Category: News

  • အမေရိကန်နှင့် အစ္စရေးတို့ ပူပေါင်း တိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံ ခေါင်းဆောင်အသစ် ဒဏ်ရာရရှိထား

    အမေရိကန်နှင့် အစ္စရေးတို့ ပူပေါင်း တိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံ ခေါင်းဆောင်အသစ် ဒဏ်ရာရရှိထား

    အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် ကြေညာခံထားရသော မွတ်ရှ်တာဘာ ခါမေနီ ဒဏ်ရာရရှိထားကြောင်း အီရန်အစိုးရပိုင် ရုပ်သံမီဒီယာများက ဖော်ပြနေကြသည်။ မွတ်ရှ်တာဘာ ခါမေနီ သည် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ဒဏ်ရာရခဲ့သည်ကို အီရန်ဘက်မှ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ယူဆနေကြပြီး မွတ်ရှ်တာဘာ ခါမေနီ ကို လူသိရှင်ကြား မတွေ့မြင်ရသေးကြောင်းလည်း သတင်းများတွင် ဖော်ပြထားကြသည်။ လက်ရှိအချိန်တွင် Iran နှင့် Israel အကြား စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေပြီး ဒေသတွင်း လုံခြုံရေးအခြေအနေများ ပိုမိုမတည်ငြိမ်လာနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက သုံးသပ်နေကြသည်။ Mojtaba Khamenei (မိုဂျတာဘာ ခါမေနီ) သည် အီရန်နိုင်ငံ၏ အဓိပ္ပာယ်အရှိဆုံးနှင့် သြဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လက်ရှိ အီရန်၏…

  • LPDF ဆိုတာ တော်လှန်ရေးရဲ့အမှိုက် ဖြစ်သွားပြီဆိုတဲ့ မျိုးရန်နောင်သိန်း

    LPDF ဆိုတာ တော်လှန်ရေးရဲ့အမှိုက် ဖြစ်သွားပြီဆိုတဲ့ မျိုးရန်နောင်သိန်း

    ကျုပ်ပြောတာရှင်းတယ် LPDF ဆိုတာ တော်လှန်ရေးရဲ့အမှိုက် ဖြစ်သွားပြီ။ ဒီမှာ အပြည့်အစုံရှင်းပြထားတယ်။ ခေါင်းစဉ် လေးခု ၁။ ဒေါ်နယ်ထရမ့်က မင်းအောင်လှိုင်ကိုဖမ်းမလား ၊ ၂။ တာဝန်ံယူ၊ တာဝန်ခံမှုအပြည့်နဲ့ NUG ကို ဘယ်လိုထောက်ပြကြမလဲ။ ၃။ LPDF တွေက တော်လှန်ရေးရဲ့ အမှိုက်ဖြစ်သွားပြီ ၄။ အကြမ်းဖက်စစ်တပ်ကို ဘယ်လို အနိုင်တိုက်ကြမလဲ – ဆွေးနွေးထားတဲ့ ဦးမျိုးရန်နောင်သိန်း Myo Yan Naung Thein (Lived)

  • မန္တလေးမြို့မီး နေအိမ် ၆ လုံး ပြာကျ

    မန္တလေးမြို့မီး နေအိမ် ၆ လုံး ပြာကျ

    မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မနေ့က မတ်လ ၉ ရက် ည ၇ နာရီခွဲခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ဈေးတန်းရပ်မှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့တာပါ။ နာရီဝက်ကျော်လောင်ကျွမ်းခဲ့ရာမှာ သွပ်မိုး၊ ကျောက်ပြားကာနဲ့ ထရံကာနေအိမ် စုစုပေါင်း ၆ လုံး၊ CZI-125 အမျိုးအစား ဆိုင်ကယ် ၂စီးနဲ့ နေအိမ်အတွင်းရှိ လူသုံးကုန်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။ “မီးကတအား များတယ်။ ကြောက်စရာကြီး။ အိမ်နဲ့နည်းနည်းဝေးသေးတာကို အပူတွေကလာဟပ်တာ။ ထိန်းနိုင်သွားလို့တော်သေးတယ်”လို့ စျေးတန်းရပ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အဆိုပါမီးဟာ ​ဖယောင်းတိုင်မီးပူဇော်ရာကနေ စတင်လောင်ကျွမ်းတယ်လို့ မီးသတ်ကဆိုပါတယ်။ အဲဒီဖြစ်စဥ်ကြောင့် မီးစလောင်တဲ့နေအိမ်က အသက် ၅၇…

  • တပ်ကုန်းမြို့နယ်၊ ကြံ့ဖွတ်ပါတီ အမာခံမိသားစုမှ စစ်မှုထမ်းတပ်သား ရန်ကိုအောင် ကသာတိုက်ပွဲတွင် သေဆုံးပြီး အလောင်းပြန်မရ

    တပ်ကုန်းမြို့နယ်၊ ကြံ့ဖွတ်ပါတီ အမာခံမိသားစုမှ စစ်မှုထမ်းတပ်သား ရန်ကိုအောင် ကသာတိုက်ပွဲတွင် သေဆုံးပြီး အလောင်းပြန်မရ

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အလယ်ကျွန်း (ခေါ်) ဒွတ်ကျော်ကျေးရွာမှ စစ်မှုထမ်းအပတ်စဉ် ၁ တွင် ပါဝင်သွားသည့် စစ်မှုထမ်းတပ်သား ရန်ကိုအောင်မှာ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် တိုက်ပွဲတွင် သေဆုံးသွားပြီး အလောင်းပြန်မရကြောင်း မိသားစုဝင်များထံသို့ စစ်တပ်က ပေးပို့လာသော အကြောင်းကြားစာ အရ သိရှိရသည်။ ယခုမတ်လဆန်းပိုင်း ကသာတိုက်ပွဲတွင် သေဆုံးသွားသော စစ်မှုထမ်းတပ်သား ရန်ကိုအောင်မှာ ရပ်/ကျေး ကြံ့ဖွတ် ခေါင်းဆောင် မောင်လွင်၏သားဖြစ်ကြောင်း၊ စစ်မှုထမ်းဥပဒေဖြင့် ပထမဦးဆုံးအကြိမ် ခေါ်ယူသည့် အပတ်စဉ် ၁ တွင် ပါဝင်သွားခဲ့သူဖြစ်ပြီး စစ်သင်တန်းဆင်းပြီးနောက် စစ်ကိုင်းတိုင်း၊ ကသာဘက်သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုမတ်လဆန်းရက်ပိုင်းအတွင်း ကသာတိုက်ပွဲတွင် ကျဆုံးသွားပြီဟု စစ်တပ်က တရားဝင်စာပေးပို့ လာခြင်းဖြစ်ကြောင်း သိရှိရသည်။ အလောင်းပြန်မရသော်လည်း ယခုရက်ပိုင်းအတွင်း သေဆုံးသူ စစ်မှုထမ်းတပ်သား ရန်ကိုအောင်အတွက် နာရေးရက်လည်…

  • အီရန်နိုင်ငံ၏ အခြေအနေနှင့် ရုရှား၏ နျူကလီးယားဆိုင်ရာ အရေးပေါ်စီမံချက်များ ထွက်ပေါ်လာမှုအပေါ် ကမ္ဘာ့အာရုံစိုက်မှု မြင့်တက်နေ

    အီရန်နိုင်ငံ၏ အခြေအနေနှင့် ရုရှား၏ နျူကလီးယားဆိုင်ရာ အရေးပေါ်စီမံချက်များ ထွက်ပေါ်လာမှုအပေါ် ကမ္ဘာ့အာရုံစိုက်မှု မြင့်တက်နေ

    အီရန်နိုင်ငံအတွင်း အုပ်ချုပ်ရေးယန္တရားနှင့် ဆက်သွယ်ရေးကွန်ရက်များ ပြိုလဲလုနီးပါး ဖြစ်ပေါ်နေချိန်တွင် ရုရှားနိုင်ငံအနေဖြင့် အီရန်၏ နျူကလီးယားဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ကျွမ်းကျင်ပညာရှင်များကို ထိန်းချုပ်ရန် အရေးပေါ်စီမံချက်များ စတင်နေပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါသည်။ အီရန်နျူကလီးယား ဦးဆောင်မှုပိုင်းနှင့် ဆက်သွယ်ရေး ပြတ်တောက်သွားပြီးနောက် ထိလွယ်ရှလွယ်သော နျူကလီးယားဆိုင်ရာ ပစ္စည်းများ၏ လုံခြုံရေးအတွက် ကရင်မလင်နန်းတော်က ဝင်ရောက်ထိန်းချုပ်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်ဟု ဆိုပါသည်။ တစ်ဖက်တွင်လည်း စစ်ပွဲ၏ အရှိန်အဟုန်မှာ ဘာသာရေးနှင့် အယူဝါဒဆိုင်ရာ တင်းမာမှုများဘက်သို့ ဦးတည်လာနေပြီး အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနေသည့် အမေရိကန်စစ်သည်အချို့အား တာဝန်ရှိသူများက အဆိုပါစစ်ပွဲသည် အယူဝါဒဆိုင်ရာ အရေးပါသည့် ဖြစ်ရပ်တစ်ခုအဖြစ် ပြောကြားမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပါသည်။ စစ်ရေးအရ ဆုံးရှုံးမှုများအနေဖြင့် အမေရိကန်သည် စစ်လက်နက်ပစ္စည်း ဒေါ်လာ ၂ ဘီလီယံဖိုးခန့် ဆုံးရှုံးထားသော်လည်း…