Category: News
-

နိုင်ငံကာကွယ်ရေး တပ်မတော်တခုတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်ဟု စစ်ခေါင်းဆောင်ပြော
နိုင်ငံကာကွယ်ရေးတာဝန်မှာ တပ်မတော်တခုတည်းနှင့်သာ သက်ဆိုင်သည် မဟုတ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်ရှိ ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)တွင် ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁ ) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြောသည်။ နိုင်ငံကာကွယ်ရေးတာဝန်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်း ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရမည့် မွေးရာပါတာဝန်ဖြစ်ကြောင်း သူက ဆိုသည်။ လက်ရှိ အမျိုးသမီးစစ်မှုထမ်းများအနေဖြင့် သင်တန်းကျောင်းကသင်ပေးလိုက်သည့်ပညာများကို အမြဲတမ်းလေ့ကျင့်နေရန်၊ အမြဲတမ်းစစ်ရေးသတိရှိရန်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်ရန် စသည့် မြဲသုံးမြဲကို လက်ကိုင်ထားကြရန်လည်း စစ်ကောင်စီခေါင်းဆောင်က မှာကြားသည်။ ထို့ပြင် စစ်တပ်အနေဖြင့် နိုင်ငံကာကွယ်ရေးတာဝန်အပြင် အမျိုးသားနိုင်ငံရေးတာဝန်ကိုပါ အောင်မြင်စွာထမ်းရွက်နိုင်ရေးအတွက် တပ်တွင်း ၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာ တည်ဆောက်ထားရန်လိုမည်ဖြစ်ပြီး စစ်ကောင်စီတပ်သားများနှင့်…
-
စစ်ဘေးရှောင်သည့် ဂွမြို့နယ်မှ ရခိုင်ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်သို့ စစ်ဘေးရှောင်သည့် ဂွမြို့နယ်မှ ရခိုင်ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွင် ရခိုင်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း နီးစပ်သူများထံမှ သိရသည်။ အာရက္ခတပ်တော် AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးခြင်းဖြစ်ပြီး အဆိုပါစစ်ဘေးဒုက္ခသည်များမှာ ရခိုင်ပြည် ဂွမြို့ဒေသခံများဖြစ်ကြသည်။ ဂွမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများကြောင့် ဧရာဝတီဘက်သို့ စစ်ရှောင်သွားကြသည့် ဂွနှင့် သံတွဲက ဒေသခံများအပြားရှိကြသည်။ “သူတို့တွေက စစ်ရှောင်တွေပါ။ အရပ်သားပြည်သူတွေဖြစ်ကြပါတယ်။ ဘာလက်နက်ကိုင်အဖွဲ့နဲ့မှလည်း ဆက်သွယ်တာ၊ ဆက်စပ်တာမရှိပါဘူး။ ကိုယ့်ဒေသမှာ တိုက်ပွဲတွေကြားမှာ ညှပ်ပြီး အသက်အန္တရာယ်စိုးရိမ်းရလို့ စစ်ရှောင်လာကြတဲ့သူတွေပါ။ ဘာအဖြစ်မှမရှိပါဘူး။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟု…
-

စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေ ပစ်ခတ်ခံရ
စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေ ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေသည် ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရကာ သေမလိုဖြစ်နေ၍ ဆေးရုံတက် ကုသမှု ခံယူနေရကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆုသိည်။ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် စမ်းချောင်းမြိုနယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲ ပြုတ် စန်းငွေ တစ်ဦးတည်းသာရှိနေစဉ် လူတချို့ ရောက်ရှိလာပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲပြုတ်အုပ်ချုပ်ရေးမှူး စန်းငွေမှာ ဝမ်းဗိုက်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် အပြင်းအထန်ရရှိပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရကြောင်း၊…
-

ဂွအခြေစိုက် ခမရ ၅၆၂ တပ်ရင်းအတွင်းထိ တိုက်ပွဲပြင်းထန်နေ
ဂွအခြေစိုက် ခမရ ၅၆၂ တပ်ရင်းအတွင်းထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချ ရခိုင်ပြည်နယ် ဂွမြို့အခြေစိုက် ခမရ ၅၆၂ တပ်ဝန်း အတွင်းထိ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်ဝင် ရောက်တိုက်ခိုက်နေပြီး တပ်ရင်းအတွင်းမှ စစ်ကောင် စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချ အညံ့ခံမှုများရှိကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ခမရ ၅၆၂ တပ်ရင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ခန့်သည် AA ထံ လက်နက်ချအညံ့ခံခဲ့ပြီး ကျန်သည့်တပ်ဖွဲ့ဝင်များနှင့် ဆက်လက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။ “၅၆၂ တပ်ရင်းက တပ်ပျက်နေတာ။ ၅၆၃ သိမ်းပြီး ကတည်းက စစ်တပ်ထဲကနေ တချို့ထွက်ပြေးတယ်။ တချို့လက်နက်ချတယ်။ စုပြီး ခံပစ်နေတဲ့အဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတာပါ”ဟု ရခိုင်သတင်းရင်းမြစ်က…
-

ငသိုင်းချောင်းတံတားအောက်က စခ ၅ ကောင်
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းတံတားအောက် ရဲစခန်းမှာ တပ်ဆွဲထားသည့် စခများ ရှေ့တန်းထွက်ရမည်ဟု ညွန်ကြားသဖြင့် စခ(၅)ယောက် ဒီ(၂၃) ၀၁၀၀ အချိန်တွင် ထွက်ပြေးသွားသည့်အတွက် ဗိုလ်ကြီး ကျော်စိုးသူ၊ တိုက်နယ်အုပ်မှူး ရဲထက်အောင်၊ စခန်းမှူးတင်လင်းထွဋ်၊ ရပ်ကွက်အုပ်မှူးများဖြစ်သည့် နောင်နောင်၊ ရန်လင်းထွန်း၊ ဝင်းန်ိုင် ဦးစီးအဖွဲ့မှ ယနေ့ မနက်ထိ ပိတ်ဆို့ရှာဖွေနေသော်လည်း ရှာမတွေ့ဘဲ ၎င်းတို့ဝတ်ဆင်သည့် Uniform များကို ငါးသိုင်းချောင်းမြို့ပြင် တာဘေးမှာ တွေ့ရှိရကြောင်း သိရှိရသည်။ ရေကြည်မြို့နယ် အနောက်ဘက် ကမ်းနီတိုက်နယ်အတွင်းသို့ ဒီ(၂၃)ရက်နေ့ ၀၉၀၀ အချိန်တွင် ဂွမြို့နယ်ဘက်မှ တပ်ပျက်ပြီး ရောက်ရှိလာသည့် စခ (၁၁)ယောက်သည် သောင်တန်း သစ်ထုတ်လုပ်ရေးစခန်းဘက်သို့ ဦးတည်သွားကြောင်း သိရသည်။ အဆိုပါ တပ်ပျက်လာသည့် စခများသည် ကျေးရွာအတွင်း ဝင်ရောက်လာလျှင်…