ဒီနေ့ (၁၀. ၅ .၂၀၂၆) မနက်ပိုင်းမှာ ကိစ္စတစ်ခုနဲ့ “အပူချိန်လျှော့ချရေးနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးကော်မတီ (ချောက်မြို့)” ရဲ့ စိုက်ကွက် (၁) ဖြစ်တဲ့ ရှစ်မျက်နှာဘုရားကုန်းစိုက်ခင်းထဲ ရောက်ခဲ့ပါတယ်။
စိုက်ခင်းထဲ လှည့်ကြည့်မိတဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ တကယ့်ကို အံ့သြတုန်လှုပ်ပြီး ရင်နာစရာပါပဲ။ ကျွန်တော်တို့ သေချာပြုစုပျိုးထောင်ထားတဲ့ အရွယ်ရောက်ပြီးသား “ရှားပင်” တွေကိုမှ ရွေးပြီး ခုတ်ဖြတ်ခိုးယူသွားကြတာကို တွေ့လိုက်ရပါတယ်။

👋 ခုတ်ယူသွားတဲ့သူတွေကို မေးချင်ပါတယ်…
ခင်ဗျားတို့ တကယ်ကို လူမဆန်လိုက်တာဗျာ။ ကျွန်တော်တို့ မြို့အပူချိန် လျော့ကျဖို့အတွက် ဒီသစ်ပင်တွေကို ၆ နှစ်ကျော်ကြာ အချိန်ပေး၊ လူပင်ပန်းခံပြီး စိုက်ပျိုးခဲ့ကြတာပါ။
သစ်ပင်တစ်ပင် ဖြစ်လာဖို့ ဘယ်လောက် အချိန်ပေးရလဲ ခင်ဗျားတို့ သိလား?
ကျွန်တော်တို့ သွေးချွေးတွေနဲ့ စိုက်နေချိန်မှာ ခင်ဗျားတို့တစ်ခါလောက် ရောက်ဖူးလား?

ခင်ဗျားတို့အတွက်တော့ ဝန်းခြံတိုင် လုပ်ဖို့လောက်ပဲ မြင်မှာပေမဲ့ ဒါဟာ မြို့ရဲ့ အနာဂတ် အေးရိပ်တွေပါဗျာ။
⚖️ သက်ဆိုင်ရာ တာဝန်ရှိသူများသို့…
အများအကျိုးအတွက် စိုက်ပျိုးထားတဲ့ သစ်ပင်တွေကို ခုလို ဖျက်လိုဖျက်စီး လုပ်သွားတဲ့သူတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူပေးပါရန် အလေးအနက် တောင်းဆိုအပ်ပါတယ်။

မိမိတို့ကိုယ်ကျိုးအတွက် မြို့ရဲ့ အေးရိပ်ကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေကို အားလုံးက ဝိုင်းဝန်း ကန့်ကွက်ပေးကြပါဦးဗျာ။


Leave a Reply