Category: News

  • မံစီတိုက်ပွဲတွင်စစ်​ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း​​သေဆုံး

    မံစီတိုက်ပွဲတွင်စစ်​ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း​​သေဆုံး

    မံစီမြို့ရှိ စစ်​ကောင်စီလက်ကျန် တပ်ရင်းသုံးရင်းစလုံးကို KIA နှင့်မဟာမိတ်များကသိမ်းပိုက်နိုင်ပြီဟု ကနဦးသတင်းရရှိ မံစီမြို့နယ်မှ စစ်တပ်လက်ကျန်တပ်ရင်းသုံးရင်းကို KIA နှင့် ပူး​ပေါင်းတပ်များက အပြီး သတ်တိုက်ခိုက်​သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း​သေဆုံးခဲ့​ကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်သည့် ဒီဇင်ဘာ ၄ ရက်တွင် မံစီမြို့အပြင်တွင်ကျန်​နေ​သော ခမရ(၆၀၁)၊ ခမရ(၃၁၉) တပ်ရင်းနှင့် အ​မြောက်တပ် (၅၂၃)တပ်ရင်း တို့ကိုပါ KIA နှင့် မဟာမိတ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ ( ဒီဇင်ဘာ ၂၅ရက်​နေ့) တွင် အဆိုပါတပ်ရင်း သုံးရင်းကို အပြီးသတ်သိမ်းယူနိုင်ခြင်းဖြစ်သည်ဟု ကနဦးသတင်းရရှိ​ကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့ကအတည်ပြုသည်။ ဒီဇင်ဘာလ၂၁ရက်နေ့ကတိုက်ပွဲတွင် မံစီတိုက်ပွဲကို ခုခံနေသည့် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း ပါ သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အပြင် ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းကို သိသူအချို့က ပြောသည်။ ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းသည် ပဲခူးတိုင်း၊…

  • ချင်းပြည် မင်းတပ်မြို့က အပျက်အစီးများ

    ချင်းပြည် မင်းတပ်မြို့က အပျက်အစီးများ

    အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် ချင်းပြည်နယ် မင်းတပ်မြို့ထဲက အရပ်သားနေအိမ် ၂၀၀ ကျော်မှာ မီးလောင်ပျက်စီး ပြာကျသွားခဲ့ပြီး အချို့သော မိသားစုဝင်များမှာ ပြန်စရာအိမ်မရှိဖြစ်နေကြသည်။ မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကောင်စီထံမှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ရှိနေသေး၍ ပြည်သူများမှာ လတ်တလောတွင် နေအိမ်ပြန်၍ မရရှိသေးကြောင်း တော်လှန်ရေးအဖွဲ့များက မေတ္တာရပ်ခံထားကြသည်။ ၄ နှစ်နီးပါး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြရသည့် မင်းတပ်မြို့က ဒေသခံပြည်သူများမှာ နေအိမ်ပြန်ရန် အခွင့်အရေးရှိလာခဲ့ပြီဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်ပြန်ခွင့် မရရှိကြသေးပေ။ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေရပ်ပြန်ခွင့် ရပြီဟု သက်ဆိုင်ရာအဖွဲ့အစည်းများက ပြောလာသော်လည်း အချို့သော မိသားစုဝင်များမှာ ပြန်စရာနေအိမ်မရှိတော့ပြီဟု မင်းတပ်မြို့နယ်ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးအဖွဲ့က ပြောဆိုထားသည်။ ဓါတ်ပုံ…

  • စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရ

    စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရ

    ပေါက်ခေါင်းတွင် တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း ၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ က ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံအုပ်စု နတ္တလင်းကျေး ရွာနေ ခင်စိုးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၃ က ၎င်း၏ နေအိမ်သို့သွားရောက်၍ ပစ်ခတ်ရာ နေရာတွင်ပင် ပွဲချင်းပြီး…

  • တနင်္သာရီမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KNU တပ်မဟာ(၄) တိုက်ခိုက်

    စစ်ကောင်စီအထိနာဟု ကရင်သတင်းရင်းမြစ် အသိပေး ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင်၊ တပ်မဟာ(၄)နယ်မြေအတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုသည်။ တပ်မဟာ(၄)နယ်မြေ တနင်္သာရီမြို့နယ်အတွင်း မိုးတောင်ဒေသ၌ KNUနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသားအသိပေးထားရာ ပဒိုစောအယ်နားက တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုသည်။ “(စကစ)ထိုးစစ်ရှိတယ်။ အဲဒီ မိုးတောင်ဘက်တိုက်ပွဲရှိတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ မသိဘူးနော်။”ဟု ပဒိုစောအယ်နားက ပြောသည်။ KNU တပ်မဟာ(၄)နှင့် စစ်ကောင်စီအကြား ဒီဇင်ဘာ ၁၈ ရက်မှ ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်အထိ တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က အသိပေးထားသည်။ စစ်ကောင်စီ၏ စီးပွားရေးလမ်းကြောင်းဖြစ်သော မိုးတောင်လမ်းမကြီးတစ်ဝိုက် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲဖြစ်ပွားသောနေရာများမှာ ထိုခါလမ်းကွ ထိုခါကျေးရွာ၊…

  • ဂွမြို့ကို တင့်ကားနှင့် စစ်ကူများပို့ထားသော်လည်း ခမရ ၅၆၂ မှ စစ်ကောင်စီ အရာရှိများ စတင်ထွက်ပြေး

    ဂွမြို့ကို တင့်ကားနှင့် စစ်ကူများပို့ထားသော်လည်း ခမရ ၅၆၂ မှ စစ်ကောင်စီ အရာရှိများ စတင်ထွက်ပြေး

    စစ်ကောင်စီ တပ်ရင်းတစ်ခုသာကျန်ရှိတော့သည့် ဂွကို တင့်ကားနှင့် စစ်အင်အားဖြည့်တင်းထားသော်လည်း ကျန်ရှိသည့်တပ်ရင်းမှ စစ်ကောင်စီတပ်အရာရှိများ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ ၂၅ရက် နံနက်ပိုင်းမှစတင်ပြီး ဂွရှိ ခမရ ၅၆၂တပ်ရင်းမှ စစ်အရာရှိများ စတင်ဆုတ်ခွာနေကြပြီး မြို့ကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီက တင့်ကားနှင့် စစ်ကားအစီးရေ ၂၀ ပါဝင်သည့် စစ်ကြောင်း ကို ဂွ-ငသိုင်းချောင်းလမ်းမှတစ်ဆင့် ဂွမြို့ကို အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။ ထို့အပြင် အမြောက်တပ် ၃၄၄တွင်လည်း ရဟတ်ယာဉ်ကွင်းများပြင်ဆင်ဆောက်လုပ်နေပြီး တင့်ကား သုံးစီးကို အဆင်သင့်ပြင်ထားကြောင်း သိရသည်။ “အမတ ၃၄၄မှာ ဟန့်တားစစ်ပြင်ထားတယ်။ အသေခံ ခံစစ်မဟုတ်ဘူး။ ဟန့်စစ်လောက်ပဲ။ AAက ငါးသိုင်းချောင်းကို…