Category: News

  • မန္တလေး ဆိုင်ကယ်လုယက်မှု အမှုလာဖွင့်သူကို ရဲက အလှုပ်ရှုပ်တယ်လို့ ငေါက်လွှတ်

    မန္တလေး ဆိုင်ကယ်လုယက်မှု အမှုလာဖွင့်သူကို ရဲက အလှုပ်ရှုပ်တယ်လို့ ငေါက်လွှတ်

    မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက် မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ် ၊ အနောက်မြို့သစ် ၆၉ အေလမ်း ၊ ၁၁၅ လမ်းနဲ့ ၁၁၆ လမ်းကြားမှာ ဖြစ်ပွားတာဖြစ်ပြီး ဆိုင်ကယ် စီး အမျိုးသား ၆ ဦးက အခြားသောဆိုင်ကယ်စီးအမျိုးသားကိုရန်ပြုကာ ဆိုင်ကယ်လုယက်သွားတာပါ။ CCTV မှတ်တမ်းအရ ကလစ် ဆိုင်ကယ် (Click) အမျိုးအစားမောင်းနှင်လာတဲ့အမျိုးသားကို မျက်နှာချင်းဆိုင်လာတဲ့ ဆိုင်ကယ် ၃ စီးနဲ့အမျိုးသား ၆ ဦးက ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး ရန်ပြုကာ ဆိုင်ကယ်ကိုလုယက်သွားတာတွေ့ရပါတယ်။ ဆိုင်ကယ်ပိုင်ရှင်အမျိုးသားက…

  • ဗန်းမော်တိုက်ပွဲအထိနာသည့် စစ်ကောင်စီက ယမန်နေ့ တစ်ရက်လုံး လေကြောင်းတိုက်ခိုက်

    ဗန်းမော်တိုက်ပွဲအထိနာသည့် စစ်ကောင်စီက ယမန်နေ့ တစ်ရက်လုံး လေကြောင်းတိုက်ခိုက်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းက ဒီဇင်ဘာ ၂၄ ရက်တွင် ထိုးစစ်အရှိန်မြှင့် ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီက တစ်နေ့လုံး လေကြောင်းပစ်ကူသုံး အပြင်းအထန်ခုခံခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောပြသည်။ ယမန်နေ့(ဇန်နဝါရီ ၂၄ ရက်)တွင် KIA ပူးပေါင်းတပ်များက စစ်ကောင်စီ​၏ သံချပ်ကာတပ်ရင်းနှင့် သံချပ်ကာယာဉ် ၄ စီးသိမ်းရခဲ့သည့်တိုက်ပွဲ မှာ အလွန်ပြင်းထန်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက အသိပေးထားသည်။ စစ်ကောင်စီကလည်း တံတားဦး၊ မြစ်ကြီးနား၊ မိတ္ထီလာ လေတပ်စခန်းများမှ တိုက်လေယာဉ်များနှင့် Y12 လေယာဉ်တို့ကို အသုံးပြု၍ ဗန်းမော်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု တစ်နေ့လုံးပြုလုပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ လေကြောင်းတိုက်ခိုက်မှု မှတ်တမ်းများအရ ယမန်နေ့ နံနက် ၆နာရီခွဲခန့်တွင် ဗန်းမော်မြို့ကို Y12 လေယာဉ်ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး တိုက်လေယာဉ်များဖြင့်လည်း ဆက်တိုက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု…

  • သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့

    သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့

    မိုင်းတွမ်း ခမရ ၅၅၄ မှ တပ်ရေး ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့ဘဲ ရယူ သုံးဖြုန်းနေ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းတွမ်းဒေသရှိ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ ၅၅၄ တပ်ရင်းတွင် တပ်ရေး ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက ရှေ့တန်းတိုက်ပွဲ၌ သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့ဘဲ သုံးဖြုန်းနေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ခမရ ၅၅၄ မှ ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၅၄ ကျောင်းဆင်း ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက တပ်ရင်းရှိ ခွင့်မဲ့ စစ်သည်များ၏ လစာများကို လိမ်လည် ထုတ်ယူသုံးစွဲခြင်း၊…

  • ရွှေမြင်တင် မီးသဂြိုလ်စက်တွင် စစ်တပ်က လုံခြုံရေးတင်းကျပ်၍ သဂြိုလ်

    ရွှေမြင်တင် မီးသဂြိုလ်စက်တွင် စစ်တပ်က လုံခြုံရေးတင်းကျပ်၍ သဂြိုလ်

    ရွှေသောင်ယံမြို့၊ ဘောမိရွာ တိုက်ပွဲတွင် ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့သော စစ်အရာရှိနှင့်စစ်သည်များကို ရွှေမြင်တင် မီးသဂြိုလ်စက်တွင် စစ်တပ်က လုံခြုံရေးတင်းကျပ်၍ သဂြိုလ် ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိရွာ တိုက်ပွဲတွင် ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေသည့် စစ်အရာရှိ ၂ ဦး သေဆုံးသွားပြီး ရွှေမြင်တင် မီးသဂြိုလ်စက်ကို စစ်တပ်က လုံခြုံရေးယူ၍ သဂြိုလ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပုသိမ်မြို့နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် အမှတ် ၄ စစ်မြေပြင်ဆေးတပ်ရင်းတွင် ဆေးကုသမှုခံယူနေသော ဘောမိရွာ တိုက်ပွဲမှ ဒဏ်ရာရ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထဲမှ အရာရှိ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ…

  • KNU အုပ်ချုပ်နယ်မြေတွေမှာ တစ်နှစ်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀၀၀ ကျော် သေဆုံး

    KNU အုပ်ချုပ်နယ်မြေတွေမှာ တစ်နှစ်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀၀၀ ကျော် သေဆုံး

    KNU အုပ်ချုပ်နယ်မြေတွေမှာ တစ်နှစ်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀၀၀ ကျော် သေဆုံးပြီး ဗျူဟာမှူးတွေ အပါအဝင် ရာနဲ့ချီ ဖမ်းမိ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ဖြစ်ပွားခဲ့တဲ့ တစ်နှစ်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀၀၀ ကျော် သေဆုံးပြီး ဗျူဟာမှူးတွေ အပါအဝင် ရာနဲ့ချီ ဖမ်းမိခဲ့တယ်လို့ KNU(ဗဟို)မှ ထုတ်ပြန်လိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ရဲ့ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်တွေ အကြား ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ အရာခံတွေ အပါအဝင် တပ်သား (၃၁၃၆)ဦး ထက်မနည်း…