Category: News
-

အကြမ်းဖက်စစ်အုပ်စုအတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်မည်ဟု ဒုစစ်ခေါင်းဆောင်စိုးဝင်းပြော
စစ်တပ်တွင် မည်သူခေါင်းဆောင်မည်ဖြစ်စေ စစ်တပ်လမ်းစဉ်အတိုင်း သွားမည်ဟု ဒုစစ်ခေါင်းဆောင်ပြော ၈၁ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားပြုလုပ်ပြီးနောက်ပိုင်းတွင် စစ်တပ်အတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပေါ်လာပြီး စစ်တပ်လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လမ်းသွားမည်ဟု ဒုဗိုလ်ချုပ်ကြီးစိုးဝင်းက ပြောဆိုခဲ့ကြောင်း သိရသည်။ နေပြည်တော် ဘုရင့်နောင်ရိပ်သာတွင် ယနေ့ မတ် ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်တပ်အငြိမ်းစားအရာရှိများကို စစ်တပ်မိသားစုများမှ သွားရောက်ကန်တော့သည့် အခမ်းအနားတွင် ဒုစစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးသည့်နောက်ပိုင်းတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ဖြစ်ပေါ် လာမည်ဖြစ်ပြီး မည်သူဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေနှင့်တပ်မတော်၏ခေါင်းဆောင်အစဉ်အဆက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ လမ်းညွှန်ချက်များအတိုင်း စစ်ပညာရပ်အတိုင်း ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအတိုင်း ဆက်လက်လျှောက်လှမ်းကြရမှာ ဖြစ်သည်ဟု ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ ထို့အပြင် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဆက်လက်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ…
-

စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ချက်များ မနက်ဖြန်မှ စတင်မည်
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ချက်များ မနက်ဖြန်မှ စတင်မည် သင့်ကား မည်သည့်စာရင်းတွင် ပါဝင်နေလဲစစ်ဆေးသွား ယာဉ်အမျိုးအစား,အင်ဂျင်စွမ်းအား,တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသော ပမာဏ ဆိုင်ကယ်,-,၈ လီတာ သုံးဘီး,-,၂၅ လီတာ ထော်လာဂျီ,-,၃၀ လီတာ အိမ်စီးမော်တော်ယာဉ် (Saloon, Station Wagon, Jeep)”, ၂၀၀၀ စီစီ အထိ,၃၅ လီတာ, ၂၀၀၀ စီစီ မှ ၃၀၀၀ စီစီ အထိ,၄၀ လီတာ, ၃၀၀၀ စီစီ အထက်,၄၅ လီတာ Taxi,၂၀၀၀ စီစီ အထိ,၉၀ လီတာ ,၂၀၀၀ စီစီ မှ ၃၀၀၀ စီစီ အထိ,၁၀၀ လီတာ ,၃၀၀၀ စီစီ အထက်,၁၁၀ လီတာ ကုန်တင်ဝန်ဆောင် (Light Duty),…
-

အမေရိကန်က အီရန်ကို မြေပြင်မှ မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်
သံတမန်ရေး မအောင်မြင်ပါက အမေရိကန်က အီရန်ကို မြေပြင်မှ မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်။ Final Blow ဟု အမည်ပေးထားပြီး အဆမတန် ဗုံးကြဲမှုများနှင့်အတူ မရိမ်း တပ်သား ၁၂၀၀၀ ပါဝင်မည်။ အီရန်မှ အမြဲတမ်း စစ်သည် ၂ သိန်းခွဲနှင့် အရန်တပ်သား ၂ သန်းကို အသင့်ပြင်ထား။ အီရန်ပြည်မကြီးကို ဝင်တိုက်ဖို့ထက် Kharg ကျွန်းကို သိမ်းပိုက်ပြီး ဟော်မုခ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ အမေရိကန်က ရည်ရွယ်ထားပါတယ်။ လွှတ်တော်ကတော့ အမေရိကန်စစ်သားတွေ လွှတ်လိုက် တာဟာ သတ်ကွင်းထဲ ပစ်ထည့်လိုက်သလိုပဲဆိုပြီး ကန့် ကွက်နေကြပါတယ်။ အီရန်ဟာ အမေရိကန်နဲ့ မြေပြင်တိုက်ပွဲအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့တာပါ။ “FINAL BLOW” တဲ့ နောက်ဆုံး ကန်ချက် ပဲ အမေရိကန်…
-

စက်သုံးဆီမှောင်ခိုလောကထဲက⛽ တက္ကစီဆရာတဦးရဲ့🚕 ဖွင့်ဟဝန်ခံချက်
ကျနော့်နာမည်က ဇော်ကြီး၊ အသက် ၃၅ နှစ်၊ ပညာအရည်အချင်းက ဆယ်တန်းပဲ၊ အလုပ်အကိုင်က တက်စီဆွဲတာ၊ မိန်းမနဲ့ ကလေး နှစ်ယောက် ရှိတယ်။ ရန်ကုန် ဝန်းကျင်ပဲ ဆွဲတာပေါ့ဗျာ။ ကားကတော့ ၁၃ နှစ်လောက်ကတည်းက မောင်းတတ်တာ၊ ဦးလေးတွေ လိုင်းကားထောင်လို့ တောက်တိုမယ်ရ ဝင်လုပ်ရင်းနဲ့ မောင်းတတ်သွားတာပေါ့။ တက်စီတွေ ဆီတန်းစီပြီး မှောင်ခိုပြန်ရောင်းတဲ့ ကိစ္စလား၊ အဲဒါ ညီကိုတို့ မီဒီယာတွေ မဖွခင် အစောကတည်းက လုပ်နေကြတာ၊ အမှန်တော့ ဆီက ထင်သလောက် မပြတ်သေးဘူး။ လိုင်းပေါ်က ဟိုသတင်း ဒီသတင်းတွေနဲ့ ဆရာကြီး အထာ ဖွနေတဲ့သူတွေကြောင့် မှောင်ခိုသမားတွေက လုပ်စားသွားတာ။ အခုဆို တနေ့လုံး တက်စီဆွဲစရာ မလိုတော့ဘူးလေ။ ဘော်ဒါချိတ်နဲ့ ဆီကားတစီးကို အုံနာကြေး တရက်…
-

တစ်ရက်ထဲ ရန်ကုန်မှာ ဟော်တယ် ၇ လွှာပေါ်က အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးပြီး မန္တလေးမှာ အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်
ရန်ကုန်မြို့၊ တာမွေမြို့နယ် သမိန်ဗရမ်း လမ်းပေါ်က အကြည်တော် ဟိုတယ်ပေါ်ကနေ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်က ဖြစ်ခဲ့တာလို့သိရပြီး တစ်ဦးတည်း လာရောက်တည်းခိုတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးဟာ ၇ လွှာအမြင့်ကနေ ပြုတ်ကျ သေဆုံးခဲ့တာလို့ သိရပါတယ်။ “ဇာတိက ရှမ်းပြည်ဘက်ကပါ၊ အသက် ၃၀ လောက်ပဲ ရှိသေးတယ်၊ သူ့ဘာသာ ခုန်ချတာလား ပြုတ်ကျတာလားတော့ မသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ သေဆုံးသူ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ကြတယ်လို့ သိရပြီး ရဲကတော့ နေရပ်လိပ်စာအရ မိသားစုနဲ့ ချိတ်ဆက်နိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။ အလားတူ မတ်လ…