Category: News

  • ရေနံချောင်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်

    ရေနံချောင်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်

    ရေနံချောင်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်ပြီး လူငယ်များကို ပစ်မှတ်ထား ပေါ်တာဆွဲနေ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က လုံခြုံရေးဂိတ်များတွင် အင်အားတိုးမြှင့်ပြီး မကွေးတိုင်း မှတ်ပုံတင် ကိုင်ဆောင်ထားသည့် လူငယ်များကို ဆက်တိုက်ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရေနံချောင်းမြို့နယ်၊ မကျည်းတိုင်း – ဖိုးကိုးလမ်းပိုင်းတွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲ ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ရဲ ၂ ဦးသေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က ရေနံချောင်းမြို့ အတွင်းရှိ…

  • ရွှေဘိုမြို့ကို တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်က လုံခြုံရေး တိုးမြှင့်နေပြီး လူငယ်များကို ပိုမို ဖမ်းဆီးလာ

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်က လုံခြုံရေး တိုးမြှင့်နေပြီး လူငယ်များကို ပိုမို ဖမ်းဆီးလာကြောင်း​ ဒေသခံပြည်သူများက ပြောဆိုသည်။ ယခု ဇန်နဝါရီလ ဒုတိယအပတ်မှစတင်၍ NUG က စစ်ကိုင်းတိုင်းတွင် အခြေချမည်ဖြစ်ပြီး ရွှေဘိုမြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်တော့မည်ဆိုသော သတင်းများ အလျှင်အမြန် ပြည်သူများအကြား ပြန့်နှံ့လာနေကြောင်း၊ ထိုသို့ ပြန့်နှံ့လာသည့်အတွက် စစ်တပ်က လုံခြုံရေးများ တိုးမြှင့်ပြီး လူငယ်များကိုလည်း ယခင်ထက်ပို၍ ဖမ်းဆီး လာကြောင်း သိရှိရသည်။ “ဝက်လက်ပြီးရင်ရွှေဘိုကိုသိမ်းမယ်ဆိုတဲ့သတင်းတွေ ကြောင့် စစ်တပ်ကရွှေဘိုမြို့ကို လုံခြုံရေးတိုးမြှင့်ချထားတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းမှာ မြို့ပေါ်မှာ လူအသွားအလာကို အတော်ကိုနည်းနေတယ်” ဟု ရွှေဘိုဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင်…

  • စစ်ကောင်စီထိပ်သီးခေါင်းဆောင် ၂ ဦး လူမြင်ကွင်းမှ ရက်အတန်ကြာပျောက်

    စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးအနက် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအများပြည်သူမြင်ကွင်းမှပျောက်ကွယ်ပြီးနောက်ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ ပျောက်လျက်ရှိနေသည်။ ပုံမှန်အားဖြင့် တဦးမဟုတ် တဦး အများမြင်ကွင်းထွက်ပြလေ့ရှိသော်လည်း ဒုခေါင်းဆောင်စိုးဝင်းပေါ်မလာသည်မှာ ခြောက်ရက်ကြာမြင့်ပြီဖြစ်ပြီး သူ၏အကြီးအကဲဖြစ်သူ လူလုံးထွက်ပြခြင်းကိုအားသန်သော စစ်ခေါင်းဆောင်ကတော့ ငါးရက်ကြာမြင့်ပြီဖြစ်သည်။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအနေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ပညာရေးဆိုင်ရာညီလာခံ ဂုဏ်ပြုညစာစားပွဲ တက်ရောက်ပြီးနောက်ပိုင်း မည်သည့်အခမ်းအနားမှတက်ရောက်ခဲ့ခြင်းမရှိတော့ပါ။ စစ်တပ်ထိန်းချုပ်ထားသော မြ၀တီ၊ မြန်မာ့အလင်း၊ ကြေးမုံတို့တွင် သူ၏ပုံရိပ်များပျောက်ကွယ်နေသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ ပြင်ဦးလွင်သို့သွားရောက်လည်ပတ်သည့်ခရီးစဉ်အဖြစ်နောက်ဆုံးတွေ့ခဲ့ရသည်။ ဒုချုပ်စိုးဝင်းသည် ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်) နေ့က လွိုင်ကော်မြို့တွင်ကျင်းပသော (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားတက်ရောက်သည်ဟု စစ်ကောင်စီထိန်းချုပ်ခြင်းကင်းသော သတင်းမီဒီယာအများအပြားက ပုံရိပ်များမပါဘဲ ဖော်ပြခဲ့သော်လည်း စစ်အုပ်စုထိန်းချုပ်ထားသော မီဒီယာများတွင် ထုတ်ပြန်ချက်တွင် ဒုတိယဝန်ကြီးချုပ်တဦးဖြစ်သော…

  • ဖားကန့်နွံကန်ပြိုကျမှု ကလေး၆ ဦးအပါအဝင် ၃၁ ဦးရုပ်အလောင်းရှာတွေ့ပြီး ရှာဖွေမှုရပ်ဆိုင်း

    ဖားကန့်နွံကန်ပြိုကျမှု ကလေး၆ ဦးအပါအဝင် ၃၁ ဦးရုပ်အလောင်းရှာတွေ့ပြီး ရှာဖွေမှုရပ်ဆိုင်း

    ကချင်ပြည်နယ်၊​ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာအနီးရှိ ရတနာအဓိပတိကျောက်စိမ်း နွံကန်ပြိုကျမှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ်ခြောက်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် စုစုပေါင်းရုပ်အလောင်း ၃၁ လောင်းကို ရှာတွေ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဟု ဒေသခံများကပြောသည်။ “ရှာဖွေရေးလုပ်ငန်းတွေကို မနေ့ညနေကစပြီး ရပ်လိုက်ပါပြီ။ ဒီ‌နေ့(ဇန်နဝါရီ ၁၆ ရက်)နေ့ သင်္ဂြိုလ်ပါမယ်။ တချို့ကလည်း မိသားစုဝင်တွေကို စောင့်ပြီးမှ သင်္ဂြိုလ်ရပါမယ်” ဟု ဖားကန့်အခြေစိုက် လူမှုကူညီအသင်းတခုမှအဖွဲ့ဝင်တဦးကပြောသည်။ နွံကန်ပြိုကျမှုသည် ဇန်နဝါရီလ ၁၃ ရက် နံနက် ၁ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဟုသိရသည်။ နေအိမ် ၅၇ လုံး နစ်မြုပ်ပျက်စီးသွားပြီး ပျောက်ဆုံးနေသူများကို ယင်းနေ့မှစ၍ စက်ယန္တရားများသုံး၍ ရှာဖွေခဲ့ကြသည်။ ဇန်နဝါရီလ ၁၃ ရက်မှ ဇန်နဝါရီလ ၁၅ ရက်ညနေအထိ သုံးရက်ကြာရှာဖွေမှုအတွင်း အသက် ၁၀ နှစ်အောက်…

  • ကျောက်ဂူဒေသတွင် တိုက်ပွဲဆက်ဖြစ်

    ကျောက်ဂူဒေသတွင် တိုက်ပွဲဆက်ဖြစ်

    စစ်ကောင်စီ လက်နက်ကြီးရမ်းပစ်၍ ပြည်သူအချို့ထိခိုက်ဟု DPLA အသိပေး ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ် ကောင်စီတပ်တို့အကြားတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း DPLAက ယနေ့ (ဇန်နဝါရီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။ ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏စစ်အင်အားဖြည့်တင်းမှုများကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်၍ အရပ်သားထိခိုက်မှု ရှိခဲ့ကြောင်း DPLAက အသိပေးထားသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု နှင့် တိုက်ပွဲဖြစ်ပွားမှု အသေးစိတ် အချက်အလက် များ အတိအကျ မသိရသေးဟု DPLA ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က ပြောသည်။ ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းတွင် ကျောက်ဂူတိုက်နယ်အတွင်း ၂နာရီအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း DPLA က ထုတ်ပြန်သည်။…