Category: News
-

မြောက်ဦးကို ဗုံးကြဲ၊ စစ်သုံ့ပန်းများထားသည့် ယာယီအချုပ် ထိမှန်ဟုဆို
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီက ယမန်နေ့ ည ၉ နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့ရာ စစ်သုံ့ပန်းများထားရှိသော ယာယီအကျဉ်းထောင်သို့ ကျရောက်ခဲ့ပြီး သေဆုံးဒဏ်ရာရသူများရှိကြောင်း ဒေသခံများထံက သိရသည်။ ရခိုင်သတင်းရင်းမြစ်တဦးက “စစ်သုံ့ပန်းတွေနဲ့ တခြားအကျဉ်းသားတွေထားတဲ့ ယာယီအကျဉ်းထောင်ကို မနေ့ည ၉ နာရီလောက်က လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ ၅ လုံးလောက် ကျတယ်။ ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော တခြားအကျဉ်းသားတွေရောအပါ ၃၀ ကျော်လောက် သေဆုံးတယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့အရေအတွက်တော့ မသိရသေးဘူး။ များတယ်လို့ ပြောတယ်” ဟု ပြောသည်။ မြောက်ဦးမြို့သည် အာရက္ခတပ်တော်က ရခိုင်ပြည်နယ်ထိုးစစ်အတွင်း အစောပိုင်းကာလကတည်းက သိမ်းပိုက်ထားနိုင်ခဲ့သည့်မြို့ဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားတော့ခြင်းမရှိသဖြင့် ဒေသခံများ ပြန်လည်နေ ထိုင်ကြပြီဖြစ်ကြောင်း သိရသည်။ မြောက်ဦးရှိ…
-

ဘောမိမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်တချို့ ရွှေသောင်ယံဘက် တပ်ဆုတ်
စစ်ကောင်စီအင်အားဖြည့်ထားတဲ့ ဘောမိမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်တချို့ ရွှေသောင်ယံဘက် တပ်ဆုတ် စစ်ကောင်စီတပ်က အင်အားရာချီ စစ်ကူပို့ထားတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဘောမိရွာမှာ ဇန်နဝါရီ ၁၆ရက် ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နောက် အဲ့ဒီဒေသအခြေစိုက် စစ်ကောင်စီတပ်တချို့ ရွှေသောင်ယံမြို့ဘက်ကို တပ်ပြန်ဆုတ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဘောမိကတပ်တွေ ပြန်ဆုတ်လာနေပြီ၊ ညကရောက်တဲ့အဖွဲ့လည်းရောက်တယ်၊ ခုမနက်လည်း (ဆုတ်)လာနေ ကြတယ်”လို့ ရွှေသောင်ယံမြို့ခံတစ်ဦးက ပြောပါတယ်။ ဘောမိကနေ မနေ့ညက ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်ကတော့ ရေလမ်းကနေတဆင့် ဆုတ်ခွာလာခဲ့တာဖြစ်ပြီး ဘောမိနဲ့ ရွှေသောင်ယံမြို့ကြားရှိ သပေါ့ကန်ရွာမှာ ကမ်းကပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက်မှာ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေ ဘယ်လိုဆုတ်ခွာလာနေတယ်၊ အင်အားဘယ်လောက် ရှိတယ် ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ ရွှေသောင်ယံမြို့ခံနောက်တဦးကလည်း ဘောမိကနေ စစ်ကောင်စီတပ်တချို့ ပြန်ဆုတ်လာတယ်လို့ ကြားသိရ…
-

ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော အမျိုးသား ၁ ဦး တပ်ထဲတွင် ရိုက်နှက်ခံရပြီး သေဆုံး
ပေါက်ခေါင်းတွင် စစ်တပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော အမျိုးသား ၁ ဦး တပ်ထဲတွင် ရိုက်နှက်ခံရပြီး သေဆုံး၊ မိသားစုက အလောင်းပြန်ယူ သဂြိုလ် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော အမျိုးသား ၁ ဦး တပ်ထဲတွင် ရိုက်နှက်ခံရပြီး သေဆုံးသွားကြောင်း ပဲခူးဒေသသတင်းရင်းမြစ် ပြည်သစ္စာက ပြောဆိုသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန် ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်-ပေါက်ခေါင်းလမ်း၊ တောင်ဇင်းဝအနီး ဝေဠုဝန်ရွာမှ အမျိုးသား ၃ ဦးကို စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခဲ့သော အမျိုးသား ၃ ဦးအနက်မှ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ကျန်…
-

ရိက္ခာလာပို့သည့် စစ်တပ်စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်
မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာသို့ ရိက္ခာလာပို့သည့် စစ်တပ်စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာသို့ ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ဗစ်တာ ပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့ထိ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းတစ်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို ထိတွေ့ တိုက်ပွဲများအတွင်း ဇန်နဝါရီလ ၁၇ ရက်နှင့်…
-

အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့် စစ်တပ်စစ်ကြောင်းကိုပစ်ခတ်
အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့် စစ်တပ်စစ်ကြောင်းကိုပစ်ခတ်မှု အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံး၊ လက်နက်ခဲယမ်းများ ပါသွား ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တချို့က ပစ်ခတ်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ လက်နက်ခဲယမ်းများ ပါသွားကြောင်း ဒေသခံပြည်သူများနှင့် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ အုတ်တွင်းမြို့နယ်၊ ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေး (ခ) ကိုမောင်နှင့် စစ်သား ၅ ဦးက သံဒိုင်ခင်ကျေးရွာသို့ အလှူသွားရောက်ခဲ့ကြပြီး ယင်းအလှူပွဲမှ ပြန်လာကြကြောင်း၊ ယင်းသို့ ပြန်လာစဉ် ရှမ်းရွာနှင့်…