ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က ယုဇနပလာဇာအနီးမှာ မီးလောင်မှုဖြစ်နေလို့ Level 2 အဆင့်နဲ့ ငြှိမ်းသတ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် မနက် ၁၀ နာရီခွဲအချိန်က ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း မှာမီးလောင်ခဲ့တာဖြစ်ပါတယ်။
” မီးတအားများတယ်။ မီးသတ်ကားတွေ အတော်များတယ်။ ပလာဇာရှေ့မှာ လမ်းတွေလည်း ပိတ်နေတယ်။ မီးခိုးတွေလည်းတက်နေတုန်းပဲ” လို့ ယုဇနပလာဇာ အနီးမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။

နှင်းဆီလမ်းနဲ့ ကပ်လျက် စံပယ်လမ်းမှာနေထိုင်သူတစ်ဦးကတော့ မီးထိန်းနိုင်တဲ့ အခြေအနေဆိုပေမဲ့ မီးခိုးတွေဆက်ရှိနေတဲ့ အခြေအနေလို့ပြောပါတယ်။
” စံပယ်လမ်းမှာဆို မီးခိုးတွေနဲ့ ဖုံးနေပြီး လမ်းတောင် မမြင်ရတော့ဘူး။ မီးခိုးတွေက တက်နေတုန်းပဲ။ မီးခိုးက မဖြူသေးဘူး၊ မည်းလိုက်၊ မီးခိုးရောင် ဖြစ်လိုက်နဲ့၊ လောင်လို့ ကောင်းနေတုန်း” လို့ ပြောပါတယ်။

လက်ရှိမှာ မီးငြှိမ်းသတ်နေဆဲဖြစ်လို့ ဆုံးရှုံးမှုနဲ့ ထိခိုက်မှုအခြေအနေတွေကို မသိရသေးပါဘူး။
ယုဇနပလာဇာ အနီးမီးလောင်မှု Level 2 အဆင့်နဲ့မီးငြိမ်းသတ်ခဲ့ရပြီး မီးကြွင်းမီးကျန် ဆက်လက်ငြှိမ်းသတ်နေ
ရန်ကုန် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ စျေးကြီးအနီးရှိ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းထဲက တိုက်ခန်းတခုမှာ မီးလောင်မှု ဖြစ်ပွားနေပြီး Level 2 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
မနက် ၁၀ နာရီ ၃၀ မိနစ်လောက်ကတည်းက မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုက ၁ နာရီကျော်လောက်ကြာမြင့်ခဲ့ပါတယ်။
လက်ရှိမှာ မီးငြိမ်းသွားပေမယ့် မီးကြွင်းမီးကျန်တွေ ကျန်ရှိနေတဲ့အတွက် ဆက်လက် ငြှိမ်းသတ်နေရဆဲ ဖြစ် တယ်လို့ သိရပါတယ်။
” မီးကအထဲမှာ လှိိုက်လောင်တော့ ငြိမ်းသတ်နေရဆဲပါ။ မီးသတ်ကားတွေလည်း များပါတယ်။ယုဇနပလာဇာဘေး နှင်းဆီလမ်းထဲက တိုက်ခန်းမှာ လောင်တာပါ ။ ” လို့ မီးလောင်ပြင်မှာ ကူညီရေးလုပ်နေတဲ့ လူမှုကူညီရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။
အဆိုပါ မီးလောင်မှုကို ၁၁ နာရီ ၄ မိနစ်မှာ မီးထိန်းနိုင်ပြီး ၁၁ နာရီ ၄၂ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ မီးလောင်ရတဲ့ ဖြစ်စဥ်ကိုတော့ အသေးစိတ် မသိရှိရသေးပါဘူး ။







ဓာတ်ပုံ – မီးသတ်ဌာန

Leave a Reply