Category: News

  • မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍

    မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍

    မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍ အများအပြားဒဏ်ရာရ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့ ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီကျော်အချိန်က လူမှောင်ခိုပို့သော Ford Ranger အမျိုးအစား ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့၍ ယာဉ်တိုက်မှုဖြစ်ကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။ မဲဆောက်မြို့ မယ်တောင်မီးပွိုင့်အနီးတွင် လူမှောင်ခိုပို့ ကားဟု သံသယရှိ၍ ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ဟန့်တားခဲ့သော်လည်း ကားမှာ ရပ်တန့်ပေးခြင်းမရှိဘဲ မီးပွိုင့်ကို အရှိန်မြှင့်မောင်းနှင် ဖြတ်သန်းခြင်းကြောင့် ကားဘီးအား သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့သည်။ မဲဆောက်မြို့နေ မြန်မာတစ်ဦးက “မယ်တောင်မီးပွိုင့်အနီးမှာ ဒီနေ့ နေ့လယ်လောက်က ထိုင်းရဲတွေက ကားတစ်စီးကို ပစ်ခတ်ဖမ်းဆီးတယ်လို့ ကြားတယ်။ လူမှောင်ခိုပို့တဲ့ ကားရဲ့ ဘီးကို သေနတ်နဲ့ ပစ်ခတ်တာ။…

  • ရန်ကုန်၊ ယုဇနပလာဇာစျေးကြီးအနီး မီးလောင်

    ရန်ကုန်၊ ယုဇနပလာဇာစျေးကြီးအနီး မီးလောင်

    ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က ယုဇနပလာဇာအနီးမှာ မီးလောင်မှုဖြစ်နေလို့ Level 2 အဆင့်နဲ့ ငြှိမ်းသတ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် မနက် ၁၀ နာရီခွဲအချိန်က ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း မှာမီးလောင်ခဲ့တာဖြစ်ပါတယ်။ ” မီးတအားများတယ်။ မီးသတ်ကား​တွေ အတော်များတယ်။ ပလာဇာရှေ့မှာ လမ်း​တွေလည်း ပိတ်နေတယ်။ မီးခိုးတွေလည်းတက်နေတုန်းပဲ” လို့ ယုဇနပလာဇာ အနီးမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။ နှင်းဆီလမ်းနဲ့ ကပ်လျက် စံပယ်လမ်းမှာနေထိုင်သူတစ်ဦးကတော့ မီးထိန်းနိုင်တဲ့ အခြေအနေဆိုပေမဲ့ မီးခိုးတွေဆက်ရှိနေတဲ့ အခြေအနေလို့ပြောပါတယ်။ ” စံပယ်​လမ်း​မှာ​ဆို မီး​ခိုး​တွေ​နဲ့ ဖုံး​နေ​ပြီး လမ်း​တောင်​ မ​မြင်​ရ​တော့​ဘူး​။ မီး​ခိုး​တွေ​က တက်​နေ​တုန်း​ပဲ။ မီးခိုး​က မ​ဖြူ​သေး​ဘူး၊ မည်း​လိုက်၊ မီးခိုး​ရောင်​…

  • မိုးကုတ်မြို့နယ်ကို Non-CDM ဝန်ထမ်း ရာနဲ့ချီ စစ်အုပ်စုလုံခြုံရေးယူပြီး ခေါ်သွင်းလာ

    မိုးကုတ်မြို့နယ်ကို Non-CDM ဝန်ထမ်း ရာနဲ့ချီ စစ်အုပ်စုလုံခြုံရေးယူပြီး ခေါ်သွင်းလာ

    မိုးကုတ်မြို့နယ်ကို Non-CDM ဝန်ထမ်း ရာနဲ့ချီ စစ်အုပ်စုလုံခြုံရေးယူပြီး ခေါ်သွင်းလာ မန္တလေး – မိုးကုတ် လမ်းပိုင်းကို ထိန်းချုပ်ပြီးနောက် မြို့အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်ဖို့ စစ်အုပ်စုကြိုးစားလာတာဖြစ် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ မြို့အုပ်ချုပ်ရေးယန္တရားပြန်လည် အသက်သွင်းဖို့အတွက် တိုက်ပွဲဖြစ်ပွားနေချိန်မျာ ဌာနပေါင်းစုံကနေ ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ Non -CDM ဝန်ထမ်းတွေကို ဇန်နစစ်အုပ်စုတပ်က လုံခြုံရေးပေးပြီး ခေါ်ဆောင်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဌာနဆိုင်ရာမှာ လုပ်ကိုင်နေကြတဲ့ Non-CDMတွေ ရာနဲ့ချီလိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဒီနေ့နေ့လယ်ပိုင်းမှာ မြို့အလည်က အောင်နန်းရပ်ကွက်က ကျောင်းကြီးအရှေ့ကို ရောက်ရှိနေတာလို့ မိုးကုတ်မြို့မှာ ဆက်လက်နေထိုင်နေတဲ့ အမျိုးသမီးဒေသခံတစ်ဦးက အတည်ပြု ပြောပါတယ်။ “ရောက်နေပြီ ကျွန်မတို့ အိမ်နားက ကျောင်းကြီးရှေ့မှာ ကားတွေ အများကြီးပဲ ။ လမ်းမှာတော့ လူရှင်းသွားပြီ “ အပစ်ရပ်ကမ်းလှမ်းချက်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထံကနေ…

  • တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်၏ သားဖြစ်သူက Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့်

    တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်၏ သားဖြစ်သူက Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့်

    တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်၏ သားဖြစ်သူက Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့် ရဲစခန်းတွင် အမှုဖွင့်ထား၍ လတ်တလော ကျောင်းပိတ်ထားရ ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ ကျန်းမာရေးရုံးလမ်းမှာရှိတဲ့ အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်းပိုင်ရှင် ဦးမောင်မောင်ရဲ့ အသက် ၂၉ နှစ်အရွယ်ရှိသားဖြစ်သူ ဇာနည်သွေးက အဆောင်နေပြီး ကျောင်းလာတက်နေတဲ့ ကျောင်း သူတစ်ဦးကို မုဒိမ်းပြုကျင့်ခဲ့တယ်လို့ တောင်ကြီးဒေသခံပြည်သူတွေ ကပြောပါတယ်။ မုဒိမ်းပြုကျင့်ခံရတဲ့ ကျောင်းသူမှာ ဆီဆိုင်မြို့မှ Grade 12 အတန်း လာတက်ရောက်နေသူဖြစ်ပြီး ဇန်နဝါရီ လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန် အဲဒီကျောင်းသူက ခေါင်းကိုက်နေတာကြောင့် ဆရာမထံ ခွင့်တောင်းပြီး အဆောင်မှာပြန်နားနေခဲ့ပါတယ်။ အဲဒီအချိန် မွန်းလွဲ ၁ နာရီလောက်မှာ…

  • ကုလ နေရာ အစားထိုးမည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဝင်ရန် နိုင်ငံ ၆၀ ကို ထရမ့်ပ် ကမ်းလှမ်း

    ကုလ နေရာ အစားထိုးမည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဝင်ရန် နိုင်ငံ ၆၀ ကို ထရမ့်ပ် ကမ်းလှမ်း

    ကုလသမဂ္ဂကို အစားထိုးဖို့ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဝင်ရောက်ဖို့ နိုင်ငံပေါင်း ၆၀ လောက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကမ်းလှမ်းလိုက်ပါတယ်။ အဖွဲ့ဝင်သက်တမ်းကို ၃ နှစ်ကန့်သတ်ထားပြီး အမြဲတမ်းအဖွဲ့ဝင် ဖြစ်ချင်ရင်တော့ လုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့ တနိုင်ငံကို ဒေါ်လာ ၁ ဘီလီယံစီ ထည့်ဝင်ရမယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့မှာ ထရမ့်ပ်က တသက်တာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဂါဇာအရေးအပြင် တခြားပဋိပက္ခတွေကိုပါ ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။ ကုလသမဂ္ဂနဲ့ စင်ပြိုင်ဖြစ်နေတဲ့အတွက် နိုင်ငံအများစုက သတိထားတုံ့ပြန်နေကြပေမဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကတော့ ချက်ချင်းလက်ခံကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ “ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးကို နက်နက်ရှိုင်းရှိုင်း သန္နိဋ္ဌာန်ချထားတဲ့ နိုင်ငံတွေကို အမြဲတမ်းအဖွဲ့ဝင်နေရာ ကမ်းလှမ်းထားတာဖြစ်ပါတယ်” လို့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက…