ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) အမျိုးသမီးရဲဘော် ၂၈ ဦးသည် CNDF ရဲဘော်များနှင့်အတူ ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေကြောင်းသိရသည်။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)သည် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖလမ်းမြို့သိမ်း တိုက်ပွဲကို ဖော်ဆောင်လျက်ရှိရာ CNDF အမျိုးသမီးရဲဘော်များသည် ၎င်းတို့ကျွမ်းကျင်ရာကဏ္ဍ အသီးသီးအလိုက် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။ CNDF အမျိုးသမီးရဲဘော်များသည် ရှေ့တန်းတွင် စနိုက်ပါ ၊ ဒရုန်း၊ ဆေးတပ်သား( Medic team)၊ ဆက်သွယ်ရေးနှင့် လေကြောင်းရန် အသိပေးသည့် နေရာတို့တွင် ကျား၊ မ တန်းတူတာဝန် ထမ်းဆောင်နေကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ ရှေ့တန်းရောက် CNDF အမျိုးသမီးရဲဘော်များ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ CNDF တာဝန်ခံကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပေ။ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက…
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရမ်းကားမှုကြောင့် ထွက်ပြေးလာသည့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများကို ကယ်တင်ထားကြောင်း ဒေါင်းညီနောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ သစ်ခေါက်တောင် စစ်တပ် ကင်းစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာများကို အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးမည်ကို စိုးရိမ်သောကြောင့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများက တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ထို့ကြောင့် အဆိုပါ ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့များက ခေါ်ယူကယ်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။ “သစ်ခေါက်တောင် စစ်ခွေး ကင်းစခန်းအနီးက စစ်ခွေး တွေရဲ့ ရမ်းကားမှုကို ကြောက်လို့ တောတွင်းမှာ တိမ်းရှောင်နေရတဲ့…
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) တို့ ဇန်နဝါရီ ၁၆၊ ၁၇ ရက်များက ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးရာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးနိုင်ရန် ၇ ကြိမ်ခန့်ထိ တွေ့ဆုံခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်က သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကာ MNDAA နှင့် စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုမှာ ယခုဆိုလျှင် ဒုတိယအကြိမ် ဖြစ်သည်။ အပစ်အခတ်ရပ်စဲမှု နောက်ဆက်တွဲအနေဖြင့် MNDAA ထိန်းချုပ်ထားသည့် တရုတ်- မြန်မာ နယ်စပ်ဂိတ်များကို တရုတ် ဘက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သလို MNDAA နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)…
(က) စိမ်းသရဖူစိမ်း တောင်ကျောင်းဆရာတော်နှင့် စိမ်းသရဖူစိမ်း ဒါယကာကျော်တို့ တိုးတိုး တိုးတိုး သဖန်းပိုး လုပ်နေသည်ကို အရွှင်အဘတွေက ကျွန်ုပ်အား မေးဆတ်ပြပါ၏။ “လူတွေကလည်း ခက်တယ် စိမ်းမောင်ရ” “တင်ပါ့ ဘုရာ့” “အခုလို မီးတွေပျက်တော့လည်း အော်လိုက် ညည်းလိုက်ကြတာများ ဆူလို့” “တင်ပါ့ဘုရာ့၊ အဲ့ဒါလည်း ကိုယ့်အပြစ်နဲ့ကိုယ်ပဲပေါ့” “အေးကွ . . . တပ်ချုပ်ကြီးထောက်ပြတာလည်း အဲဒါတွေကိုပဲလေကွာ” “မှန်ပါ့၊ လျှပ်စစ်လိုအပ်ချက်အတွက် ရေကာတာတွေ ဆောက်ဖို့ဟာကို သူတို့တွေပဲ ကန့်ကွက်ခဲ့ကြတာမဟုတ်လား ဘုရား” “အေးလကွာ . . . ဒါကြောင့် တပ်ချုပ်ကြီးက ‘၂၀၀၅ ခုနှစ်ကစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေး စီမံကိန်းတွေ အောင်မြင်ခဲ့မယ်ဆိုရင် အခုအချိန်ဆို တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားတွေ…
အားကိုးအားထားပြုစရာ ကာကွယ်ရေးဦးစီးချုပ် ဆိုသူကလည်း တော်လှန်ရေးတပ်ဖွဲ့များ နေပြည်တော် တံခါးဝ ရောက်လာသည်နှင့် လေယာဉ်ပေါ် တက်ပြေးရန် အဆင်သင့် ပြင်ဆင်နေချိန်တွင် ရင်ဆိုင်တိုက်ပွဲများတွင် ၎င်း၏ သစ္စာခံများကတော့ အသေခံ တိုက်ခိုက်ပေးနေကြဆဲပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် တရုတ်မှ ၎င်းတို့ ပြုတ်ကျသွားသည်အထိ အဖြစ်မခံဟု စိတ်ထဲတွင် စွဲမှတ် ယုံကြည်နေသူ ဖြစ်သည်။ ထို့အတွက်လည်း ကျိုးနွံစွာ ၎င်းတို့ပြောသမျှ လိုက်လုပ်ပြီး နိုင်ငံတဝက်ကိုပင် အုပ်ချုပ်နိုင်စွမ်း မရှိသည်ကို ကမ္ဘာသိ ဖြစ်ပါလျက် သန်းခေါင်စာရင်း ကောက် လူဦးရေ ဘယ်ရွေ့ဘယ်မျှ ရှိနေပါသည်ဟု လိမ်ညာရဲသူ ဖြစ်သည်။ ပြီးခဲ့သည့်နှစ် မတ်လ ၁၈ ရက်နေ့ ရုရှားမီဒီယာနှင့် အင်တာဗျူးတွင် မင်းအောင်လှိုင် ပြောခဲ့သည် တခုက ရယ်စရာအကောင်းဆုံး ဟာသအဖြစ် တင်ကျန်သွားခဲ့သည်။ ၎င်းအား…