📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ

—

by

in

နိုင်ငံတစ်ဝန်း တိုင်းရင်းသားအဖွဲ့များနှင့် PDF များပူးပေါင်း တိုက်ခိုက်မှုခံနေရပြီး ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ

မြန်မာနိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များပူးပေါင်း၍ တိုက်ခိုက်မှုခံနေရပြီး ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းအထိ တိုက်ပွဲများ ရောက်ရှိလာနေပြီဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြောဆိုလိုက်သည်။

ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ၆ လသက်တမ်းတိုးသည့် ကာ/လုံအစည်းအဝေးတွင် အကြမ်း ဖက်မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

လွန်ခဲ့သော ၆ လတာ ကာလအတွင်း ကချင်ပြည်နယ်တွင် KIA က PDF များနှင့်ပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင် KNU က PDF များနှင့်ပေါင်း၍ ကရင်ပြည်နယ်၊ ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်တွင် AA က PDF များနှင့်ပေါင်း၍ မကွေးတိုင်း-ရခိုင်ပြည်နယ်အစပ်၊ ဧရာ၀တီတိုင်းနှင့်ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း-ရခိုင်ပြည်နယ်အစပ်ဒေသများတွင် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

ထို့ပြင် ချင်းပြည်နယ်တွင် CNF က PDF များနှင့်ပေါင်း၍ မင်းတပ်၊ ကန်ပက်လက်နှင့် ဖမ်းမြို့တို့ကို တိုက်ခိုက်မှုများ လုပ် ဆောင် ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များအနေဖြင့်လည်း နိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းပေါ်တွင် အခွင့်ကောင်းယူပြီး တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကြောင်းပြချက်များနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည်ဟု ကြွေးကြော်ထားသော ရွေးကောက်ပွဲရန် ဖြစ်မြောက်ရန်အတွက် နိုင်ငံတွင် တည်ငြိမ်အေးချမ်းရန် လိုအပ်နေသေးကြောင်း ထပ်မံပြော ဆိုလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့်လည်း ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေးကို ဦးတည်ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း ပြောဆိုသည်။

စစ်ကောင်စီက နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် ရှုံးနိမ့်မှုများစွာ ကြုံတွေ့နေရပြီး ကရင်နီပြည်၊ ရခိုင်ပြည်၊ ကချင်ပြည်၊ စစ် ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ် တို့တွင် နယ်မြေများ အကြီးအကျယ်ဆုံးရှုံးလျက်ရှိကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်