Category: News

  • ဧရာ၀တီနှင့်ရခိုင် အစပ် ရွှေသောင်ယံမြို့၊ ဘောမိရွာတွင်  AA နှင့် စစ်တပ် တိုက်ပွဲ  ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတချို့ ဆုတ်ခွာသွား

    ဧရာ၀တီနှင့်ရခိုင် အစပ် ရွှေသောင်ယံမြို့၊ ဘောမိရွာတွင် AA နှင့် စစ်တပ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတချို့ ဆုတ်ခွာသွား

    ဧရာ၀တီနှင့်ရခိုင် အစပ် ရွှေသောင်ယံမြို့၊ ဘောမိရွာတွင် AA နှင့် စစ်တပ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတချို့ ဆုတ်ခွာသွားကြောင်း ဒေသသတင်းရင်းမြစ် ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ထိ ဧရာ၀တီတိုင်းနှင့် ဂွမြို့နယ် အစပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ရှိ ဘောမိရွာတွင် အကြမ်း ဖက် စစ်တပ်နှင့် AA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ခုခံ တိုက်ခိုက်နေကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညပိုင်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြိုနယ် ရွှေသောင်ယံမြိုနယ်ခွဲ ဘောမိဘက်မှ အင်အား ၂၅၀…

  • ပန်းတောင်းနှင့် အမ်းမြို့နယ်အစပ် မိုးထိတောင် စစ်တပ်စခန်းကို AA က တိုက်ခိုက်

    ပန်းတောင်းနှင့် အမ်းမြို့နယ်အစပ် မိုးထိတောင် စစ်တပ်စခန်းကို AA က တိုက်ခိုက်နေပြီး စစ်တပ်ဘက်မှ ဒုတပ်ကြပ် ၁ ဦး အပါအဝင် စစ်သည် ၃ ဦးသေဆုံး ခမရ ၅၈၉ တပ်ရင်းမှ ဗိုလ်မှူး နန်းဦးပျောက်ဆုံးနေ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်ရှိ မိုးထိတောင်စစ်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ကြပ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးကာ ခမရ ၅၈၉ မှ ဗိုလ်မှူး နန်းဦး ပျောက်ဆုံးနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်မှ စတင်ပြီး မိုးထိတောင်ရှိ အကြမ်းဖက် စစ်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ် ဘက်မှ နေပြည်တော်…

  • မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးထက်မနည်းသေဆုံးဟုဆို

    မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးထက်မနည်းသေဆုံးဟုဆို

    ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးထက်မနည်းသေဆုံးဟုဆို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးဘေးရှိ အဆောက်အအုံတစ်ခုအတွင်း ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန် ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်း တနေရာရှိ ပြည်သူပိုင်အဆောက်အဦး ၁ လုံးအတွင်း၌ ကင်းပုန်းဝပ်ရန် အကြမ်းဖက်စစ်သား ၂ ဦး ရောက်ရှိလာပြီး စစ်ဆေးကြည့်ရှုခဲ့ကြောင်း၊ ၅ မိနစ်ခန့်အကြာတွင် ယင်းအကြမ်းဖက်စစ်သား ၂ ဦး ပြန်လည်ထွက်သွားပြီးနောက်…

  • အောင်ဇေယျတပ်ကုန်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်  ၆ ဦး ပြင်းထန်ဒဏ်ရာရ

    အောင်ဇေယျတပ်ကုန်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ပြင်းထန်ဒဏ်ရာရ

    အောင်ဇေယျတပ်ကုန်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ပြင်းထန်ဒဏ်ရာရ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် အောင်ဇေယျတပ်ကုန်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဗျူဟာ(၄၇ ) တာဝန်ရှိသူထံက သိရသည်။ ယမန်နေ့ ( ဇန်နဝါရီ ၁၇ ရက်) ညနေ ၃ နာရီအချိန်တွင် မုံရွာ- ယာကြီးလမ်းမဘေးရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို Fixed- Wing ဒရုန်းအမျိုးအစားဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “စစ်တပ်စစ်ဆေးရေးဂိတ်နေရာတွေကို ထောက်လှမ်းမှုတွေ လုပ်ပြီးမှ တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်တွေကို ဒရုန်းအသုံးပြုပြီး တိတိကျကျ ဗုံးကြဲချနိုင်ခဲ့တယ်” ဟု ဗျူဟာ(၄၇) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း…

  • ရွှေ​သောင်ယံမြို့နယ်တိုက်ပွဲတွင် စစ်တပ် စစ်​ကြောင်း တစ်​ကြောင်း ​သေဆုံးထိခိုက်သူအများအပြားဖြင့် တပ်ဆုတ်

    ရွှေ​သောင်ယံမြို့နယ်တိုက်ပွဲတွင် စစ်တပ် စစ်​ကြောင်း တစ်​ကြောင်း ​သေဆုံးထိခိုက်သူအများအပြားဖြင့် တပ်ဆုတ်

    ဂွမြို့နယ်စပ် နှင့် ရွှေသောင်ယံမြို့နယ်အတွင်း ခံစစ်အတွက် စစ်ရေယာဉ်ဖြင့် ပို့‌ဆောင်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သည် သေဆုံးဒဏ်ရာရအများအပြားဖြင့် ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ပြန်ဆုတ်ခွာလာကြောင်း ​စုံစမ်းသိရသည်။ “ဟိုရက်က တက်သွားတဲ့ သင်္ဘော ပြန်ဝင်လာပြီ။ အတိုအပြတ်တွေ အများကြီးပဲ။ ကားတွေနဲ့ တိုက်သယ်နေတယ်။ ဒေသခံတွေရဲ့ စက်လှေတွေ၊ ကားတွေကို ချောဆွဲပြီး သယ်နေတယ်” ဟု ယင်းအခြေအနေကို သိထားသည့် သတင်းရင်းမြစ်ကပြောသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဂွ နှင့် ရွှေသောင်ယံနယ်စပ်၌ တိုက်ပွဲပြင်းထန်နေစဉ် ဇန်နဝါရီ ၈ ရက်၊ ၉ ရက်၊ ၁၀ရက်တို့တွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းအပြင် ခြေလျင်စစ်ကြောင်းဖြင်ပါ အင်အားတိုးခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း သေဆုံးသူများ နှင့် ဒဏ်ရာရသူများကို ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ဇန်နဝါရီလ…