Category: News

  • မိုးထိတောင်တိုက်ပွဲ က သေဆုံး/ဒဏ်ရာရ စစ်ကောင်စီ တပ်သားတွေကို ဉသျှစ်ပင်သို့ သယ်ယူ

    မိုးထိတောင်တိုက်ပွဲ က သေဆုံး/ဒဏ်ရာရ စစ်ကောင်စီ တပ်သားတွေကို ဉသျှစ်ပင်သို့ သယ်ယူ

    ရခိုင်-ပဲခူး နယ်ခြားဂိတ်စခန်းဖြစ်တဲ့ မိုးထိတောင် စခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာပြင်းထန်ရရှိထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သေဆုံးသွားတဲ့ သူတွေကို ဉသျှစ်ပင်မြို့ကို ဇန်နဝါရီ ၂၇၊ ၂၈ ရက်တွေမှာ ကားတွေနဲ့ တင်ဆောင်ပြောင်းရွှေ့နေတယ်လို့ သတင်းရရှိပါတယ်။ မိုးထိတောင် တိုက်ပွဲက နောက်ဆုတ်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးနဲ့ ချင်းကုန်းအမြှောက်စခန်း မှာ စခန်းချဆေးကုနေပြီး သေဆုံးသူတွေလည်းရှိနေတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ “ညောင်ကျိုးစခန်းကို ရိက္ခာ နဲ့ စစ်ကူ လာပို့တဲ့ ကားတွေနဲ့ အလောင်းတွေ၊ ဒဏ်ရာပြင်းတဲ့ သူတွေကို ပြန်တင်သွားတယ်၊ သေတဲ့လူတွေကတော့ ဉသျှစ်ပင်မှာ သဂြိုလ်တယ်လို့ ကြားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ပြန်လည်တင်ဆောင်သွားတဲ့ ဒဏ်ရာရရှိသူနဲ့ သေဆုံးသူအရေအတွက်ဟာ ၁၀၀ ကျော်ရှိနေပြီး အဲ့ဒီလူတွေကို ဉသျှစ်ပင်မြို့မှာ ညအချိန်တွေ မြေမြုပ်သဂြိုလ်နေရတယ်လို့ သတင်းရင်းမြစ်တွေက…

  • အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ယာဥ်အန္တရာယ်ကင်းရှင်းရေးတွေ ပြုလုပ်နေ

    အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ယာဥ်အန္တရာယ်ကင်းရှင်းရေးတွေ ပြုလုပ်နေ

    အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဥ်အန္တရယ်ကင်းရှင်းရေးတွေ ပြုလုပ်နေပါတယ်။ အဲဒီအာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမှာ ပြည်သူတွေဝင်ရောက်နေတဲ့အချိန်မှစလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်သူတွေအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးတွေ ပုံမှန်ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေက ယာဥ်အသွားအလာများတဲ့ လမ်းတွေမှာ အာရက္ခစစ်သည်တော်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက အာရက္ခပြည်သူလူထူတွေယာဥ်အန္တရာယ်မဖြစ်စေဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေက ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊မိတ်သိုင်းကြိုးတပ်ရန်နဲ့ ဆိုင်ကယ်တစီးမှာ လူနှစ်ယောက်ထက်ပိုမစီးရန် စတဲ့စည်းကမ်းချက်တွေကို လမ်းသွားလမ်းလာတွေလိုက်နာဖို့ သတိပေးနှိုးဆော်နေပြီး နောက်ထပ်စည်းကမ်းချိုးဖောက်ခဲ့ရင် အပြစ်ဒဏ်ပေးသွားမယ်လို့ဆိုပါတယ်။ အဲဒီစည်းကမ်းချက်ဆိုင်းဘုတ်တွေကို လမ်းခွဆုံတွေ၊အဝေးပြေးကားလမ်းမတွေမှာ ထောင်ထားပြီး သတိပေးနှိုးဆော်နေတာဖြစ်ပါတယ်။ ခုလိုမျိုး သတိပေးစစ်ဆေးနေတာဟာ အာရက္ခပြည်သူတွေကို ယာဥ်အန္တရာယ်တွေကြောင်းထိခိုက်ဒဏ်ရာမရစေဖို့၊ယာဥ်နဲ့ပတ်သက်ပြီးအသက်ဘေးအန္တရာယ်မဖြစ်စေတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြဖို့ကိုလည်းဆိုထားပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ…

  • “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်  မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံး

    “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံး

    ကော့သောင်းတွင် “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံး တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ခေါင်းဖြူ (ခ)မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု၊ ဟတ်စဒင်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ခေါင်းဖြူ (ခ)မြင့်ဆွေကို ၎င်းနေထိုင်ရာ ဟက်စဒင်းကျေးရွာအနီး၌ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း…

  • အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်

    အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်

    အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်မှု ကပစ ၁၀ မှ အရာရှိများ အပါအဝင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်ခဲ့ရာ ကပစ ၁၀ မှ အရာရှိများ အပါအဝင် စစ်သား ၃၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း United States Of Burma Army – USBA တပ်ဖွဲ့ တာဝန်ခံ ကိုဗဟိန်းက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၈ မိနစ်ခန့်တွင် ကံတုပ်ကျေးရွာ…

  • မြဝတီမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက စစ်မှုထမ်းရန် လူငယ်များလိုက်လံဖမ်းဆီးနေ

    မြဝတီမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက စစ်မှုထမ်းရန် လူငယ်များလိုက်လံဖမ်းဆီးနေ

    ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များသည် စစ်မှုထမ်းရန်အတွက် လူငယ်များလိုက်လံဖမ်းဆီးပြီး စစ်ကောင်စီအတွက် ပို့ဆောင်နေကြောင်း အဆိုပါမြို့ခံများက ပြောသည်။ မြဝတီမြို့ (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူနှင့် ပြည်သူ့စစ်များသည် ညပိုင်းအချိန်တွင် ကားများဖြင့် လူငယ်များ လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းရန် ခေါ်ဆောင်နေခြင်းဟု မြဝတီမြို့ခံများက ပြောသည်။ “သူက မြဝတီကလူငယ်တွေကို ညဘက်မှာ သူ့ပြည်သူ့စစ်တွေနဲ့ ကား၄စီးထွက်ပြီး လူငယ်တွေကိုပေါ်တာဆွဲတယ်။ စစ်မှုထမ်းထဲ တစ်ခါတည်းထည့်တယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များ လိုက်လံဖြေရှင်းပါက (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူက ရိုင်းပြစွာဆဲဆိုလေ့ရှိသည်ဟု ဆိုသည်။ ” လောလောဆယ် ဆယ်ဂဏန်းလောက်ရှိမယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။ ၂၀၂၄ ဒီဇင်ဘာ၂၈ရက်ကလည်း စစ်မှုထမ်းရန်ဖမ်းဆီးခြင်းနှင့် ပြည်သူများအပေါ်ခြိမ်းခြောက်ဖမ်းဆီးငွေတောင်းခံနေသော မြဝတီမြို့မရဲစခန်းအား ဗုံးချတိုက်ခိုက်ခံရမှုဖြစ်ခဲ့သေးသည်။ မြဝတီမြို့မရဲစခန်း ဗုံးနှစ်လုံးချတိုက်ခိုက်ခံရမှုတွင် ရဲလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။…