Category: News

  • ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ

    ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ

    နိုင်ငံတစ်ဝန်း တိုင်းရင်းသားအဖွဲ့များနှင့် PDF များပူးပေါင်း တိုက်ခိုက်မှုခံနေရပြီး ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ မြန်မာနိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များပူးပေါင်း၍ တိုက်ခိုက်မှုခံနေရပြီး ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းအထိ တိုက်ပွဲများ ရောက်ရှိလာနေပြီဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြောဆိုလိုက်သည်။ ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ၆ လသက်တမ်းတိုးသည့် ကာ/လုံအစည်းအဝေးတွင် အကြမ်း ဖက်မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ လွန်ခဲ့သော ၆ လတာ ကာလအတွင်း ကချင်ပြည်နယ်တွင် KIA က PDF များနှင့်ပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင် KNU က PDF…

  • ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် လူငယ်များနှင့် အမျိုးသမီးများ သတင်းအစအန မရတော့ဘဲ ပျောက်ဆုံးနေ

    ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် လူငယ်များနှင့် အမျိုးသမီးများ သတင်းအစအန မရတော့ဘဲ ပျောက်ဆုံးနေ၊ လှိုင်သာယာတွင် လူငယ် ၂ ဦးကို စစ်မှုထမ်းရမည်ဟုဆိုပြီး စစ်တပ်က ညအချိန် ဝင်ရောက် ဖမ်းဆီး ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း၊ နေပြည်တော် ၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှ လူငယ်များ ဆက်တိုက်ပျောက်ဆုံးနေပြီး အမျိုး သမီးငယ်များလည်း ပျောက်ဆုံးမှု ပိုများလာကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် မိသားစုဝင်တချို့က ပြောဆိုသည်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၂ ရပ်ကွက်တွင်‌ နေထိုင်သော အသက် ၃၆ နှစ်အရွယ် ကိုမျိုးမင်းခိုင်သည် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် နေအိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့ကြောင်း၊ မိသားစုဝင်များက ၎င်းဖုန်းကို…

  • အလုပ်သမားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများအား တာဝန်မှအနားယူခွင့်ပြု

    အလုပ်သမားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများအား တာဝန်မှအနားယူခွင့်ပြု

    အာဏာသိမ်း စစ်ကောင်စီသည် အမိန့်အမှတ်၊ ၁၀/၂၀၂၅ ဖြင့် အလုပ်သမားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများအား တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း သိရသည်။ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ ဖြစ် ဒေါ်သက်သက်ခိုင် ဝန်ကြီးရာထူးက ဖယ်ရှားခံရ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးဌာနကို ရွှေ့ပြောင်းလိုက်ပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်လာပါတယ်။ အရေးပေါ်ကာလကို သက်တမ်းတိုးတဲ့ ဇန်နဝါရီ ၃၁ ရက်မှာ စစ်ကောင်စီက ရာထူးအပြောင်းအရွှေ့ ဒါဇင်ကျော်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဖြစ်ပြီး ဒုတိယစစ်ခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အပတ်စဉ်တူသူဖြစ်ပါတယ်။ ပြည်ထဲရေးဒုဝန်ကြီးပါအပြောင်းအလဲဖြစ်ခဲ့ပြီး လက်ရှိဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ရောက်သွားပါတယ်။ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)လက်အောက်က အောက်မြန်မာပြည် ကွပ်ကဲရေးမှူး ဗိုလ်ချုပ်အောင်ကျော်ကျော်က ပြည်ထဲရေး ဒုဝန်ကြီးသစ် ဖြစ်လာပါတယ်။ စစ်ကောင်စီကဝန်ကြီးသုံးဦးကို အနားပေးလိုက်ပြီး လူသိများတဲ့ လုပ်ငန်းရှင်…

  • နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်

    နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်

    နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိ (ရုပ်/သံ) မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၃၉ လက် သိမ်းဆည်းရရှိ အမှတ် ၁ စစ်ဒေသက ပြောဆိုသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး…

  • စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန်

    စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန်

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပိတ်မိနေချိန် ကယ်ထုတ်ပေးရန် စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန် ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ပိတ်မိနေသော စစ်သားများက လေယာဉ်ဖြင့် ကယ်ထုတ်ရန် စစ်ကောင်စီထံ အကူအညီ တောင်းခံခဲ့သော်လည်း လေယာဉ် အဆုံးအရှုံး မခံနိုင်၍ ကယ်မထုတ်နိုင်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ချင်းညီနောင် အဖွဲ့က ဖမ်းဆီးရမိသော စစ်သုံ့ပန်းက ဝန်ခံ ပြောဆိုလိုက်သည်။ အဆိုပါ ပြောကြားချက်သည် ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း ချင်းညီနောင်မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ မေးမြန်းချက် အပိုင်း -၁ အဖြစ် ထုတ်ပြန်သည့် ဗီဒီယိုတွင် စစ်သုံ့ပန်း တပ်သား ကျော်ဇော်လွင် နှင့် တပ်ကြပ်…