Category: News

  • CDF – KKG  အပတ်စဉ်(၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ

    CDF – KKG အပတ်စဉ်(၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ

    ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ကဘော်ဒေသ၊ဂန့်ဂေါမြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ CDF- KKG (Kalay-Kabaw-Gangaw) အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းကို CDF – KKG တပ်ရင်း ( ၂ ) မှ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို CDF – KKG ဒု စစ်ဦးစီးချုပ်နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေတက်ရောက်ခဲ့တယ်လို့ CDF-KKG ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာလည်း CDF – KKG ရဲ့ အခြေခံစစ်ပညာမွန်းမံသင်တန်းဆင်းပွဲကို ကျင်းပခဲ့ပါသေးတယ်။ အဆိုပါ အခြေခံစစ်ပညာမွန်းမံသင်တန်းကိုတော့ CDF – KKG တပ်ရင်း…

  • ခြောက်လခံဆေးထိုးပြီး ILO အိမ်မက်ဆိုးကို တချိန်တည်း မက်ရတော့မယ်

    မင်းအောင်လှိုင် ခေတ်မှာ ဂျုံပြတ်လို့ အီကြာ‌ကွေး၊ ပလာတာ စသည့် ဂျုံနဲ့ပြုလုပ်ရသည့် မုန့်များ လ္ဘက်ရည်ဆိုင် တော်တော်များများတွင် ယနေ့ ဝယ်မရတော့ကြောင်း သိရပါတယ်။ ဒီလောက် တိုင်းပြည် စုတ်ပြတ်နေလည်း မအိမ်လုံး စစ်ဘောမ စစ်လော်ဘီတွေက ပဒေသရာဇ် သက်ဦးဆံပိုင်ခေတ်လို မင်းအောင်လှိုင် ပထွေးကို ဘောမလို့ ကောင်းတုန်း။ ဘိလပ်မြေလည်း ပစ္စည်းပြတ်နေပြီ တအိတ်ကို သုံးဆလောက် တက်သွားပြီ။ ဒါတွေကြည့်ရင် မင်းအောင်လှိုင် စစ်တပ် နိုင်ငံခြားငွေ ဘယ်လောက်ပြတ်လပ်နေလဲ မြင်သာတယ်။ နယ်စပ်ဂိတ်တွေက အသိမ်းခံထားရတော့ ဝင်ငွေကလည်း မရှိဘူး။ စစ်အသုံးစရိတ်၊ လက်နက်၊ ကျည်ဖိုးနဲ့ လစာ စရိတ် အခြားပစ္စည်း စက်သုံးဆီအတွက် ငွေတွေကလည်း ပုံအောသုံးနေရလို့ ငွေတွေရိုက်ထုတ်တာ ငွေကြေးဖောင်းပွမှုတွေလည်း တိုးလာနေပြီ။ ဖေဖော်ဝါရီ (၁) ရက်နေ့ဆို…

  • တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် တပ်သားများကို ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေများတွင် စစ်ကောင်စီ လိုက်လံရှာဖွေနေ

    တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် တပ်သားများကို ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေများတွင် စစ်ကောင်စီ လိုက်လံရှာဖွေနေ

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေများတွင် စစ်ကောင်စီတပ်က တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် တပ်သားများအား ရှာဖွေဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရှိိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည့် ဘောမိကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြားထွက်ပြေးခဲ့သဖြင့် နီးစပ်ရာကျေးရွာများနှင့် ကမ်းခြေဒေသများတွင် လိုက်လံရှာဖွေနေခြင်း ဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။ “ အားလုံးဆို ဒီဘက်ပြေးတာ ရှစ်ယောက်လို့ကြားတယ်၊ ဘယ်လိုတွေပြေးလာတယ်ဆိုတာတော့မသိဘူး။ ခုတော့ လိုက်ရှာနေတုန်းပဲ ကမ်းခြေမှာရော ရွာထဲရော”ဟု ချောင်းသာကမ်းခြေနေ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးမှ ပြောသည်။ ထွက်ပြေးလာသည့် တပ်သားများအား စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတဦး ဦးဆောင်ပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များပါ ပူးပေါင်းပြီး လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။ ဇန်နဝါရီလ ပထမပတ်အတွင်း ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်ရှိ မကျီးဇင် ကျေးရွာကို ရက္ခိုင်တပ်တော် AA နှင့်…

  • စစ်ကောင်စီကို ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ခတ်ရပ်စဲရန် အာဆီယံတိုက်တွန်း

    စစ်ကောင်စီကို ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ခတ်ရပ်စဲရန် အာဆီယံတိုက်တွန်း

    ပြည်တွင်းစစ် ဆိုးရွားလာနေသည့်ကြားမှ မြန်မာစစ်အစိုးရ၏ ရွေး ကောက်ပွဲကျင်းပရန် အစီအစဉ်သည်ဦးစားပေးမဖြစ်သင့်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဇန်နဝါရီ ၁၉ ရက်တွင် သတိပေးပြောကြားသည်။ မလေးရှားနိုင်ငံ လန်ကာဝီကျွန်း၌ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း ထိုသို့ ပြောဆိုခြင်းဖြစ်ပြီး အစည်း အဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင်လည်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ရန် စစ်ကောင်စီကို တိုက်တွန်းထားသည်။ ဝန်ကြီး မိုဟာမက်ဟာဆန်က “မြန်မာစစ်အစိုးရအနေနဲ့ ဘာတွေကို ရည် ရွယ်ထားသလဲဆိုတာ မလေးရှားက သိရှိလို ပါတယ်။ ရွေးကောက်ပွဲဟာ ဦးစားပေးမဟုတ်ဘူးဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်းပြောပြခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ အရေးတကြီးလိုအပ်နေတာက အပစ်အခတ်ရပ်စဲရေးသာ ဖြစ်ပါတယ်” ဟု ပြောသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အသီးသီးအား တိုက်ပွဲများရပ်တန့်ရန် တောင်းဆိုထားပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဟန့်အတားကင်းစွာ ပေးအပ်ခြင်းကို…

  • စစ်ကောင်စီ၏ နမခ ဌာနချုပ် တိုက်ခိုက်ခံရမှုတွင် စစ်တိုင်းမှူးကိုယ်ရေးအရာရှိ ဗိုလ်ကြီးအပါအဝင် ၁၅ ဦးသေဆုံး

    စစ်ကောင်စီ၏ နမခ ဌာနချုပ် တိုက်ခိုက်ခံရမှုတွင် စစ်တိုင်းမှူးကိုယ်ရေးအရာရှိ ဗိုလ်ကြီးအပါအဝင် ၁၅ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ရှော့တိုက်ဒုံးများ ဖြင့်ပစ်ခတ် တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် သေဆုံးသူများရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ ည ၉ နာရီ ၄၇ မိနစ်တွင် Chindwin Rocket Brothers-CRB နှင့် မဟာမိတ်အဖွဲ့များက “ရမခ စစ်ရှုံးပြေး နမခရောက် အရှုံးသမား တိုင်းမှူးဝက်ဘီလူးမျိုးမင်းထွေးအား ဧည့်ခံကြိုဆို” စစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်တိုင်းအတွင်းရှိ တိုင်း ရုံးကြီး၊ တိုင်းမှူးနေထိုင်သည့် အိမ်ရာဝန်း၊ အရာရှိကြီး နေအိမ်ခုနစ်လုံးတန်းဝင်း၊ ငွေစာရင်းရုံးအနီး၊ စစ်ရေးပြကွင်း၊ ဆေးတပ်ရင်း၊ ဇေယျာ သီရိခန်းမ၊ ရိက္ခာဖြန့်ဝေဌာန၊ ရဟတ်…