Category: News
-

ကြို့ပင်ကောက်တွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်တပ် ဒေါက်တိုင် သန်းဆွေဦး ပစ်ခတ် ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် သန်းဆွေဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK – PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် သန်းဆွေဦးကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK – PDF) ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက်…
-

PDF တပ်ရင်းများထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါးအလင်းဝင်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းများထံသို့ ယခုနှစ် ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း ဆက်သွယ်အလင်းဝင်ရောက်လာသည့် စစ်ကောင်စီ စစ်သားနှင့် ရဲ ၂၉ ဦးရှိကြောင်းသိရသည်။ NUG အစိုးရကာကွယ်ရေး ဝန်ကြီးဌာနက ယမန်နေ့( ဇန်နဝါရီလ ၁၃ ရက်) တွင် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ ရဲတပ်သား တဦး သည် ဂန့်ဂေါခရိုင် တပ်ရင်း(၂ ) ထံသို့ အလင်းဝင်ရောက်လာသည်။ ဇန်နဝါရီလ ၆ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်း၏ စစ်ကောင်စီအဖွဲ့ဝင် ငါးဦး ဂန့်ဂေါခရိုင် PDF တပ်ရင်း (၃)နှင့် တပ်ရင်း (၅ )ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်းသိရသည်။…
-

မံစီမြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် စစ်ကောင်စီတပ်အင်အား ၃၀၀ ကျော်အနက် ၁၀၀ ကျော်သာ ဗန်းမော်သို့ ပူးပေါင်းနိုင်ဟုဆို
ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်သားများ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွား၍ KIAပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီ ၈ရက်တွင် စစ်ကောင်စီ၏ မံစီမြို့အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမတ(၃၅၂)တို့ကို KIA/KPDFနှင့် ABSDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀၀ ကျော်မှာ မံစီမှ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ထွက်ပြေးသည့် စစ်ကောင်စီတပ်များအား KIA ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ ဇန်နဝါရီ ၉ရက်မှ ဇန်နဝါရီ ၁၂ရက်အတွင်း တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်…
-

တောင်သာ အထက (၁)တပ်စွဲထားတဲ့ စစ်တပ်ကို PDF တွေတိုက်ခိုက်
တောင်သာမြို့အထက (၁) ထဲကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ်လို့တပ်ရင်း(၃)တပ်ရင်းမှူးက ပြောပါတယ်။ ဇန်နဝါရီလ (၁၃)ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်မှာ တောင်သာမြို့၊ အထက ၁ ကျောင်းထဲကိုတပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ “အမြင်က ၈ ယောက် ၁၀ ယောက်လောက်သေတယ်။ ဒဏ်ရာရတွေလည်းရှိတယ်။ သူတို့အလစ် အငိုက်တိုက်ခံရတာ”လို့မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှူးကပြောပါတယ်။ သေဆုံးတဲ့အထဲ နာမည်ကြီးတပ်ကြပ်ကြီးအောင်မင်းဆိုသူလည်းပါတယ်လို့သိရပါတယ်။ အထက(၁)မှာ စစ်သား ၄၀ ကျော်လောက် တပ်စွဲထားတာဖြစ်ပြီး အဲဒီကနေတဆင့်ထွေအုပ်၊ မြို့ဝင်ဂိတ်တွေနဲ့ ဘဏ်တွေကိုလုံခြုံရေးပေးထားတာလို့သိရပါတယ်။ တော်လှန်ရေးတပ်တွေဝင်တိုက်စဥ် တခြားနေရာတွေကို စစ်သားတွေက လုံခြုံရေးဖြန့်ပေးထားတာမို့ ကျောင်းအတွင်းမှာ၂၁ ယောက်လောက်သာရှိပြီး တိုက်ခိုက်ခံရစဥ် ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ် လို့သူကဆက်ပြောပါတယ်။ စစ်တပ်ကိုတိုက်ခိုက်ပြီး စစ်ကောင်စီအလံကိုဖြုတ်ချပြီး PDF ခရိုင်တပ်ရင်း(၃)…
-

စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေ ရခိုင်ပြည်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ရခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့ပေါ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဖြစ် ရုံးနှင့် အင်္ဂါစဉ်များကို သတ်မှတ်၍ ယန္တရားနှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နေကြောင်း၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာလည်း စစ်တွေမြို့တွင်ပင် ရုံးထိုင်၍ နပခ လုပ်ငန်းစဉ်များကို…