Category: News
-

ရွှေသောင်ယံမြို့နယ်၊ဘောမိရွာတွင် တိုက်ပွဲပြင်းထန်
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။ ဘောမိကျေးရွာသည် ရွှေသောင်ယံမြို့ပေါ်နှင့် ၁၅ မိုင်ခန့်သာဝေးပြီး တိုက်ပွဲနှင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။ “ဘောမိရွာမှာ ဖြစ်နေတာ။ လေကြောင်းက ပစ်လို့ အိမ်တွေ ပျက်စီးတယ်။ လူတွေထိခိုက်မှုရှိ ၊မရှိကတော့ ပြေးလွှားနေရတုန်းကိုမသိနိုင်သေးဘူး။ အခုက စစ်ရှောင်တွေက ရွှေသောင်ယံမြို့ပေါ်ကိုအများကြီးရောက်လာတာ” ဟု ဒေသခံတဦးကပြောသည်။ တိုက်ပွဲမှာ အလွန်ပြင်းထန်ပြီး ဘောမိကျေးရွာချောင်းဖျားထိပ်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွားနေခြင်းဟု သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က ဂွနှင့် ရွှေ သောင်ယံနယ်စပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မကျီးဇင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းရော၊ ရေတပ်မှပါ ပစ်ခတ်ခဲ့သည်။ အရပ်သားသေဆုံးမှုရှိခဲ့သည်ဟုသတင်းကြားရသော်လည်း…
-

အလှူလုပ်နေတဲ့ကျေးရွာကို ပျူစောထီးတွေဝင်စီးပြီး အလှူအိမ်အပါအဝင် နေအိမ် ၈လုံး မီးရှို့ဖျက်ဆီး
ခင်ဦးမြို့နယ်မှာ အလှူလုပ်နေတဲ့ကျေးရွာကို ပျူစောထီးတွေဝင်စီးပြီး အလှူအိမ်အပါအဝင် နေအိမ် ၈လုံး မီးရှို့ဖျက်ဆီး ခင်ဦးမြို့နယ်၊ပျဥ်ထောင်ကျေးရွာက ပျူစောထီးတွေက ရွှေကူတဲစုကျေးရွာက အလှူပြုလုပ်နေတဲ့ နေအိမ်ကိုရိက္ခာတွေယူဆောင်ပြီး မီးရှို့ဖျက်ဆီးသွားတာမို့ အလှူအိမ်အပါအဝင် နေအိမ် ၈လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဇန်နဝါရီ ၁၇ရက် မနက်၄နာရီကျော်မှာ ပျူစောထီးအများစုနေထိုင်ပြီး ပျူစောထီးရွာလို့သတ်မှတ်ခံထားရတဲ့ ပျဥ်ထောင်ကျေးရွာက အင်အား ၅၀ခန့်ပါ ပျူစောထီးတွေဟာ သေနတ်တွေ ပစ်ဖောက်ကာ ရွှေကူတဲစုကျေးရွာကို ဝင်လာတာလို့ သိရပါတယ်။ အလှူအဝင်နေမို့ ချက်ပြုတ်နေကျချိန် ပျူစောထီးတွေက ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အလှူအိမ်အပါအဝင် အနီးနားကနေအိမ်တွေကနေပါ ရိက္ခာတွေယူဆောင်သွားတာလို့ သိရပါတယ်။ “အလှူလုပ်မယ့်ဟာသိတဲ့အခါကျတော့ သူတို့ကစားစရာမရှိတော့ဘူးလေ။အဲတာကြောင့်မို့ သူတို့အစီစဥ်နဲ့သူတို့လာပြီး လုပ်ချင်ရာလုပ်သွားတာ “လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ပျဥ်ထောင်ကျေးရွာဟာရွှေကူတဲစုကျေးရွာနဲ့ တစ်မိုင်ခန့်ဝေးတယ်လို့ သိရပါတယ်။ အဲဒီရွာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့ထားတာမို့ အပြင်ထွက်မရဘဲ ရိက္ခာပျက်လက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “လပိုင်းလောက်ကြာပြီလေ။စစ်တပ်က…
-

ရဲအရာရှိ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်
ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ပြည်ခရိုင် ဒုရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူးသန်းလွင် အပါအဝင် ရဲအရာရှိ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးမှုဖြင့် ဖမ်းဆီးထားသော ပြည်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူး သန်းလွင် နှင့် ရဲအုပ် အောင်ကျော်စိုး တို့ကို ထောင်ဒဏ်များချမှတ်လိုက်ကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ နေပြည်တော် ရဲချုပ် ဦးစီးသော ရဲအထူးတရားရုံးက ပြည်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့်ကို ထောင် ဒဏ် ၁၀ နှစ် ၊ ပန်းတောင်းမြို့နယ်မှူး ရဲမှူး သန်းလွင်ကို…
-

ခလရ ၁၅ စစ်ကြောင်းမှ ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး
အမ်းမြို့နယ်နှင့်ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ စစ်ကြောင်းမှ ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော အကြမ်းဖက် စစ်တပ်၏ ခလရ ၁၅ စစ် ကြောင်းမှ ဗိုလ်မှူး ကျော်စိုးနိုင်သည် စနိုက်ပါ ထိမှန်သေဆုံးခဲ့ကြောင်း ခလရ ၁၅ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ တပ်ရင်းမှ ဗိုလ်မှူး ကျော်စိုးနိုင်သည် စနိုက်ပါ ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူး ကျော်စိုးနိုင်ဦးစီးသော စစ်ကြောင်းသည် တောတွင်းထဲ ပိတ်မိနေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။ ဗိုလ်မှူး ကျော်စိုးနိုင် သေဆုံးကြောင်းကို…
-

မြဝတီအခြေစိုက်ကျားဖြန့်ဂိုဏ်းများကို ခြေရာခံနိုင်ခဲ့ပြီးနောက် အစွမ်းကုန်ခြေမှုန်းမည်ဟုတရုတ်အစိုးရ ရာဇသံပေး
မြဝတီကျားဖြန့်ဂိုဏ်းများကိုရှင်းလင်းရန် ကိုးကန့်ကျားဖြန့်ဂိုဏ်းများကိုနှိမ်နှင်းသည့်တပ်များ တပ်ဖြန့်ထားပြီဟုဆို တရုတ်သရုပ်ဆောင်များကို ပစ်မှတ်ထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းကို ခြေရာခံနိုင်ပြီဟု တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှတဆင့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။ ထိုရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးထားသူတို့ကို ကယ်တင်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဒေသအသီးသီးရှိ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ဖြန့်ထားပြီဟုလည်း ဆင်ဟွာသတင်းကဆိုသည်။ အဆိုပါတပ်များသည် ပြီးခဲ့သည့်နှစ် အစောပိုင်းက မြန်မာနိုင်ငံအရှေ့မြောက်ဘက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးအရာရှိများ၊ ကြံ့ခိုင်ရေးအမတ်ဟောင်းများဦးဆောင်သည့် ကိုးကန့်ဒေသအခြေစိုက် ကျားဖြန့်ဂိုဏ်းများကို နှိမ်နှင်းသည့် စစ်ဆင်ရေးတွင် ဦးဆောင်သည့်တပ်ဖွဲ့ဖြစ်သည်။ တရုတ်အစိုးရအာရုံစိုက်လာသည့် မြဝတီမြို့ကို လက်ရှိအချိန်တွင် စစ်တပ်၏နယ်ခြားစောင့်အရာရှိ စောချစ်သူဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသည်။ တရုတ်အစိုးရ၏အဆိုအရ မြဝတီအခြေစိုက် လူကုန်ကူးဂိုဏ်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ တရုတ်နိုင်ငံတွင် လူသုံးများသည့် WeChat လူမှုကွန်ရက်ကိုအသုံးပြုပြီး တရုတ်သရုပ်ဆောင်များကို…