Category: News
-

စစ်ကိုင်း မင်းကွန်းမှာ ပျူတွေ သုတ်သင်ခံရ
စစ်ကိုင်း မင်းကွန်းမှာ ပျူတွေ သုတ်သင်ခံရပြီးနောက် စစ်အုပ်စုက အိမ်ခြေရာချီ မီးရှို့ဖျက်ဆီး စစ်ကိုင်းမြို့နေ ပျူခေါင်းဆောင် သင်္ကန်းဝတ်ဘုန်းကြီးက ဦးဆောင်ကာ မီးရှို့ဟုဆို စစ်ကိုင်းမြို့က ပျူစောထီးအဖွဲ့ ခေါင်းဆောင် ရွှေကျားနဲ့ နောက်လိုက် ပျူတွေ စစ်ကိုင်း – မင်းကွန်းလမ်းမှာ သုတ်သင် ရှင်းလင်း ခံရပြီးနောက် မင်းကွန်းတိုက်နယ်၊ လက်ပံရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း သုံးကြိမ်တိုင် စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ “ရွှေကျားအဖွဲ့ ချေမှုန်းခံရတဲ့ ဖြစ်စဥ်နဲ့ပါ။ အိမ်ခြေ ၁၀၀ ကျော်ပါ မီးရှို့ဖျက်ဆီး ခံရပါတယ်” လို့ မင်းကွန်းဒေသ သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ ရွှေကျားနဲ့ နောက်လိုက် အပေါင်းအပါတွေ သုတ်သင်ရှင်းလင်းခံရပြီးနောက် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးမှာ နေထိုင်တဲ့ သင်္ကန်းဝတ်…
-
ညောင်ဦးမြို့ရှိ စစ်ကောင်စီတပ်ထံ စစ်မှုထမ်းရမည့်ပြည်သူများစာရင်း PDA ထုတ်ပြန်
စာရင်းပါသူများ အမြန်ဆုံးရှောင်ကြရန် တိုက်တွန်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အဓမ္မစစ်မှုထမ်းခိုင်းရန် ပြုစုထားသည့် ပြည်သူများ၏ အမည်စာရင်းများကို ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/ PDA) က ထုတ်ပြန်ပြီးနောက် အမြန်ဆုံး ရှောင်ရှားကြရန် တိုက်တွန်း သတိပေးသည်။ အဆိုပါစာရင်းကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ စစ်ရေးလှုပ်ရှားမှု တခုအတွင်းမှ ရရှိလာခြင်းဖြစ်ပြီး ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ်များမှ လူဦးရေ ( ၇၀၀ ) ကျော်ပါဝင်ကြောင်း အသိပေးသည်။ ထို့ကြောင့် စာရင်းပါ ပြည်သူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမြန်ဆုံးဆက်သွယ်ရှောင်ရှားကြရန်နှင့် ငုံ့မခံပဲ တုံ့ပြန်ကြရန် တိုက်တွန်းထားသည်။ PDO/PDA အနေဖြင့်လည်း ပြည်သူများကို ကူညီပေးနိုင်ရန် အမြဲအဆင်သင့်ရှိနေကြောင်း ထုတ်ပြန်ထားသည်။ ဓာတ်ပုံ – PDA
-

မင်းအောင်လှိုင်လက်ထက် မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံးသော အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် တတိယ နေရာချိတ်
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်တွင် မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံးသော အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် တတိယနေရာ ရရှိကြောင်း World Population Review ၏ အစီရင်ခံထုတ်ပြန်ချက်အရ သိရှိရသည်။ အာရှဒေသသည် ကြီးမားကျယ်ပြန့်သော စီးပွားရေးအခွင့်အလမ်းများစွာရှိသော်လည်း အချို့သောနိုင်ငံများသည် ဆင်းရဲမွဲတေမှုကြောင့် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ အဆင်းရဲဆုံးနိုင်ငံများတွင် လူတစ်ဦးချင်း၏တစ်နှစ် GNI per capita (Gross National Income) ဝင်ငွေမှာ နိမ့်ကျနေကြောင်း အစီရင်ခံစာက ဆိုသည်။ World Population Review အစီရင်ခံစာအရ အာဖဂန်နစ္စတန်သည် အာရှနိုင်ံတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး GNI per capita တစ်ဦးချင်း ဝင်ငွေမှာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၉၀ သာရှိကြောင်း၊…
-

စစ်သားစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအချက်အလက်များကို ပြည်သူများက ဖော်ထုတ်နေ
ရန်ကုန်တွင် အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အတင်းအဓမ္မဖိနှိပ်၊ အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအချက်အလက်များကို ပြည်သူများက ဖော်ထုတ်နေ ရန်ကုန်တွင် အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အတင်းအဓမ္မဖိနှိပ်၊ အတင်းအဓမ္မစစ်သားစု ဆောင်းပေးနေသည့်အုပ်ချုပ်ရေးမှူးအချက်အလက်များကို ပြည်သူများက ဖော်ထုတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံများ၏ပေးပို့ချက်အရ ရွှေပြည်သာမြို့နယ်ရှိ အမှတ် ၅ ရပ်ကွက်မှ ဇွန်ကို ခ အကြမ်းဖက် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ရဲသတင်းပေးတစ်ဦးအနေဖြင့် ဂျွန်ကိုက ရပ်ကွက်အတွင်းရှိ ပြည်သူများအပေါ် အကြမ်း ဖက်မှုတွေကို လုပ်ဆောင်နေသည့်အပြင် ရပ်ကွက်အတွင်းရှိ လူမိုက်ရမ်းကားများဖြင့် ပူးပေါင်းကာ အတင်းအဓမ္မ စစ်သားစုဆောင်းနေသူတစ်ဦး ဖြစ်ပါတယ်။ ဒါအပြင် လှိုင်သာယာမြို့နယ်နေ အမှတ် ၅ ရပ်ကွက်၊ သီရိဇေယျလမ်းနေ အုပ်ချုပ်ရေးမှူးဟောင်းညွန့်တင် နှင့် ၎င်း၏ ဇနီးတို့က စစ်တပ်အမာခံထောက်ခံသူများ ဖြစ်ပြီး…
-

စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသနေစဉ် သေဆုံး
ဒေါပုံတွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသနေစဉ် သေဆုံးသွားခဲ့ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်း ပြုစုရေး သန်းခေါင်စာရင်း မိတ္တူများ လိုက်လံတောင်းခံနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ကို ဓာတ်ဆီလောင်း၍ မီးရှို့ တိုက်ခိုက်ခဲ့သော ဖြစ်စဉ်အတွင်း မီးလောင်ဒဏ်ရာရရှိခဲ့သော ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးမှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံတက်နေသော ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးမှာ ပိုးဝင်၍ ပြင်းပြင်းထန်ထန် ဖျားကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ကြည်စုရပ်ကွက်က ဓာတ်ဆီလောင်း မီးရှို့ခံရတဲ့ စစ်မှုထမ်းရန် စာရင်း လိုက်ကောက်တဲ့ ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး မီးလောင်ဒဏ်ရာတွေနဲ့ သေပြီ။ ၂၆…