Category: News

  • ကိုစန်းယုရဲ့ အခြေအနေ

    ကိုစန်းယုရဲ့ အခြေအနေ

    ကိုစန်းယုရဲ့ အခြေအနေ ၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက် နေ့လယ် ၁၂ နာရီ အချိန်ခန့်က ကိုစန်းယု ရုတ်တရက် ကွယ်လွန်သွားကြောင်း ကြားသိရပြီးနောက် ညနေ ၆ နာရီခန့်မှာ စက်ရုံရှိ မြန်မာလုပ်သားများက အကိုကြီး ကျနော်တို့ကို ဆေးရုံ လိုက်လာပါပြောလာတယ်၊ အကိုကြီး အားရင် ဆေးရုံကို လိုက်လာပေးပါလားလို့ ပြောလာတာနဲ့ ကျနော်လည်း ဟွာဆောင်မှာ မြန်မာလုပ်သား တဦးရဲ့ ကိစ္စတခုကို ကူညီပေးပြီး ဆေးရုံကို လိုက်သွားခဲ့ပါတယ်။ ဆေးရုံမှာ ရောက်နေတဲ့ စက်ရုံ တာဝန်ရှိသူနဲ့ စကားအသေအခြာ ပြောကြည့်လိုက်တော့မှ ခုနက လက်ထောက် ဆရာဝန်က ပြောလာကြောင်း၊ ကိုစန်းယုက အသက်ပြန် မရှင်နိုင်ကြောင်း အခု အောက်ဆီဂျင်ပေးထားပြီး အသက်ဆက်ထားကြောင်း နက်ဖြန် ဆရာဝန်ကြီးနဲ့…

  • ပန်းဘဲတန်းတွင် အထပ်မြင့်တိုက် အင်္ဂတေအမိုးပြားပြိုကျ

    ပန်းဘဲတန်းတွင် အထပ်မြင့်တိုက် အင်္ဂတေအမိုးပြားပြိုကျ

    ပန်းဘဲတန်းတွင် အထပ်မြင့်တိုက် အင်္ဂတေအမိုးပြားပြိုကျ၍ လမ်းသွားလမ်းလာအပါအဝင် နှစ်ဦးထိခိုက်သွား ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်အတွင်းတွင် အထပ်မြင့်တိုက်တစ်တိုက်၏ အင်္ဂတေအမိုးပြားပြိုကျရာမှ လမ်းသွားလမ်းလာအပါအဝင် လူနှစ်ဦး ထိခိုက်မိခဲ့သည့်ဖြစ်ရပ်တစ်ခု ယနေ့(မတ်လ ၂၅ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ အဆိုပါ အမိုးအင်္ဂတေပြိုကျသောတိုက်မှာ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းအပေါ်ဘက်ခြမ်းတွင်ရှိပြီး မြေညီထပ်တွင်ဖွင့်လှစ်ထားသော ကြက်ကင်ဆိုင်၏ အင်္ဂတေအမိုးအစွန်းပြား ပြိုကျခြင်းလည်းဖြစ်သည်။ ထိုဖြစ်ပွားမှုကြောင့် လမ်းသွားလမ်းလာအမျိုးသမီးတစ်ဦးနှင့် ယင်းအနီးမှ ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပတ်ဝန်းကျင်ရှိသူများက ဒဏ်ရာရသူများကို တက္ကစီဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ ကူညီပေးခဲ့ကြကြောင်း၊ ကျောက်တံတားမြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ လင်းလက်လူမှုကူညီရေးအသင်း၊ ရှင်သန်ရေးလူမှုကူညီရေးအသင်း၊ ပါလေရာပရဟိတအသင်း စသည့် အသင်းအဖွဲ့များမှလည်း သွားရောက်ကူညီပေးခဲ့ကြကြောင်း သိရသည်။ Photo – လင်းလက်လူမှုကူညီရေးအသင်း

  • ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်း

    ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်း

    မင်္ဂလာဒုံစက်မှုဇုန်ရှိ ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံနေရာအများစု ပျက်စီး ရန်ကုန်တိုင်း၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံတစ်ခုလုံးနီးပါး ပျက်စီးသွားကြောင်း မီးသတ်အဖွဲ့များနှင့် မီးငြှိမ်းသတ်ရေး ကူညီခဲ့သော ပရဟိတအဖွဲ့တချို့ထံမှ သိရှိရသည်။ ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက် ၀၀ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ အမှတ် (C1, C2)၊ မြေဧရိယာ (၃၆၆၂၂.၈၈) စတုရန်းမီတာပေါ်ရှိ Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံမှာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊…

  • စစ်ကော်မရှင်တပ်က ဒေသခံ ၅ ဦးကို အသားလှီးဖြတ်၍ ရက်ရက်စက်စက် သတ်ဖြတ်

    စစ်ကော်မရှင်တပ်က ဒေသခံ ၅ ဦးကို အသားလှီးဖြတ်၍ ရက်ရက်စက်စက် သတ်ဖြတ်

    ကျောက်ပန်းတောင်းတွင် စစ်ကော်မရှင်တပ်က ဒေသခံ ၅ ဦးကို အသားလှီးဖြတ်၍ ရက်ရက်စက်စက် သတ်ဖြတ်ကာ ရွာပြင်တွင်စွန့်ပစ်ထားခဲ့ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးကျေးရွာရှိ ဒေသခံပြည်သူ ငါး ဦးကို စစ်ကော် မရှင်တပ်က ဖမ်းဆီးပြီးနောက် အသားများကို လှီးဖြတ်ခြစ်ထုတ်ကာ ခြေလက်များ ဖြတ်တောက်သည့် အထိ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်၍ ရုပ်အလောင်းများကို ရွာပြင်တွင် စွန့်ပစ်ထားခဲ့ကြောင်း ညောင်ဦးခရိုင် ပကဖတာဝန်ရှိသူထံမှ သိရသည်။ အင်အား ၇၀ ခန့်ပါဝင်သော စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က အင်ပင်ကြီးကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ထွက်ပြေးသည့် အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ သတ်ဖြတ်ခံရသူများမှာ အသက် ၄၀…

  • BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေ

    BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေ

    BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေပြီး စစ်ဒေသ ၃ ခု ဖွဲ့စည်း၍ မဟာမိတ်တပ်များနှင့်လည်း ဟန်ချက်ညီညီ တိုက်ပွဲဝင်နေဟု ပြောဆို ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် – BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေပြီး စစ်ဒေသ ၃ ခု ဖွဲ့စည်း၍ မဟာမိတ်တပ်များနှင့်လည်း ဟန်ချက်ညီညီ တိုက်ပွဲဝင်နေကြောင်း BPLA တပ်ဖွဲ့ခေါင်းဆောင် ကိုဆောင်းခက ပြောကြားသည်။ ယနေ့မတ်လ ၂၅ ရက်နေ့တွင် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် – BPLA တပ်ဖွဲ့ခေါင်း ဆောင် မောင်ဆောင်းခက အမှတ် ၂၀၃ ၊ ပဲခူးအနောက်ခြမ်းစစ်ဒေသ၊ မြေလတ်စစ်ဒေသအဖြစ်တိုးချဲ့ ပြင် ဆင်ဖွဲ့စည်းလိုက်ကြောင်း၊ လက်ရှိအချိန်တွင် အမှတ်…