Category: News
-
အောက်ခြေစစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်တပ်အရာရှိ အချင်းချင်းပင် အယုံအကြည်မရှိတော့
ရှုံးနိမ့်နေသည့် စစ်ရေးအခြေအနေများကြောင့် အောက်ခြေစစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်တပ်အရာရှိ အချင်းချင်းပင် အယုံအကြည်မရှိတော့ တပ်မမှူး၊ တပ်ရင်းမှူး၊ စကခမှူးများသည် မိမိတို့၏ငယ် သားဖြစ်သည့် အောက်ခြေစစ်သည်များကို ပစ်ထားခဲ့ပြီး ထွက် ပြေးနေသည့် အခြေအနေကို ယခုရက်ပိုင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်လာသည့် ရုပ်သံမှတ်တမ်းများအရ စစ်ကောင်စီအချင်းချင်းပင် အယုံအကြည်မရှိတော့ဘဲ တင်းတွင်း ဂယက်ရိုက်ဆူပူမှုများ ရှိလာကြောင်းသိရသည်။ ထိုသို့ အောက်ခြေတပ်သားများ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းပြတ်တောက်ပြီး တော်လှန်ရေးတပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်ခြင်းမပြုနိုင်၊ ထွက်ပြေးခြင်းလည်းမပြုနိုင်ဘဲ အစာရေစာ ပြတ်လပ်ကာ ရရှိထားသည့်ဒဏ်ရာများကိုလည်း ဆေးကုသခွင့်မရဘဲ ပိုးဝင် ငတ်ပြတ် သေဆုံးနေသည်များကို တရားဝင် ထုတ်ပြန်လာသည့် ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။ ထို့ပြင် တပ်စခန်းကိုစွန့်ခွာ၍ ထွက်ပြေးသည့် စစ်ဗိုလ်ချုပ်များမှာလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပြန်လည်ဖမ်း ဆီးခံရခြင်းနှင့် အသေဖမ်းဆီးရမိမှုများရှိနေခဲ့သည်။ လက်အောက်ငယ်သားနှင့်…
-

၀ါးခယ်မမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး မြို့လှည့်ကာ အန္တရာယ် ကင်းပရိတ်ရွတ်ဖတ်
ဧရာဝတီသို့ တိုက်ပွဲများရောက်ရှိလာမည်ကို စိုးရိမ်၍ ၀ါးခယ်မမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး မြို့လှည့်ကာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး အန္တရာယ်ကင်းပရိတ် မြို့လှည့် ရွတ်ဖတ်နေကြောင်း ဒေသခံများထံက သိရသည်။ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဦးဆောင်၍ လုံခြုံရေးရယူပေးသည့် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ယခု ဒီဇင်ဘာလအတွင်း မြို့လှည့်၍ အန္တရာယ် ကင်းပရိတ် ရွတ်ဖတ်နေကြောင်း ဒေသခံများထံကသိရသည်။ “ဆရာတော်တွေတော့မပါဘူး၊ အသံချဲ့စက်နဲ့ ထွေအုပ်ရုံးကဝန်ထမ်းတွေနဲ့ ရဲတွေရယ် စစ်သားတွေရယ် မြို့လှည့် ပရိတ် ရွတ်ကြတာ။ သူတို့ အရမ်းကြောက်နေတယ်။ ဗေဒါဂိတ်ကို AA သိမ်းပြီးနောက်မှာ ဧရာဝတီကို တိုက်ပွဲတွေဝင်တော့မလားဆိုပြီး သွေးပျက်နေကြတာ”ဟု ဝါးခယ်မမြို့ခံတစ်ဦးက ပြောသည်။ ဂွမြို့နှင့် ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေး…
-

ဧရာဝတီနှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့်မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေ
ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့် ဟင်္သာတ-လက်ပံတန်း မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့ပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးနေသည်။ ဧရာဝတီမြစ်ခြားလျှက်ရှိသော ဟင်္သာတ-လက်ပံတန်း မဟာဗျူဟာလမ်းသည် ဟင်္သာတမြို့တွင် ရန်ကုန် – ပြည်လမ်းမှ ခွဲထွက်လာပြီး လက်ပံတန်းမြို့ကို ချိတ်ဆက်ထားသည့် လမ်းကြမ်းဖြစ်သည်။ အဆိုပါလမ်းမှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဧရာဝတီတိုင်းသို့ ဝင်ရောက်လာနိုင်သည်ဟုဆိုကာ စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေခြင်းဖြစ်သည်။ “ဟင်္သာတဘက်မှာဆို အမှတ်(၂)ရဲစခန်းကကောင်တွေ လှေဆိပ်တွေအထိ ဆင်းပြီးစစ်နေတယ်။ စျေးတက်ဝယ်တဲ့ဒေသခံတွေကို စစ်ဆေးပြီးငွေညှစ်နေတယ်။ ရဲတပ်ဖွဲ့အင်အားနည်းလို့ ကြံ့ခိုင်ရေးပါတီက ကောင်တွေကို ခေါ်ထားတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ဟင်္သာတမြို့ဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း လက်ပံတန်းမြို့ဘက်တွင် သာယာဝတီခရိုင်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးဖော်ဆောင်မှုများရှိနေသည်။ ယခုရက်ပိုင်းတွင် အာရက္ခတပ်တော် AA ကဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ဂွမြို့နယ် မြို့သိမ်းတိုက်ပွဲကို တိုက်ခိုက်နေသည်။ ဂွမြို့နယ်နှင့်ဆက်စပ်နေသော ဒေသများကို စစ်ကောင်စီကလုံခြုံရေးတိုးထားသလို ပဲခူးတိုင်းနှင့်ဆက်စပ်နေသောဒေသများကိုလည်း လုံခြုံရေးတိုးမြင့်နေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊…
-

စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ် ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြောင်းခြားရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်က အင်အား ၃၀ ကျော်ဖြင့် စလင်းမြို့နယ်၊ မြောင်းခြားရွာ ဘက်သို့ တောင်ခြေမှ ခြေလျင်ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်များက…
-
ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ
နွေဦးတော်လှန်ရေးတွင် ဧရာဝတီတိုင်းအတွက် ခေတ်စားခဲ့သော စကားတခွန်းရှိသည်။ လက်ဖက်ရည် ‘ပုံမှန်တခွက်’ ကို ‘ဧရာဝတီတခွက်’ ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုင်းဒေသကြီး အားလုံးနီးပါးတွင် စစ်ကောင်စီအား ပုံစံမျိုးစုံဖြင့် တော်လှန်နေကြသည်။ သို့သော် ဧရာဝတီတိုင်းကမူ အာဏာမသိမ်းခင်ကအတိုင်း ပုံမှန်အခြေအနေမျိုး ဖြစ်နေသည်။ အလှူပွဲမပြတ်၊ မင်္ဂလာပွဲမပြတ် ကျင်းပနေကြသည်။ ထို့ကြောင့် ‘ပုံမှန်လက်ဖက်ရည်တခွက်’ အား ‘ဧရာဝတီတခွက်’ ဟု ပြောဆိုကြခြင်းဖြစ်သည်။ အာဏာသိမ်းပြီး သုံးနှစ်ကျော် လေးနှစ်နီးပါးကြသည်အထိ ပုံမှန်အခြေအနေမျိုးရှိခဲ့သော ဧရာဝတီတိုင်းမှာ ၂၀၂၄ နှစ်ကုန်ပိုင်းကစ၍ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာနေသည်။ အချို့သော မြို့နယ်များမှ ငွေကြေးတတ်နိုင်သူများသည် ရန်ကုန်သို့ပြောင်းရန် ပြင်ဆင်လာကြသည်။ အထူးသဖြင့် အာရက္ခတပ်တော် (AA) က သံတွဲနှင့် ဂွမြို့တို့အား တိုက်ခိုက်နေသည့် သတင်းနှင့်အတူ ဧရာဝတီတိုင်းတွင်လည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်လာနေသည်။ အထူးသဖြင့်…