🚨 ပရိသတ်တွေ စိုးရိမ်နေကြတဲ့ ပက်ထရစ်ရှာရဲ့ ဖြစ်ရပ်နဲ့ မိခင်ဖြစ်သူကိုယ်တိုင် အကူညီတောင်းပီ🚨 မော်ဒယ်လ်နဲ့ သရုပ်ဆောင် ပက်ထရစ်ရှာ (Patricia) တစ်ယောက် မလေးရှားနိုင်ငံမှာ အလုပ်ကိစ္စနဲ့ သွားရောက်နေထိုင်စဉ်အတွင်း ဖြစ်ပေါ်နေတဲ့ သတင်းတွေကြောင့် ပရိသတ်တွေသာမက မိသားစုဝင်တွေပါ အထူးစိုးရိမ်ပူပန်နေကြပါတယ်။ ကနဦးမှာ အကူအညီတောင်းခံမှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမအဆင်ပြေကြောင်း ပြန်လည်ပြောဆိုမှုတွေ ထွက်ပေါ်လာတာကြောင့် အခြေအနေက ပိုမိုရှုပ်ထွေးနေတာပါ။ လက်ရှိမှာတော့ ပက်ထရစ်ရှာရဲ့ မိခင်ဖြစ်သူဟာ သမီးဖြစ်သူနဲ့ အဆက်အသွယ် ကောင်းကောင်းမရရှိတော့တဲ့အတွက် စိုးရိမ်စိတ်ကြောင့် နှလုံးရောဂါအခံပါ ပြန်လည်ထကြွလာတယ်လို့ သိရပါတယ်။ သမီးဖြစ်သူထံ ဖုန်းဆက်သွယ်လို့ ရတဲ့အချိန်မှာလည်း အခြေအနေကို မေးမြန်းလိုက်တာနဲ့ ဖုန်းအဆက်အသွယ် ချက်ချင်းပြတ်တောက်သွားတာကြောင့် မိခင်တစ်ယောက်အနေနဲ့ ရင်ထိတ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 📌 သိထားရမယ့် အချက်အလက်များ – ပက်ထရစ်ရှာသည် […]