Category: News

  • လူငယ်များကို ပေါ်တာဆွဲ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးရန်ရှိ

    လူငယ်များကို ပေါ်တာဆွဲ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးရန်ရှိ

    ရန်ကုန်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် လုပ်မည့် နှစ်သစ်ကူး New Year Countdown ပွဲတွင် ခိုက်ရန်ဖြစ်ပွားသူ လူငယ်များ၊ မူးယစ်ရမ်းကားသူ လူငယ်များနှင့် အခြေမဲ့ အနေမဲ့ လူငယ်များကို ပေါ်တာဆွဲ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးရန်ရှိ ရန်ကုန်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် ယနေ့ ပြုလုပ်မည့် နှစ်သစ်ကူးပွဲ New Year Countdown တွင် ခိုက်ရန်ဖြစ်ပွားသူ လူငယ်များ၊ မူးယစ်ရမ်းကားသူ လူငယ်များနှင့် အခြေမဲ့ အနေမဲ့ လူငယ်များကို စစ်မှုထမ်း တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးရန်ရှိနေကြောင်း ထွေ/အုပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် နှစ်သစ်ကူးပွဲ New Year Countdown ပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲအတွင်းတွင် လုံခြုံရေး…

  • ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး

    ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး

    ကံမတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကိုလည်း တိုက်ခိုက်မှု ၃ ဦးသေဆုံး မကွေးတိုင်း၊ ကံမမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် ကံမြို့နယ်အတွင်းရှိ လူငယ်များကို စစ်တပ်နှင့် ပူးပေါင်းကာ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း…

  • မိတ္ထီလာမှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရမှု သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သတ်ဖြတ်ဟုဆို

    မိတ္ထီလာမှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရမှု သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သတ်ဖြတ်ဟုဆို

    ရပ်ကွက်က ဝိုင်းဖမ်းလို့ ကျူးလွန်သူ သုံးဦးကို ဖမ်းမိ မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မနေ့က ညဦးပိုင်းအချိန် သားအမိ နှစ်ဦးတည်း ရှိနေတဲ့ နေအိမ်ကို လူသုံးဦးက ဝင်ရောက်ပြီး အိမ်ရှင် သားအမိနှစ်ဦး စလုံးကို ဓားနဲ့ထိုး သတ်ဖြတ်ခဲ့မှုဟာ သမီးရည်းစား ကိစ္စကြောင့် ဖြစ်တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာလ ၂၉ရက် ည ၇နာရီကျော်အချိန်က မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ဝမ်းတော်ပြည့်တိုးချဲ့ နယ်မြေ ၈ က နေအိမ်မှာ အမျိုးသမီး နှစ်ဦးတည်း ရှိနေချိန် လူငယ်သုံးဦးက ဝင်ရောက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေဟာ ဒေါ်တင်မာဝင်း၊ ၅၃ နှစ်နဲ့ သမီးဖြစ်သူ မခိုင်ယဉ်ထွေး၊ ၁၉ နှစ်တို့ ဖြစ်ပြီး သတ်ဖြတ်သူတွေဟာ တောင်သာမြို့နယ်၊…

  • BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်

    BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်

    ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကြီးကို တော်လှန် ရေးတပ်များက စတင်တိုက်ခိုက်နေပြီး BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ ကို KNLA နှင့်မဟာမိတ် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်နေပြီး တပ်ရင်းမှူး စောလှကြိုင် ဦးစီးသော BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး ဖာပွန်မြို့နယ်၊စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကို စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း တပ်ရင်းမှူး စောလှကြိုင် ဦးစီးသော BGF…

  • ချောင်းဦးတွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲ စစ်တပ်ဂိတ် တို့ကို တိုက်ခိုက်

    ချောင်းဦးတွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲ စစ်တပ်ဂိတ် တို့ကို တိုက်ခိုက်

    ချောင်းဦးတွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲ စစ်တပ်ဂိတ် တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း Yae Nagar အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၇မိနစ်ခန့်တွင် ချောင်းဦးမြို့မှ မိုင်းရှင်းရန် Light truck ကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများကို ချောင်းဦးနှင့် နတ်ရေကန် အကြား လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက…