Category: News

  • မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်

    မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီ ၂၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းကို Operation Flame အဖွဲ့မှ မြို့ပြ UG ရဲဘော်များက အဝေးထိန်းမိုင်း ၂ လုံးဖြင့်…

  • ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    လွိုင်ကော်တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီအချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နှင့် (Anti-Coup…

  • အားသစ်လောင်းဖြည့်တင်းရန် နှင့် တပ်ပေါင်းစု တည်ဆောက်ရန်  ယာယီသမ္မတ ဒူဝါလရှီးလ ပြော

    အားသစ်လောင်းဖြည့်တင်းရန် နှင့် တပ်ပေါင်းစု တည်ဆောက်ရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြော

    NUG အစိုးရအဖွဲ့တွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများမှ ထက်မြက်သော ဦးဆောင်နိုင်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းဖြည့်တင်းရန် နှင့် တပ်ပေါင်းစု တည်ဆောက်ရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြော အမျိုးသားညီညွတ်ရေးအစိုးရ-NUG အဖွဲ့တွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများမှ ထက်မြက်သော ဦးဆောင်နိုင်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းဖြည့်တင်းမည်ဖြစ်​ပြီး တိုင်းရင်းသားမဟာမိတ်များနှင့် တပ်ပေါင်းစု တည်ဆောက်ရန် လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။ ယမန်နေ့ ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ ၂/၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ စစ်အာဏာရှင် တော်လှန်ရေးတွင် ပိုမိုကျယ်ပြန့်သော တော်လှန်ရေးလုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် တပ်ပေါင်းစု တည်ဆောက်ရန် လိုအပ်သကဲ့သို့ NUG အစိုးရအဖွဲ့တွင် တိုင်းရင်းသားမဟာမိတ် အင်အားစုများထံမှ ဦးဆောင်နိုင်သော ထက်မြက်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းဖြည့်တင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ တိုင်းရင်းသားမဟာမိတ်…

  • ကာလတန်ကြေး သိန်း ၇၀၀ ခန့် တန်ဖိုးရှိတဲ့ ဆေးဝါးတွေကို ကားနဲ့တိုက်ယူသွားတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

    ကာလတန်ကြေး သိန်း ၇၀၀ ခန့် တန်ဖိုးရှိတဲ့ ဆေးဝါးတွေကို ကားနဲ့တိုက်ယူသွားတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

    မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၈နာရီဝန်းကျင်ခန့်က လင်းတကိုင်းတိုက်နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ “စကစ စစ်ကြောင်းက လင်းတကိုင်းတိုက်နယ်က ကျေးရွာအတွင်းကို စစ်ကြောင်းထိုးလာတယ်။ အဲ့လို စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကျနော်တို့ တော်လှန်ရေးတပ်တွေက အရင်ဆုံး ပြည်သူတွေကို ကယ်ထုတ်ခဲ့တယ်” လို့ Chauk Guerrilla Force တာဝန်ခံ ကိုပိုင်က ပြောပါတယ်။ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ စစ်ကြောင်းက မနက် ၁၁ နာရီ မိနစ်…

  • တိုက်ပွဲအတွင်း ဖမ်းမိသွားတဲ့ PNLAရဲဘော်တွေကို စစ်သုံ့ပန်းဥပဒေချိုးဖောက်ပြီး PNOပြည်သူ့စစ်က သတ်ဖြတ်

    တိုက်ပွဲအတွင်း ဖမ်းမိသွားတဲ့ PNLAရဲဘော်တွေကို စစ်သုံ့ပန်းဥပဒေချိုးဖောက်ပြီး PNOပြည်သူ့စစ်က သတ်ဖြတ်

    ရှမ်းတောင်၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီးကတိုက်ပွဲအတွင်း PNLAရဲဘော် ၅ဦးဟာ စစ်အုပ်စု နောက်လို့ PNO ပြည်သူ့စစ်တွေရဲ့ဖမ်းဆီးခံရပြီးနောက် မတရားသဖြင့်သတ်ဖြတ်ခံလိုက်ရပြီလို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ရက်နေ့ကထိတွေ့တိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ PNLAရဲဘော်တွေကို ဒီနေ့မှာ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေကို ချိုးဖောက်ပြီး သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ထီစုံရွာထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ နောလိုက် PNOပြည်သူ့စစ်ပူးပေါင်းတပ်တွေဘက်က စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ဦးထက်မနည်းကျဆုံးခဲ့ပြီး PNLA တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦးဖမ်းဆီးခံခဲ့ရပြီးနောက် လက်ရှိမှာ ဖမ်းဆီးခံရဲဘော်တွေကို PNOပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်လိုက်တာလို့သိရပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်မှာ ဖမ်းဆီးခံရတဲ့ ရဲဘော် ၅ ဦး အသက်ရှင်လျက်ရှိနေပြီး ဇန်နဝါရီလ ၁၃ ရက်ညမှာတော့…