KNU အုပ်ချုပ်နယ်မြေတွေမှာ တစ်နှစ်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀၀၀ ကျော် သေဆုံး

KNU အုပ်ချုပ်နယ်မြေတွေမှာ တစ်နှစ်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀၀၀ ကျော် သေဆုံးပြီး ဗျူဟာမှူးတွေ အပါအဝင် ရာနဲ့ချီ ဖမ်းမိ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ဖြစ်ပွားခဲ့တဲ့ တစ်နှစ်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀၀၀ ကျော် သေဆုံးပြီး ဗျူဟာမှူးတွေ အပါအဝင် ရာနဲ့ချီ ဖမ်းမိခဲ့တယ်လို့ KNU(ဗဟို)မှ ထုတ်ပြန်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ရဲ့ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်တွေ အကြား ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ အရာခံတွေ အပါအဝင် တပ်သား (၃၁၃၆)ဦး ထက်မနည်း သေဆုံးခဲ့ရပြီး (၂၂၂၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ဗျူဟာမှူး အဆင့်မှ အောက်ခြေတပ်သား အဆင့်ထိ ရာနဲ့ချီတဲ့ အကြမ်းဖက်တပ်သားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲတွေ အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ရဲ့ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်မှ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် (၁၀၀)ဦးခန့်မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၃၂၅)ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *