Category: News

  • ❝ဖြူဖြူခွေး ❞ အား ခွင့်လွတ်မည်မဟုတ်

    ❝ဖြူဖြူခွေး ❞ အား ခွင့်လွတ်မည်မဟုတ်

    BLACK HERO UG PDF ရက်စွဲ ။ ဒီဇင်ဘာလ (၂၅)ရက်၊ ၂၀၂၄ ခုနှစ် ထပ်မံအသိပေး ကြေညာခြင်း 25.12.2024 ရက် ညနေ ၃နာရီတွင် Cele ဖြူဖြူထွေးသည် သူမရိုက်ကူးထားသော ” ဟောင်စု ” ပရုတ်ဆီ ကြော်ညာသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရေးသားဖော်ကြူး၍ ရိုက်ကူးထားခြင်း မဟုတ်ဟု တောင်းပန်လာခဲ့ပါသည်။ အဆိုပါတောင်းပန်မှုကို ကျွန်တော်တို့ BLACK HERO UG PDF မှ ခွင့်လွှတ်နိုင်ခဲ့ခြင်းမရှိသည်မှာ – ကျွန်တော်တို့ အများပြည်သူတွေ လေးစားချစ်ခင် ကြည်ညိုအားထားရသော တုနှိုင်းစရာမရှိသည့် နိုင်ငံတော်၏မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေလို့သာ ဖြစ်သည်။ အဆိုပါ ရိုက်ကူးထားသည်များ မှာ တိုက်ဆိုင်မှုများသာ ဖြစ်သည် ဟု ဆိုခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်…

  • ဧရာဝတီတိုင်းမှ ရခိုင်စစ်ဘေးရှောင်များကိုဖိအားပေးရွှေ့ပြောင်းခိုင်းမှုများမလုပ်ရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့​တောင်းဆို

    ဧရာဝတီတိုင်းမှ ရခိုင်စစ်ဘေးရှောင်များကိုဖိအားပေးရွှေ့ပြောင်းခိုင်းမှုများမလုပ်ရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့​တောင်းဆို

    “ပြည်သူတွေက လက်ခံတယ်။ ကူညီတယ်။ စစ်တပ်၊ ထွေအုပ်နဲ့ ရဲက လက်ခံတဲ့သူတွေကိုပါ ဖမ်းနေတယ်”-​ရေကြည်မြို့နယ်မှ ပြည်သူတစ်ဦး တိုက်ပွဲများကြောင့် ဧရာဝတီတိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ရခိုင်စစ်ဘေးရှောင်များအား လူသားချင်းစာနာထောက်ထားစွာဖြင့် အတင်းဖိအားပေးရွှေ့ပြောင်းခိုင်းမှု့များမလုပ်ကြရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်တောင်းဆိုထားသည်။ ဧရာဝတီတိုင်း ဟင်္သာတ ၊ မြန်‌‌အောင်၊ ရေကြည်၊ ပုသိမ် နှင့် ကျုံပျော်ခရိုင်တွင် ရောက်ရှိနေသော ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီက ပြန်လည်နှင်လွှတ်နေပြီး ဖမ်းဆီးမှုများလည်းပြုလုပ်နေသည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရခိုင်စစ်ဘေးရှောင်များအား လူသားတစ်ယောက်၏ လွတ်လပ်စွာရွေ့ပြောင်းနေထိုင်ခွင့်အားလေးစားလိုက်နာ၍ လူသားချင်းစာနာထောက်ထားစွာဖြင့် အတင်းဖိအားပေးရွှေ့ပြောင်းခိုင်းမှု့များမလုပ်ကြရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ၂၅ရက်နေ့တွင် တောင်းဆိုထားသည်။ “ပြည်သူတွေက လက်ခံတယ်။ ကူညီတယ်။ စစ်တပ်၊ ထွေအုပ်နဲ့ ရဲက လက်ခံတဲ့သူတွေကိုပါ ဖမ်းနေတယ်။ တမင်သက်သက် ပစ်မှတ်ထားပြီးလုပ်နေတာ” ဟု ရေကြည်မြို့နယ်မှ​ဒေသခံတဦးကပြောသည်။ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ခွေးတောက်ကွက်သစ်အုပ်စု၊ကုန်းပြင်အနီးဝန်းကျင်နှင့်တစ်ခြား ဧရာဝတီတိုင်းမြို့နယ်အတွင်းရှိကျေးရွာများတွင် နေထိုင်ကြသော ရခိုင်စစ်ဘေးရှောင်ပြည်သူများ…

  • မံစီတိုက်ပွဲတွင်စစ်​ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း​​သေဆုံး

    မံစီတိုက်ပွဲတွင်စစ်​ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း​​သေဆုံး

    မံစီမြို့ရှိ စစ်​ကောင်စီလက်ကျန် တပ်ရင်းသုံးရင်းစလုံးကို KIA နှင့်မဟာမိတ်များကသိမ်းပိုက်နိုင်ပြီဟု ကနဦးသတင်းရရှိ မံစီမြို့နယ်မှ စစ်တပ်လက်ကျန်တပ်ရင်းသုံးရင်းကို KIA နှင့် ပူး​ပေါင်းတပ်များက အပြီး သတ်တိုက်ခိုက်​သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း​သေဆုံးခဲ့​ကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်သည့် ဒီဇင်ဘာ ၄ ရက်တွင် မံစီမြို့အပြင်တွင်ကျန်​နေ​သော ခမရ(၆၀၁)၊ ခမရ(၃၁၉) တပ်ရင်းနှင့် အ​မြောက်တပ် (၅၂၃)တပ်ရင်း တို့ကိုပါ KIA နှင့် မဟာမိတ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ ( ဒီဇင်ဘာ ၂၅ရက်​နေ့) တွင် အဆိုပါတပ်ရင်း သုံးရင်းကို အပြီးသတ်သိမ်းယူနိုင်ခြင်းဖြစ်သည်ဟု ကနဦးသတင်းရရှိ​ကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့ကအတည်ပြုသည်။ ဒီဇင်ဘာလ၂၁ရက်နေ့ကတိုက်ပွဲတွင် မံစီတိုက်ပွဲကို ခုခံနေသည့် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း ပါ သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အပြင် ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းကို သိသူအချို့က ပြောသည်။ ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းသည် ပဲခူးတိုင်း၊…

  • ချင်းပြည် မင်းတပ်မြို့က အပျက်အစီးများ

    ချင်းပြည် မင်းတပ်မြို့က အပျက်အစီးများ

    အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် ချင်းပြည်နယ် မင်းတပ်မြို့ထဲက အရပ်သားနေအိမ် ၂၀၀ ကျော်မှာ မီးလောင်ပျက်စီး ပြာကျသွားခဲ့ပြီး အချို့သော မိသားစုဝင်များမှာ ပြန်စရာအိမ်မရှိဖြစ်နေကြသည်။ မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကောင်စီထံမှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ရှိနေသေး၍ ပြည်သူများမှာ လတ်တလောတွင် နေအိမ်ပြန်၍ မရရှိသေးကြောင်း တော်လှန်ရေးအဖွဲ့များက မေတ္တာရပ်ခံထားကြသည်။ ၄ နှစ်နီးပါး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြရသည့် မင်းတပ်မြို့က ဒေသခံပြည်သူများမှာ နေအိမ်ပြန်ရန် အခွင့်အရေးရှိလာခဲ့ပြီဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်ပြန်ခွင့် မရရှိကြသေးပေ။ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေရပ်ပြန်ခွင့် ရပြီဟု သက်ဆိုင်ရာအဖွဲ့အစည်းများက ပြောလာသော်လည်း အချို့သော မိသားစုဝင်များမှာ ပြန်စရာနေအိမ်မရှိတော့ပြီဟု မင်းတပ်မြို့နယ်ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးအဖွဲ့က ပြောဆိုထားသည်။ ဓါတ်ပုံ…

  • စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရ

    စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရ

    ပေါက်ခေါင်းတွင် တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း ၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ က ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံအုပ်စု နတ္တလင်းကျေး ရွာနေ ခင်စိုးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၃ က ၎င်း၏ နေအိမ်သို့သွားရောက်၍ ပစ်ခတ်ရာ နေရာတွင်ပင် ပွဲချင်းပြီး…