Category: News
-

နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိထား
မြန်မာနိုင်ငံ၊ မြ၀တီတွင် ခိုအောင်းနေသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိထားပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဟု တရုတ်က ကြေညာ မြ၀တီရှိ ရွှေက္ကိုလ်မြို့ အပါအဝင် ကျားဖြန့်လောင်းကစားဇုန်နေရာများမှာ စစ်ကောင်စီ မိတ်ဖက် ဗိုလ်မှူးကြီးစောချစ်သူ၏ BGF တပ်ဖွဲ့များက အကာအကွယ်ပေးထား မြန်မာနိုင်ငံ၊ မြ၀တီတွင် ခိုအောင်းနေသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိရပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာလာကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ယမန်နေ့ သတင်းဖော်ပြသည်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက ထိုင်း-မြန်မာနယ်စပ်တွင် အဆက်အသွယ်ပြတ်တောက်၍ ပိတ်မိနေသော တ ရုတ် နိုင်ငံသားများအား အစွမ်းကုန်ကယ်ဆယ်၍ အမှုစုံစမ်းဆေးလျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်သရုပ်ဆောင် ၊ တ…
-

လေတပ်က ပြည်သူ့ဘဝအေးချမ်းတိုးတက်ရေး ဘက်ပေါင်းစုံက များစွာ အထောက် အကူ ပြုနေလို့ လေတပ်ချုပ်ပြော
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ယမန်နေ့က လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒီပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က တက်ရောက်လာတာတွေ့ရပါတယ်။ လေကြောင်းအာကာသနယ်ပယ်မှာ လေကြောင်းစွမ်းအားစုတွေအနေနဲ့ စစ်ပွဲအောင်နိုင်ရေးအတွက်သာမက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုရဲ့ လူနေမှုဘဝ အေးချမ်းတိုးတက်ပြည့်စုံရေးအတွက်ပါ ဘက်ပေါင်းစုံက အထောက်အကူ များစွာပြုနေတယ်လို့ နိုင်ငံတဝန်း အရပ်သားပစ်မှတ်တွေကို ဗုံးပတ်ကြဲနေတဲ့ လေတပ်ခေါင်းဆောင်က ပြောပါတယ်။ တဖန် လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမယ့် သူတွေအနေနဲ့ တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမယ်လို့ လေတပ်ချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ရဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောကြားပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်အောင်၊ ခံယူချက်/ယုံကြည်ချက် မြင့်မားခိုင်မာနေအောင် ကြိုးစားလေ့ကျင့်တည်ဆောက်သွားကြဖို့လည်း ဗိုလ်ချုပ်ကြီးက မှာကြားသွားပါသေးတယ်။ တပ်မတော်(လေ)ရဲ့ ကောင်းမွန်မြင့်မြတ်တဲ့ အစဉ်အလာတွေကို နောင်တော်လေတပ်သားတွေနဲ့အတူ ကိုယ်ကျိုးစွန်အနစ်နာခံပြီး စောင့်ထိန်းဖို့…
-

ဝမ်ပေါင်ကြေးနီစီမံကိန်းနေရာတဝိုက် တိုက်ပွဲပြင်းထန်
စစ်ကိုင်းတိုင်းထဲက တရုတ်ကြေးနီထုတ်လုပ်ရေး စီမံကိန်းနေရာတဝိုက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ကြား နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနားတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ မုံရွာမြို့နယ်ထဲက ထနောင်းဝင်းရွာဘက်မှာဆို တိုက်ပွဲပြင်းထန်နေတာ တပတ်လောက်ရှိပြီလို့ ဒီတိုက်ပွဲမှာ ပါဝင်နေသူတဦးက VOA ကိုပြောပါတယ်။ တိုက်ပွဲတွေပိုပြီး ကျယ်ပြန့်လာနိုင်တဲ့ အခြေအနေကြောင့် မုံရွာမြို့ အနောက်ဘက်ကမ်းမှာရှိတဲ့ တရုတ်ကြေးနီစီမံကိန်းနေရာတွေကို လုံခြုံရေးပေးနိုင်ဖို့ စစ်ကောင်စီက လုံခြုံရေးတွေ ထပ်စေလွှတ်နိုင်တယ်လို့ တွက်နေကြပါတယ်။ “လုံခြုံရေးကတော့ တိုးမှာ၊ ဟိုတခါတုန်းက လက်ပံတောင်းကိုပို့မဲ့ အက်ဆစ်ကားတွေ ကျနော်တို့ ဖြတ်တိုက်ထားတယ်၊ တိုးမှာ။ ကျနော်တို့ လက်ပံတောင်းနဲ့ ပက်သက်ပြီး နှစ်လအတွင်းမှာကို အထိအတွေ့ကများတယ်၊ သူတို့ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ပေါ့။ (စစ်ကား) ငါးစီးကို ဖြတ်တိုက်လိုက်တဲ့ စစ်ကြောင်းက အခုထိ ပြန်မဆုတ်သေးတာ။ အခုဒီနေ့ သူတို့…
-

ဧရာဝတီ PDF ရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ဧရာဝတီ)၊ AYA PDF အမှတ် (၂၉) ဗျူဟာ ၊ အပတ်စဉ် (၄/၂၀၂၄) အခြေခံစစ်ပညာသင်တန်းက ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေကို ပြည်သူတွေသိရှိနိုင်ဖို့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီသင်တန်းဆင်းပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
-

ပုသိမ် မော်တင်ကားလမ်းတစ်လျှောက်ကို စစ်ကောင်စီမှလုံခြုံရေးတိုးမြှင့်ထား
ဧရာ၀တီတိုင်း၊ ပုသိမ် ၊မော်တင်ကားလမ်းတစ်လျှောက်ကို ဇန်နဝါရီလ ဒုတိယပါတ်ကစတင်ပြီး စစ်ကောင်စီမှ လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။ ပုသိမ်၊ဟိုင်းကြီး၊မော်တင်ကားလမ်း တစ်လျှောက်တွင် ကင်းပုန်းများချထားခြင်း၊ ကျေးရွာများတွင်တပ်စွဲခြင်းများကို ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများမှပြောသည်။ “ရခိုင်ရိုးမ နဲ့ နီးတော့ မကျီးဇင်လိုမျိုး တော်လှန်ရေးတပ်ဖွဲ့တွေ၀င်လာမှာစိုးလို့ထင်တယ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်အတွင်း မော်တင်ကားလမ်းဘေးသစ်တောတွင်းသို့ သစ်ခုတ်၊ မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်နေကြသော ဒေသခံများကို ဝင်ခွင့်မပေးတော့ပဲ ငါးပြေမ ကျေးရွာစစ်ဆေးရေးဂိတ်နှင့် ငရုတ်ကောင်းတောင် စစ်ဆေးရေးဂိတ်တို့တွင် မှတ်ပုံတင်များနှင့် ကုန်ပစ္စည်းများကိုအဓိကထား စစ်ဆေးနေကြောင်း သိရှိရသည်။ ယခင်က ဧရာ၀တီတိုင်းနှင့် ရခိုင်ရိုးမထိစပ်နေသော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ မော်တင်လမ်း သစ်တောများအတွင်း စစ်ကောင်စီမှ တောနင်းရှာဖွေခြင်းများ အမြဲပြုလုပ်လေ့ရှိကြောင်း သိရသည်။ အရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များ မကျီးဇင်ကျေးရွာကို ဝင်ရောက်တိုက်ခိုက်ပြီးသည့်နောက်ပိုင်း ပိုမိုအင်အားသုံးကာ လုံခြုံရေးတင်းကျပ်လာကြောင်း…