရဲမင်းအောင်တို့၏ မိဘများက သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များထံသို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အကြောင်းမထူးကြောင်း၊ ဖမ်းဆီးခံရသူ လူငယ် ၂ ဦးလုံးသည် ကျေးရွာတွင် မိဘနှင့်အတူ နေထိုင်ပြီး စိုက်ပျိုးရေး လုပ်ကိုင်ကြသူများဖြစ်ကြောင်း၊ ပြစ်မှု တစ်စုံ တစ်ရာ ကျူးလွန်ခြင်းမရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယင်းကဲ့သို့ လူငယ်များကို စစ်မှုထမ်းရန် ခေါ်ဆောင် ဖမ်းဆီးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဖေဖော်ဝါရီလဆန်းပိုင်း နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်တွင် ပျက်စီးနေသော မှတ်ပုံတင်ကို အသစ်လဲလှယ်ခြင်းမပြုဘဲ ကိုင်ဆောင်သည်ဟုဆိုကာ ဆယ်ကျော်သက် လူငယ် ၁ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခဲ့သေးကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ကားလမ်းများတွင် စစ်ဆေးရေးဂိတ်များဖြင့် ဖမ်း​ဆီးမှုလုပ်ဆောင်နေစဉ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်