Category: News

  • ထီးလင်းမြို့သင်္ချိုင်းအား စစ်ကောင်စီဝင်များ သန့်ရှင်းရေးလုပ်နေ

    ထီးလင်းမြို့သင်္ချိုင်းအား စစ်ကောင်စီဝင်များ သန့်ရှင်းရေးလုပ်နေ

    မကွေးတိုင်း၊ ထီးလင်းမြို့ပေါ် ရှိ သင်္ချိုင်းအား စစ်ကောင်စီဝင်များ သန့်ရှင်းရေးပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။ ယနေ့(ဖေဖော်ဝါရီ ၂၆ရက်)နံနက်ပိုင်းကစ၍ ထီးလင်းမြို့၏ မြို့မစျေးနှင့် မြို့နယ်လျှပ်စစ်ရုံးဝင်း၏အနောက်ဖက်၊ ကွက်သစ်(ခ)စည်ပင် သာယာရပ်ကွက်ရှိ သင်္ချိုင်းကို စစ်ကောင်စီအဖွဲ့ဝင်များက သန့်ရှင်းရေးလုပ်နေခြင်းဟု ဆိုသည်။ ထီးလင်းမြို့ခံများမှာ မြို့မှစွန့်ခွာသွားကြပြီဖြစ်၍ လက်ရှိ မြို့ပေါ်၌ စစ်ကောင်စီအဖွဲ့ဝင်အချို့သာ ကျန်ရှိနေခြင်းဖြစ်သည်။ ထီးလင်းမြို့ပေါ်၌ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၂၀၀ခန့်နှင့် ၎င်းတို့မိသားစုဝင်များထည့်သွင်းပါက စုစုပေါင်း ၆၀၀ခန့်သာ ကျန်ရှိတော့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးသို့ အသိပေးထားသည်။ “ဒီသင်္ချိုင်းက စခ ရော၊ ရခ ရော၊ ပျူရော သဂြိုလ်ကျတာ။ထီးလင်းမြို့တစ်မြို့လုံးမှာ ဒီသင်္ချိုင်းတစ်ခုပဲရှိတာပါ။မြို့သူ၊မြို့သားအများစုက မြို့ကစွန့်ခွာသွားပြီလေ။ သန့်ရှင်းရေးလုပ်မယ့်သူမရှိတော့ စခ၊ ရခ၊ ပခတွေ ကိုယ်တိုင်လုပ်နေကြရတာ”ဟု ထီးလင်းမြို့နယ်နေသူ တစ်ဦးက ပြောသည်။…

  • ခမရ ၃၄၃ တပ်က  တပ်စွဲထားသည့်နေရာကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက် စီးနင်းစဉ် စစ်သားများအားလုံး  ထွက်ပြေး

    ခမရ ၃၄၃ တပ်က တပ်စွဲထားသည့်နေရာကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက် စီးနင်းစဉ် စစ်သားများအားလုံး ထွက်ပြေး

    ရေးမြို့နယ်၊ အာယုတောင်ရွာထိပ်ရှိ ခမရ ၃၄၃ တပ်က တပ်စွဲထားသည့်နေရာကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက် စီးနင်းစဉ် စစ်သားများအားလုံး ထွက်ပြေး မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ရွာထိပ်ရှိ ခမရ ၃၄၃ က တပ်စွဲထားသည့်နေရာကို ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်းရန် ဝိုင်းထားစဉ်တွင်ပင် အကြမ်းဖက်စစ်သားများအားလုံး ထွက်ပြေးသွားကြကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အကြမ်းဖက်စစ်သား စုစုပေါင်း ၁၅ ဦးဝန်းကျင် တပ်စွဲထားသည့် အာယုတောင်ရွာထိပ်နေရာကို ဝင်ရောက်စီးနင်းရန် ဝိုင်းထားစဉ်တွင် ထွက်ပြေးတိမ်းရှောင်သွားကြခြင်းဖြစ်ကြောင်း သိရှိရသည်။ ” တပ်က ထွက်ပြီးတော့ အဲဒီရော်ဘာခြံတည်နေရာတွေမှာ ကတုတ်ကျင်းလေးတွေ ပေါက်ပြီးတော့ ကင်းပုန်းဝပ်တယ်။ ဖြတ်သန်းသွားလာတာတွေကို စောင့်ပစ်တယ်။ စစ်ဆေးရေးထွက်စစ်လေ့ရှိတယ်။ ရွာသားတွေ သယ်ယူလာတဲ့ ဆေးပစ္စည်းတွေ ချခိုင်းတယ်။ အဲဒီနေရာကို ဝင်ရောက်…

  • ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    စစ်မှုထမ်းခိုင်းရန် လူငယ်များကို ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေသည့် ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ရန်ကုန်အတိုင်း စစ်မှုထမ်းခိုင်းရန် လူငယ်များကို ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေသည့် ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါန်က ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၇ နာရီ ၂၈ မိနစ်အချိန် ဒဂုံမြို့သစ်တောင်ပိုင်း ၊တောင်မြောက်လမ်းဆုံအနီးရှိ ဒဂုံမြိုသစ်(တောင်ပိုင်း) မြို့မရဲတပ်ဖွဲ့စခန်း ကို Dark Shadow တပ်ဖွဲ့က အဝေးထိန်းမိုင်း ၂ လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ ရန်ကုန်နှင့် အခြားနေရာအနှံအပြားတွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို နေ့စဉ်ဒုက္ခပေးနေပြီး မတရား စစ်မှုထမ်း ဥပဒေကို အသုံးပြုကာ လူငယ်များကို ဖမ်းဆီးမှု၊ မိသားစုဝင်များကို…

  • မိတ္တီလာတွင် အုပ်ချုပ်ရေးမှူးအသစ် ဇော်မင်းဦး ပစ်သတ်ခံရပြီးနောက် ပြည်သူ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီး

    မိတ္တီလာတွင် အုပ်ချုပ်ရေးမှူးအသစ် ဇော်မင်းဦး ပစ်သတ်ခံရပြီးနောက် ပြည်သူ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီး

    မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ တွင် အုပ်ချုပ်ရေးမှူးအသစ် ဇော်မင်းဦး ပစ်သတ်ခံရပြီးနောက် ပြည်သူ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော စည်းခုံကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်မင်းဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၊ ပခုက္ကူတိုက်တန်း ရမ်းကြီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဇော်မင်းဦးသည် အကြမ်းဖက် စစ်တပ် သတင်းပေးဖြစ်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်မှုထမ်းရန် အတင်း အဓမ္မ ခိုင်းစေနေသူဖြစ်ကြောင်း၊ စစ်တပ် အလိုကျ စေခိုင်းမှုများတွင် ပါ၀င်နေသောကြောင့် ရာအိမ်မှူး အဆင့်မှ အုပ်ချုပ်ရေးမှူးသို့ အဆင့်သို့…

  • ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ ညွှန်ကြား

    ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ ညွှန်ကြား

    စစ်အာဏာရှင်များကို တိုက်ခိုက်နေရာတွင် ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြားလိုက်သည်။ ယမန်နေ့ နံနက် ၁၀ နာရီအချိန် ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ ရန်သူအပေါ် မညှာတမ်းတိုက်ခိုက်ရမည်ဖြစ်ပြီး ပြည်သူများအပေါ်တွင် အဖြောင့်မတ်ဆုံးရိုးသားရမည်ဖြစ်ကြောင်း၊ ယင်းမှာ တော်လှန်ရေး၏ ကျင့်ဝတ်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။ “ကျနော်တို့ဟာ ရန်သူ့ အပေါ်မှာ မထောက်မညှာတမ်း တိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ လိုပါတယ်။ ဒါဟာ တော်လှန်ရေးကျင့်ဝတ်ဖြစ်သလို၊ ကျွန်တော်တို့ ခံယူရမယ့် သဘောထားလို့လည်း ထင်ပါသည်။ ကျွန်တော်တို့ အစိုးရအပေါ် ဝေဖန်လာတဲ့ဝေဖန်ချက်တွေကို အလုပ်နဲ့ သက်သေပြပြီး ပြန်လည် ချေပနိုင်စွမ်း ရှိရမယ်လို့ ပြောချင်ပါတယ်…