Category: News
-

ဗန်းမော်မြို့ပြင်ရှိကာကင်းများကို KIA ဆက်လက်တိုက်ခိုက်ရှင်းလင်း
ဗန်းမော်ရှိ စစ်ကောင်စီတပ်များ လက်နက်ချရန် KIAက သတိပေးထား ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က မြို့ပြင်ရှိ ကာကင်းစခန်းများကို ရှင်းလင်းခဲ့ရာ စစ်ကောင်စီအလောင်းနှင့် လက်နက်များ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဒီဇင်ဘာ ၂၃ ရက်တွင် ထွက်ပေါ်လာသည့် တိုက်ပွဲအတွင်း စစ်ကောင်စီယာယီတပ်စွဲရာနေရာ တစ်ခု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးနေမှု ရုပ်သံမှတ်တမ်းနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်က ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။ ” ဗန်းမော်တိုက်ပွဲ မြို့ပြင်က ကာကင်းတွေကို ရှင်းလင်းနေပါတယ်”ဟု သတင်းရင်းမြစ်က ပြောပြသည်။ ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနေသည်ကို ပြသထားသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ငယ် ၈လက်ထက်မနည်း သိမ်းရထားသည်ကိုလည်းတွေ့ရသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်တပ်စွဲရာနေရာအများစုကို KIAတပ်ကထိန်းချုပ်ထားပြီး ကျန်နေသောစစ်ကောင်စီတပ်စခန်းများကို လက်နက်ချခိုင်းထားကြောင်း ဒေသခံအချို့ကပြောသည်။ “အခုကျန်နေတဲ့ကောင်တွေ(စစ်တပ်)ကိုလက်နက်ချခိုင်းထားတယ်ပြောတယ်။၂၁တပ်(စကခ ၂၁)ကျန်နေသေးတယ်။မြို့ကတော့…
-

မုပ္ပလင်ဂိတ် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံး
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ စစ်ကောင်စီရဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်မှာ ဒရုန်းနဲ့ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်အတွင်းရှိ ပစ်မှတ်အားလုံး ထိမှန်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးမှာပါဝင်တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကလည်း မုပ္ပလင်ဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိခိုက်သေဆုံးမှုအပေါ် အတည်ပြုနိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၃…
-

ဧရာဝတီတိုင်းတွင် စစ်ရေးပြင်ဆင်နေသည့် စစ်ကောင်စီက ကုန်တင်ပို့မှုအပေါ် ကန့်သတ်မှုများ လုပ်ဆောင်နေ
ဂွတိုက်ပွဲများနှင့်နီးစပ်နေသည့် ဧရာဝတီတိုင်းအတွင်းတွင် စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများရှိနေပြီး လုံခြုံရေးများတိုးချဲ့ကာ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးရေးများ တင်းကျပ်လျက်ရှိကြောင်း သိရသည်။ ယခု ဒီဇင်ဘာ ၂၀ ရက်နေ့မှစတင်ပြီး ရန်ကုန်-ပုသိမ် ကားလမ်းတွင် ကုန်ကားသွားလာမှုများကို စိစစ်၍ ကန့်သတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဂွ- ငါးသိုင်းချောင်းလမ်းပိုင်းနှင့် ကျောင်းကုန်းဘက်များတွင် စစ်ကောင်စီတပ်က အင်အားများတိုးချဲ့ပြီး လုံခြုံရေးတိုးမြှင့်ကာ ဧရာဝတီတိုင်းပြင်ပသို့ ကုန်တင်ပို့မှုသာမကဘဲ တိုင်းအတွင်းတွင်ပင် ကုန်တင် ပို့မှုများ ကန့်သတ်နေကြောင်း သိရသည်။ “ငါးသိုင်းချောင်းဘက်မှာ လမ်းပိုင်းပိတ်ဆို့မှုတွေရှိတယ်။ စစ်ဆေးရေးဂိတ်တွေကနေ ကုန်တွေဖြတ်ရင် ညအိပ်စောင့်ရတာမျိုးရှိတယ်။ တိုင်းရဲ့ပြင်ပကိုမပြောနဲ့ဦး။ ဧရာဝတီတိုင်းထဲမှာတောင် ကန့်သတ်ထား တယ်။ အဓိကတော့ကုန်တွေ ရိက္ခာတွေ ရခိုင်ရောက်မှာစိုးလို့ထင်တယ်” ဟု ဧရာဝတီတိုင်းနေ ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။ စစ်ကောင်စီမှ ထပ်မံ၍ပြောင်းလဲခန့်အပ်လိုက်သည့် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)တိုင်းမှူး စိုးကျော်ထက်သည်…
-

ငွေညှစ်ခြင်း၊ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းအပြင် အမျိုးသမီး ၁ ဦးကိုပါ ခြိမ်းခြောက် မုဒိမ်းကျင့်
မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ဦးနှင့် ပျူစောထီးများက စစ်မှုထမ်းစာရင်း အကြောင်းပြ၍ ငွေညှစ်ခြင်း၊ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းအပြင် အမျိုးသမီး ၁ ဦးကိုပါ ခြိမ်းခြောက် မုဒိမ်းကျင့် မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ဦးနှင့် ပျူစောထီးများက စစ်မှု ထမ်း စာရင်း အကြောင်းပြ ကျေးရွာနေပြည်သူများအပေါ် ငွေညှစ်နေသည့်အပြင် ပျူစောထီး စိုးသူ ဆိုသူကလည်း ကျေးရွာနေ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီအချိန် မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာနေ မောင်ဘိုလွန်းသည် ရွာလည်ပိုင်းဈေးဆိုင်တွင် ဈေးဝယ်နေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးဇော်ဦးနှင့် နောက်လိုက်ဖြစ်သူ ပျူ စောထီး ကိုဦးတို့က အလုပ်ခိုင်းစရာရှိသည်ဟုဆိုကာဆိုင်ကယ်ပေါ်တင်၍ ခေါ်ဆောင်သွားပြီး မြို့ နယ်စစ်ကောင်စီရုံးသို့…
-

ဧရာဝတီတိုင်းဒေသကြီးရှိပြည်သူများ စစ်ဘေး ကြိုတင် ပြင်ဆင်ထားကြပါရန်
ဧရာဝတီတိုင်းဒေသကြီးရှိပြည်သူများ စစ်ဘေး ကြိုတင် ပြင်ဆင်ထားကြပါရန်အသိပေး ဧရာဝတီတိုင်းဒေသကြီးရှိပြည်သူများ စစ်ဘေးအတွက်ကြိုတင်ပြင်ဆင်ထားကြပါရန်အသိပေးအပ်ပါသည်။ အရေးကြီးစာရွက်စာတမ်းများ ဆေးဝါးများ ရေ/ ကြာရှည်ခံအစားအစားအသောက်များ(ပုတ်သိုးမလွယ်သောအစားအစာ) ညဓာတ်မီး Power Bank ရွှေငွေများ ဖြစ်မယ်/ မဖြစ်ဘူး မပြောလိုပါ သို့ပေမယ့် ကြိုတင်ပြင်စေခြင်သည့် သဘောသာဖြစ်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့